Heineken Beer
Heineken Beer

မီ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သတ်ပြီး အများကြီးမမျှော်လင့်ခဲ့ဘူး ဆိုတဲ့ အကယ်ဒမီ ပိုင်ဖြိုးသု

မီ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သတ်ပြီး အများကြီးမမျှော်လင့်ခဲ့ဘူး ဆိုတဲ့ အကယ်ဒမီ ပိုင်ဖြိုးသု
March 25, 2019 Asian Fame

ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေရရှိထားသူကတော့ အကယ်ဒမီပိုင်ဖြိုးသုပါ။ သူ့အတွက် ဒီနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ)ပေးပွဲကို ခင်ပွန်းနဲ့အတူ တက်ခွင့်ရတဲ့အတွက် ပျော်ရွှင်ရကြောင်းကိုလည်း သရုပ်ဆောင်ပိုင်ဖြိုးသု က ခုလိုပြောပြခဲ့ပါတယ်။. . .

“သုသုတို့နှစ်ယောက်အတွက် ဒီနှစ်အကယ်ဒမီက ပထမဆုံးနှစ်ယောက်အတူတက်ခွင့်ရတာပေါ့။နှစ်ယောက်အတူ ရိုက်ကူးခဲ့တဲ့ရုပ်ရှင်ကားလည်း ဒီနှစ်မှာရုံတင်ပြီး နှစ်ယောက်အတူတက်ရတဲ့အတွက် အရမ်းပျော်စရာကောင်းပါတယ်။ ပြီးတော့ သုမေမေရယ် သုံးယောက်ပေါ့။” လို့ ပြောပြခဲ့ပါတယ်။
မီရုပ်ရှင်ဇာတ်ကားနဲ့ပတ်သတ်ပြီး အများကြီး မမျှော်လင့်ခဲ့ပါဘူးလို့ ပြောလာတဲ့သရုပ်ဆောင်ပိုင်ဖြိုးသုက. . .

“သု အကယ်ဒမီက အများကြီး မမျှော်လင့်ထားဘူး။ဘာလို့လဲဆိုတော့ ဒီနှစ်မှာ ကားကောင်းတွေအရမ်းများတယ်။အားလုံးတော်တဲ့ ကောင်းတဲ့သူတွေကြီးပဲလေ။ သူကအရင်ကတည်းက ဘ၀မှာ ဘာကြီးဖြစ်ချင်တယ်၊ဘာကြီးဖြစ်ရမယ်ဆိုပြီး အကြီးကြီးတွေ မမျှော်လင့်တတ်ဘူး။ရလာမှ ဖြစ်လာမှ ပျော်စရာရှိရင်ပျော်တယ်။ သုတို့ အလုပ်က အဓိက ပရိသတ်က အသိအမှတ်ပြုပေးတယ်။လက်ခံပေးတယ်။သူတို့အကယ်ဒမီရပါစေလို့ ဆုတောင်းပေးကြတာ ဘာဘဲပြောပြော ကိုယ့်အပေါ်မေတ္တာရှိလို့ပေါ့။ ပရိသတ်က အဲ့လိုပြောတဲ့အတွက်လည်း သုအရမ်းလည်း ၀မ်းသာပါတယ်။ကျေးဇူးလည်းတင်ပါတယ်။ မီဇာတ်ကားနဲ့ပတ်သတ်ရင်လည်း သု အရမ်းကြီး မမျှော်လင့်ထားဘူး။ဒါပေမယ့် ပရိသတ်ကိုတော့ အရမ်းကျေးဇူးတင်တယ်။ရုံတင်တုန်းကလည်း ပရိသတ်တွေအားပေးခဲ့ကြတယ်။ပြဿနာလေးတွေရှိလာတော့လည်း ပရိသတ်တွေရော လုပ်ဖော်ကိုင်ဖက် ရုပ်ရှင်လောကသားတွေရော အားပေးခဲ့ကြတယ်။ကျေးဇူးရှိတယ်လို့ ခံစားရတယ်။” လို့ ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*