Heineken Beer
Heineken Beer

ယခုနှစ် ပဲခူးရွှေမော်ဓော ဘုရားပွဲတော်ကြီးတွင် ဖိုးချစ်၊ ဟန်ဇာမိုးဝင်း၊ စွမ်းတို့ ကပြမည်

ယခုနှစ် ပဲခူးရွှေမော်ဓော ဘုရားပွဲတော်ကြီးတွင် ဖိုးချစ်၊ ဟန်ဇာမိုးဝင်း၊ စွမ်းတို့ ကပြမည်
March 21, 2019 Asian Fame

နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ပဲခူးရွှေ မော်ဓောဘုရားကြီး ဗုဒ္ဓပူဇနိယပွဲ တော်ကြီးကို ဧပြီလထဲမှာ ကျင်းပပြု လုပ်တော့မှာပဲဖြစ်ပါတယ်။ ဒီပွဲတော် ကြီးကတော့ အောက်မြန်မာပြည် အတွက် အကြီးကျယ်ဆုံး ပွဲတော်ကြီး တွေထဲက တစ်ခုပဲဖြစ်ပြီး ဘုရားဖူး လာ ဧည့်သည်တွေနဲ့ နှစ်စဉ်စည် ကားလေ့ရှိတဲ့ ပွဲတော်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ သင်္ကြန် တွင်းနဲ့ ပွဲတော်ရက်တိုက်ဆိုင်ပြီး သင်္ကြန်ကာလမှာ ပြုလုပ်မှာဖြစ်ပါ တယ်။ အဆိုပါပွဲတော်ကိုတော့ ပဲခူး မြို့ခံတွေအပြင် အနီးအနား မြို့ တွေက ဘုရားဖူးဧည့်သည်များအပြင် ရန်ကုန်က ဘုရားဖူးဧည်သည်တွေ ပါ သွားရောက်ကြလေ့ရှိတဲ့ ပွဲတော် ကြီးတစ်ခုပါ။ ပွဲတော်မကျင်းပခင် မှာတော့ ပွဲတော်မှာကပြဖို့ ဇာတ်ရုံ မြေနေရာ လေလံပွဲကို ပြုလုပ်ကြလေ့ ရှိပါတယ်။ အခုနှစ်အတွက် ပွဲတော် မှာ ကပြဖို့ ဇာတ်ရုံမြေနေရာရရှိရေး အတွက် ဆွေးနွေးညှိနှိုင်းမှုကိုတော့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။ အဆိုပါဆွေးနွေးညှိနှိုင်းမှုကိုတော့ ဇာတ်အဖွဲ့ အသီးသီးမှ မန်နေဂျာတွေက တက် ရောက်ကြပြီး ဇာတ်ရုံနေရာအတွက်ညှိနှိုင်းဆွေးနွေးကြလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ ဇာတ်ရုံအမှတ်(၁)မှာ စွမ်းဇာနည်ဇာတ်အဖွဲ့၊ ဇာတ်ရုံ အ မှတ် (၃) မှာ မြို့ရွှေမန်းသားဖိုးချစ်တို့ ဇာတ်အလှသဘင်၊ ဇာတ်ရုံအမှတ် (၄) မှာ ဟန်ဇာမိုးဝင်း၊ အဂ္ဂါမိုးဝင်း၊ နေမိုးဝင်းတို့ရဲ့ စံပြသဘင်၊ ဇာတ်ရုံ အမှတ် (၅)မှာ မိုးကြိုးငှက်ငယ် တေး ပဒေသာကပွဲတို့က ဧပြီလ ၁၄ ရက် နေ့မှာ စတင်ကပြဖြစ်တယ်လို့ သိရပါ တယ်။ ဒီနှစ်မှာတော့ ဇာတ်ရုံ အမှတ် (၂) မှာ ဇာတ်ပွဲမရှိဘူးလို့လည်း သိရ ပါတယ်။

ပွဲတော်ကြီးနီးပြီဆိုတာနဲ့ ပွဲ တော်ကြီးမှာ ကပြဖို့အတွက် ဇာတ် အဖွဲ့တွေကလည်း ကြိုတင်ပြင်ဆင် မှုတွေပြုလုပ်နေကြပြီလည်း ဖြစ်ပါ တယ်။ ဇာတ်အဖွဲ့တွေအတွက်က တော့ ပဲခူးပွဲတော်ကြီးက အားထားရာ ပွဲတော်ကြီးတစ်ခုဖြစ်တဲ့အတွက် တင် ဆက်မှုအသစ်တွေကို ရွေးချယ်ကာ တင်ဆက်ကြလေ့ရှိပါတယ်။ ဒါ့အပြင် ဇာတ်ရုံပြင်ဆင်မှုပိုင်းကိုလည်း ခမ်း နားကြီးကျယ်စွာ တည်ဆောက်ကြ လေ့ရှိပြီး တစ်နှစ်နဲ့တစ်နှစ်မတူအောင်လည်း ဇာတ် ရုံကို ပြင်ဆင်မွမ်းမံလေ့ ရှိကြပါတယ်။ ဒါကြောင့်လည်း ဇာတ်အဖွဲ့တွေအနေနဲ့ အကုန်အကျ တော်တော်များ လေ့ရှိပါတယ်။ ဒါကလည်း ပရိသတ်တွေကို သူတို့ရဲ့ တင်ဆက်မှုတွေနဲ့အတူ ခမ်းနားလှတဲ့ ဇာတ်ရုံအပြင် အဆင်တွေကို မြင်တွေ့ကြည့်ရှုခံစားကြစေချင်လိုတဲ့ စိတ်တွေကြောင့်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ် ပဲခူးပွဲတော်ကြီးမှာတော့ ဇာတ်တွေရဲ့ အသစ်အသစ် သော ပြောင်းလဲမှုတွေကိုဘယ်လိုမြင်တွေ့ကြရဦးမလဲ ဆိုတာကို စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*