ဝမ်းရေးအတွက် အခက်အခဲဖြစ်နေတဲ့ လူရွှင်တော်ကြီး ဦးတိုင်းကျော်အား မြို့ရွှေမန်းသား ဖိုးချစ်နေအိမ်တွင် နေထိုင်ရန် ကမ်းလှမ်း

ဝမ်းရေးအတွက် အခက်အခဲဖြစ်နေတဲ့ လူရွှင်တော်ကြီး ဦးတိုင်းကျော်အား မြို့ရွှေမန်းသား ဖိုးချစ်နေအိမ်တွင် နေထိုင်ရန် ကမ်းလှမ်း
March 25, 2019 Asian Fame

မန္တလေးမြို့ပေါ်တွင် အလှူခံ တောင်းပြီး အသက်မွေးဝမ်းကြောင်း ပြုနေတဲ့ ၇၃ နှစ်အရွယ် လူရွှင်တော် (ဟောင်း) ဦးတိုင်းကျော်ကို မြန်မာ နိုင်ငံသဘင် အစည်းအရုံး (ဗဟို) မှ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့က မတ်လ၊ ၁၈ ရက်ညနေပိုင်းကတွေ့ဆုံပြီး ထောက်ပံ့မှု ပြုလုပ်ခဲ့ပါတယ်။

“သဘင်အစည်းအရုံးက လူကြီးပဲဖြစ်ဖြစ် လူငယ်ပဲဖြစ်ဖြစ် အနုပညာ လှေပေါ်မှာ အတူတူစီးလာတဲ့ ညီအစ်ကိုတွေပေါ် ချန်မထားဘူးဆိုတဲ့ စိတ်ဓာတ်၊ အဲဒါကို ဂုဏ်ယူပါတယ်။ ချီးကျူးလို့ မဆုံးပါဘူး။ အဘက ဘိုး ဘွားရိပ်သာမှာလည်း မနေနိုင်ပါဘူး။ဖိုးချစ်တို့ဆီလည်း လိုက်မနေနိုင်ပါဘူး။ မောင်ဝင်းနောင် ဇာတ်မှာလည်း အဆင်မပြေနိုင်ပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီကအိမ်နဲ့ မြေကလည်း ပစ်ထားလို့မရပါဘူး။ အဘရဲ့ မိန်းမကလည်း ကျန်းမာရေးမကောင်း တာကြောင့်ပါ။ အခုလို ကူညီသွားတော့ အဘက သုံးလေးရက်တော့ အလှူခံထွက် တောင်းစရာမ လိုတော့ဘူး။ မရှိတော့ရင် ထွက်တောင်းရမှာပါ။ ဒီထက်မက တစ်လတာ၊ နှစ်လတာ ကူညီထားပါစေ။ အဘက ဝဋ်ကြွေးရှိလို့ အခုလို ဘဝကိုရောက်ရတာ။ အဲလိုယူဆတဲ့အတွက် တစ်မနက်လေး လောက် သွားပြီး အလှူခံမှာပါ။ အဲဒီရတဲ့ငွေထဲက သံသရာအထုံမပါအောင် ဝဋ်ကြွေးကျေအောင်ဆွမ်း လောင်းပါတယ်” လို့ ဦးတိုင်းကျော်ကပြောပါတယ်။

“ကျွန်တော်တို့ရဲ့ ကမ်းလှမ်းမှုတွေထဲက တစ်ခုလောက်ကိုတော့ ရွေးချယ်စေချင်တာပေါ့။ ဒါပေမဲ့ လူဆိုတာကိုယ့်ရဲ့ လွတ်လပ်ခွင့်နဲ့ ကိုယ်ဖြစ်ပါတယ်။ ကိုယ့်စိတ်ကြိုက် ရွေးချယ်ရမှာဖြစ်ပါတယ်။ အဲဒါ ကြောင့် ဘာမှမပြောလိုပါဘူး။ သူကအဆင်မပြေဘူးဆိုတော့ ကျွန်တော် တို့အားလုံးရင်ထဲ စိတ်မ ကောင်းဖြစ်ရပါတယ်။ အခုသူကို အလှူငွေကန်တော့တယ်။ ပစ်မထားပါဘူး။ ကူညီစောင့်ရှောက်ဖို့ ရင်ထဲမှာရှိပါတယ်” လို့ သဘင်အစည်းအရုံး (ဗဟို) ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးမိုးဝင်းက ပြောပါတယ်။ သဘင်အစည်းအရုံးက ဦးတိုင်းကျော်ကို သဘင်ဘိုးဘွားရိပ်သာမှာ နေထိုင်ဖို့၊ မြန်မာနိုင်ငံသဘင် အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်နေအိမ်မှာ ရာသက်ပန်နေထိုင်ဖို့၊ လူရွှင်တော် ဒိန်းဒေါင်၊ ခင်လှိုင်တို့ရဲ့ လူရွှင်တော်ပရဟိတအဖွဲ့ကလည်း သူတို့ဆီလာနေဖို့နဲ့ ဝင်းနောင်ယဉ် ကျေးမှုသဘင်အဖွဲ့နဲ့ ကပြဖို့၊ စတဲ့အချက်များကိုကမ်းလှမ်းခဲ့ပြီး သဘင်အစည်းအရုံး၏ သက်ကြီးပူဇော်ငွေ ကျပ်တစ် သိန်းထောက်ပံ့ပေးခဲ့ ကြောင်း သိရပါတယ်။

ချမ်းသာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*