Heineken Beer
Heineken Beer

ကျပ်သိန်း ၈ဝဝ ကျော် အသုံးပြုသွားမယ့် အကယ်ဒမီဆုပေးပွဲပြင်ဆင်မှုအကြောင်းနဲ့ပတ်သက်ပြီးဂျွန်လွင်ပြောပြ

ကျပ်သိန်း ၈ဝဝ ကျော် အသုံးပြုသွားမယ့် အကယ်ဒမီဆုပေးပွဲပြင်ဆင်မှုအကြောင်းနဲ့ပတ်သက်ပြီးဂျွန်လွင်ပြောပြ
March 21, 2019 Asian Fame

အခုနှစ် မတ် ၂၃ ရက်နေ့မှာ ကျင်းပပြုလုပ်တော့မှာဖြစ်တဲ့ မြန်မာ့ ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေး အပ် ပွဲကြီးကို ရန်ကုန်မြို့The One Entertainment ထဲမှာ ကျင်းပ ပြုလုပ်သွားတော့မှာ ဖြစ်တာနဲ့အညီ စင်မြင့်တည်ဆောက်ခြင်း လုပ်ငန်း ဆောင်တာတွေကိုတော့ နာမည် ကျော်ပွဲစီစဉ်သူ ဂျွန်လွင် (Star Event Production) နဲ့ Bo Bo Entertainment က ကိုဘိုစန်း တို့ကနေပြီး ပူးပေါင်းဆောက်ရွက် တည်ဆောက်သွားကြမှာဖြစ်ပါတယ်။ ဂျွန်လွင်ကတော့ အကယ်ဒမီ ပွဲစင် မြင့်တည်ဆောက်တဲ့အပိုင်းမှာ အရင် နှစ်တွေတုန်းက အတွေ့အကြုံ ကောင်းတွေ ရှိထားခဲ့တာမို့ အခုနှစ် အကယ်ဒမီ စင်မြင့်ကိုလည်း အ ကောင်းဆုံး ပုံစံဖြစ်အောင် တည် ဆောက်သွားမှာ ဖြစ်တယ်လို့ ပြော ပြထားတယ်။
အရင်နှစ်တွေနဲ့ မတူတော့တာ ကတော့ အခုနှစ် အကယ်ဒမီစင်မြင့် တည်ဆောက်ရေးစရိတ်ကို ကျပ်သိန်း ၈ဝဝ ကျော်လောက်သာ သုံးစွဲသွား မှာ ဖြစ်တာပါပဲ။ ဒါပေမယ့်လည်း ဂျွန်လွင်ကတော့ ပေးအပ်သုံးစွဲခွင့်ပြု တဲ့ ဘတ်ဂျတ်အတွင်း အကောင်းဆုံး ပုံစံဖြစ်အောင်လုပ် ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

“ဒီနှစ်က ငွေရေးကြေးရေးမှာ ချုံ့ထားပါတယ်။ စပွန်ဆာလုပ်တဲ့ ကုမ္ပဏီတွေကလည်း ငွေရေးကြေး ရေး အခက်အခဲတွေရှိကြတယ်။ သူ တို့ပေးအပ်ထားတဲ့ အပေါ်မှာပဲ ကျွန် တော်တို့က အကောင်းဆုံး ကျင်းပ ပေးဖို့ လုပ်ထားပါတယ်။ ဒီလိုပွဲကြီးကို သူတို့ချထားပေးတဲ့ ဘတ်ဂျတ် သိန်း ၈ဝဝ ဆိုတာက ကျွန်တော် ကုမ္ပဏီ တစ်ပွဲ ကိုင်စရာတောင် မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့က လုပ် ပြချင်တဲ့ စိတ်ကြောင့်သာ လုပ်ပြနေ တာ ဖြစ်တယ်။ ကျွန်တော်တို့အတွက် အကျိုးအမြတ် လုပ်ပိုင်ခွင့်တစ်ခုကို ရတဲ့အတွက်ကြောင့် လုပ်ပြမယ် ဆို တဲ့အရာကိုပဲ လုပ်ခဲ့တာပါ။ ကျွန် တော် ပွဲစီစဉ်တဲ့ အလုပ်ကို မိုးလင်းမိုး ချုပ်လုပ်ခဲ့တာချည်းပဲ။ တချို့ပွဲ ကိုက် ခဲ့တာရှိတယ် တချို့ပွဲ မကိုက်ခဲ့တာ ရှိတယ်။ အမျိုးသမီးရေးရာ ပွဲတုန်း က ဆိုရင် ကျွန်တော် တစ်ကျပ် တစ်ပြားမှတောင် မယူပဲနဲ့ လုပ်ခဲ့ တာဖြစ်တယ်။ ဒါဟာ လုပ်ပေး သင့်တယ် ထင်လို့ပါ။ လုပ်ပေးသင့် တယ်ထင်တဲ့ ဘယ်အရာ မဆို ကျွန် တော် ရအောင်လုပ်ပေးပါတယ်။ ကျွန်တော့်ဘဝမှာ ငွေရေး ကြေးရေး ထက် ဘဝမှာ လုပ်ပေးသင့်တာ တွေကို လုပ်ပေးခဲ့တာတွေ ရှိပါ တယ်” လို့ ဂျွန်လွင်က ပြောပြပေး ပါတယ်။

ပြီးတော့ ရုပ်ရှင်ဥက္ကဋ္ဌ ဦးဇင် ဝိုင်း တောင်းဆိုထားတာ တစ်ခုရှိ တာက အရမ်းကို ဖျော်ဖြေမှုဆန်တဲ့ ဘက်ကိုမရောက်ပဲနဲ့ Formal ဆုပေး တဲ့ ရုပ်ရှင်မိသားစုရဲ့ ပွဲဆိုပြီးတော့ လုပ်ပေးပါလို့ ပြောထားတဲ့အတွက် အဲ့ဘက်ကို ဦးတည်ပြီးလုပ်ဆောင် ပေးသွားမှာဖြစ်တယ်လို့လည်း ဂျွန် လွင်က ဆိုထားပါတယ်။

“ဘာလို့ဆိုရင် ဒီပွဲမှာ ကျွန် တော်တို့သဘောနဲ့ ကျွန်တော်တို့ လုပ်ချင်တိုင်း လုပ်ပိုင်ခွင့်မရှိပါဘူး။ ဦးဆောင်မှုတွေရဲ့ အောက်မှာ ကျွန် တော်တို့က အကောင်းဆုံး ဖြစ် အောင်လုပ်ပေးရမှာပါ။ စင်မြင့်ကို တော့ ၁၇ ရက်နေ့ကနေ စပြီးတော့ စဆောက်ပါမယ်။ စတိတ်တွေ၊ မီး အသုံးစရိတ်တွေ၊ အခွန်တွေ အပါ အဝင်ကို ကျပ်သိန်း ၈၈ဝ အတွင်း အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အမှန် ဆိုရင်တော့ ပွဲတစ်ခုလုပ်တယ် ဆို တာလေ အနည်းဆုံး ၂ လ လောက် ကြိုတင်ပြီးတော့ ပြင်ဆင်ရတယ်။ အခုကတော့ အချိန်တိုအတွင်းမှာ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်” လို့ ဂျွန်လွင်က ပြောပြပေးပါတယ်။

ထက်လူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*