မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့၊ သဲပုံစေတီပွဲတော်နှင့် တပေါင်းပွဲတော်

မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့၊ သဲပုံစေတီပွဲတော်နှင့် တပေါင်းပွဲတော်
March 19, 2019 Asian Fame
မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့၊ သဲပုံစေတီပွဲတော်နှင့် တပေါင်းပွဲတော်

မြန်မာတို့ တစ်ဆယ့်တစ်လ မြောက် တပို့တွဲလကုန်၍ တစ်ဆယ့် နှစ်လမြောက် တပေါင်းလသို့ ကူး ပြောင်းလာခဲ့ပြီဖြစ်သည်။ တပေါင်း လ၏ ပထမလဝက်သည် ဆောင်းရာ သီတွင် ကျရောက်၍ ဒုတိယလဝက် သည် နွေရာသီတွင် ကျရောက်သည် ဖြစ်၍ ဆောင်းကူးနွေစသာယာလှပ သော ရာသီဖြစ်သည်။

ဤသို့သာယာလှသည့်တပေါင်း လပြည့်နေ့တွင် ဗုဒ္ဓမြတ်စွာသည် ကပိလဝတ်နေပြည်တော်သို့ ကြွ ရောက်တော်မူခဲ့ခြင်းကြောင့်၊ တပေါင်းလပြည့် မြတ်ဗုဒ္ဓပြည်တော် ဝင် အခါတော်နေ့ဟူ၍ ဗုဒ္ဓဘာသာ ဝင်တို့သည် အထွတ်အမြတ်ထားကြ သည်။

တပေါင်းလပြည့်နေ့ကို ဗုဒ္ဓပြည် တော်ဝင်အခါတော်နေ့ အထိမ်းအ မှတ်အဖြစ် ကျင်းပခြင်းမှာ ထိုနေ့တွင် ကာဠုဒါယီမထေရ်မြတ်သည် ကပိလ ဝတ်နေပြည်တော်သို့ ကြွရောက်တော် မူရန် လျှောက်ထားသည်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။ ကာဠုဒါယီမထေရ်မြတ် လျှောက်ထားရာတွင် တပေါင်းလ၏ သာယာပုံကို ရှင်အုန်းညိုရေးခဲ့သော ဂါထာခြောက်ဆယ်မှ စာပိုဒ်တွင် –
“လူ့ဘုံသုံးပါး၊ အထွတ်ထား၍၊ တရားရလာ မြိုက်သြဇာဖြင့်၊ သတ္တဝါ လူ၊ ခပ်သိမ်းသူကို၊ ဆယ်ယူကယ်နိုင်၊ ရွှေပြည်ခိုင်သို့တိုင်တိုင် ဘေးလွတ်၊ ပို့ပေးတတ်သည်။ လူစု၏ ဆရာ၊ ရတနာဟု၊ မဟာဝီရ၊ လုံ့လအခေါင်၊ ဗောဓိညောင်၌၊ ခြောက်ရောင်လျှံဝါ၊ Óဏ်စနှင့်၊ သစ္စာရဲရဲ ပွင့်ဆဲဆဲလျှင်၊ အံ့အဲမနိုင်၊ ဆွယ်ပြိုင်နှိုင်းဖော်၊ တုမ မြော်သည် ဘုန်းတော်ထွန်းလစ်၊ မြတ်ရှင်ချစ်။

အဖြစ်ကြောင်းလျာမှာ စကား ကို ဦးဖျားထိပ်ထက်၊ ကြားလျှောက် ဆက်အံ့၊ ဖွားချက်မြှုပ်ထွေ၊ ဇာတိနေ သား၊ အောင်မြေပြည်မ၊ ကပိလတွင်၊ မွေးဘသုဒ္ဓေါ်၊ တကာတော်နှင့် ယ သော်ဓရာ၊ ဗိမ္ဗာမြောက်သား၊ သည်း ခြာရာဟု၊ မျှော်ရာရှလျက်၊ တစ်စု တစ်ရုံး၊ ပန်းနွယ်ကုန်းမျှ၊ သက်လုံး မေတ္တာ၊ ပြက်ကြင်နာသော်၊ ဖူးပါ လှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊ မျက်ယမ်းထိထိ၊ မြော် ချင်ဘိဟု၊ ကြားသိတုံလို၊ တသောင်း ဗိုလ်တွင်၊ ကျန့်ကို ချောက်ဆင့်၊ ချီး ပင့်ရရှာ၊ ဤအခါ ကား၊ ဟေမာချမ်း ဆောင်း၊ြ<ွကလဲ ပြောင်းသား၊ တ ပေါင်းနွေလ၊ ဂိမ္မာန ဟု၊ သာလှပျော် မှု၊ သည်ရာတု၌၊ ညွန့်နုဆဲဆဲ၊ မီးလျှံ ခဲသို့၊ ရဲရဲပြောင်ပြောင် တောကုန် အောင်လည်း ပွင့်ရောင်တိချည်း၊ ခမည်းတော်ကောင်း ပြည်တော် ဟောင်းသို့ ပူးပေါင်းစိမ့်ငှာ၊ တောင်း၊ ပန်ထွာသည်၊ သွားခါကာလ တန်ပြီ ဘုရား”ဟူ၍ လျှောက်ထားခဲ့ ကြောင်း ဖွဲ့ဆိုထားပေသည်။ ကာဠု ဒါလီမထေရ်မြတ်၏ လျှောက်ထား ချက်အရ မြတ်စွာဘုရားသည်ရဟန္တာ ပေါင်း နှစ်သောင်းခြံရံလျက် မဟာ သက္ကရာဇ် ၁ဝ၃ ခုနှစ်၊ တပေါင်းလ ပြည့်ကျော် (၁) ရက်နေ့တွင် ရာဇ ဂြိုဟ်မြို့မှ ယူဇနာ ၆ဝ ကွာဝေးသော ကပိလဝတ်ပြည်တော်သို့ ဒေသစာရီ ကြွချီတော်မူခဲ့သည်။ သို့ကြောင့် သာ သနာတော် သမိုင်းတွင် မြတ်စွာဘု ရားသည် ကပိလဝတ်သို့ ကြွတော်မူ ခြင်းကြောင့် အကျိုး ၁၁ ပါးဖြစ်ပေါ် လာခဲ့သည်။ (၁) နိဂြောဓာရာကျောင်း တော်ကြီး ပေါ်ပေါက်လာခြင်း၊ (၂) သာကီဝင်မင်းမျိုးတို့၏ မာန်စွယ်ကို နုတ်ပယ်သောအားဖြင့် ပေါက္ခရဝဿ မိုးကို ရွာသွန်းစေခြင်း၊ (၃) ဂါထာ တော်တစ်ထောင်ဖြင့် တန်ဆာဆင် အပ်သော ဝေဿန္တရာဇာတ်တော်ကြီး ကို ဟောကြားတော်မူခြင်း၊ (၄) မဟာဓမ္မပါလဇာတ်တော်ကြီးကို နာ ကြားရ၍ ခမည်းတော် သုဒ္ဓေါနမင်း ကြီး “အနာဂါမ်”တည်ပြီး၊ နောင်အခါ အရဟတ္တဖိုလ်တည်ခြင်း (၅) မိထွေး တော် ဂေါတမီသောတပန်တည်ခြင်း၊ နောင်သောအခါ ဘိက္ခုနီသာသနာ ထူထောင်ခွင့်ကြုံခြင်း၊ (၆) ယသော် ဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီ ဇာတ်တော်ကြီး ဟောကြားခြင်း၊ (၇) ဇနပဒကလျာဏီ၏ ကြင်ယာတော် ညီတော်မင်းနန္ဒရဟန်းဖြစ်ခြင်း၊ (၈) သားတော်ရာဟုလာအမွေတောင်း၍ သာမဏေဘဝသို့ ချီးမြှင့်ခြင်း၊ (၉) သာကီဝင်မင်းမျိုးမှ မင်းသားတစ် ထောင်ရဟန်းဘောင်သို့ ရောက်ခြင်း၊ (၁ဝ) ကာဠုဒါယီမထေရ်အား ဆွေ မျိုးတော်တို့အား မြတ်စွာဘုရားကို ကြည်ညိုစေရန် စွမ်းဆောင်ရာ၌ အမြတ်ဆုံးဘွဲ့ “ကုလပ္ပသာဒဧတဒဂ် ကို ချီးမြှင့်တော်မူခြင်း၊ (၁၁) အရှင် သာရိပုတ္တရာ လျှောက်ထား၍ ဗုဒ္ဓ ဝင်ဒေသနာကို ဟောကြားခြင်းစ သော အကျိုးဆက်များ ဖြစ်ပေသည်။

တပေါင်းလ၏ မြန်မာ့ယဉ်ကျေး မှုပွဲတော်သည် “သဲပုံစေတီပွဲတော်” ဖြစ်သည်။ ဗုဒ္ဓသာသနိက ကျမ်းများ တွင် သဲပုံစေတီတည်ထားကိုးကွယ် ခြင်းသည် ရှေးကမ္ဘာအသင်္ချေကပင် ရှိခဲ့သော ဘာသာယဉ်ကျေးမှုဖြစ် သည်ဟု ဖော်ပြထား၏။
သဲပုံစေတီတော်ဖြစ်ပေါ်လာပုံ ကို အပဒါန်ပါဠိတော် ပုလိနုပ္ပါဒက မထေရ်အပဒါန်၌ –

ရှေးလွန်လေပြီးသော ကမ္ဘာ တစ်သိန်းကာလတွင် ဒေဝလမည် သော ရသေ့တစ်ပါးသည် ဟိမဝန္တာ တောင်တွင် နတ်တို့ ဖန်ဆင်းပေး သော ကျောင်းသင်္ခမ်း၌ တပည့် ထောင်သောင်းမကဖြင့် နေထိုင် သည်။ အခါတစ်ပါး၌ ရသေ့ကြီးသည် ကျောင်းသင်္ခမ်းမှ ထွက်၍သဲများကို စေတီပြုပြီး (ဝါ) သဲပုံစေတီတည်ပြီး ပန်းအမျိုးမျိုးတို့ဖြင့် ပူဇော်၏။ သဲပုံ စေတီ၌ မြတ်စွာဘုရားတို့၏ ဂုဏ် တော်အာရုံနိမိတ်ကို ယူ၍ ကြည်လင် သန့်စင်သော စိတ်ဓာတ်ကို ဖြစ်စေ လျက် ကျောင်းသင်္ခမ်းသို့ ပြန်၏။ တပည့်များက မေးကြသည့်အခါ

“သဗ္ဗညုတဥာဏ်ရှင်ဘုရားသခင်ကို ရည်မှန်း၍ သဲပုံစေတီတော်တည်ထား ကိုးကွယ်ခြင်းဖြစ်ကြောင်းနှင့် မြတ် ဘုရား၏ လက္ခဏာတော်များနှင့် အံ့ ဖွယ်ရာသဘောဓမ္မတာများ၊ ဂုဏ် ကျေးဇူးတော်များနှင့် အကျင့်သီလ များကို ကြည်ညိုဘွယ်မိန့်ကြားတော် မူသည်။ ထိုအခါ တပည့်အပေါင်းတို့ သည်လည်း ဘုရားရှင်တို့၌ ယုံကြည် လေးစားသော စိတ်ထားဖြင့် သဲပုံစေ တီတော်ကို အကြိမ်ကြိမ် ပူဇော်ကြ သည်။

ထို့အပြင် ပုလိနထူပိလမထေရ် အတ္ထုပ္ပတ္တိ၌ မထေရ်လောင်း နာရဒ ရှင်ရသေ့သည် လူအားလုံး၏ ပူဇော် မှုခံယူရသော်လည်း ကိုယ်တိုင်မှာ ပူ ဇော်ရန် မရှိသည်ကို စဉ်းစားမိ၍ အလေးပြုပူဇော်ထိုက်သည့် ဆရာကို ရှာခြင်းအဖြစ် ကျောင်းသင်္ခမ်းအနီး ရှိ အမရိကမြစ်ငယ်၌ သဲပုံစေတီ တစ်ဆူကို တည်၏။

ထိုနောက် ပရိနိဗ္ဗာန်စံဝင် တော်မူကြကုန်သော မြတ်စွာဘုရား တို့၏ စေတီပုထိုးများသည် ဤသဲပုံ စေတီကဲ့သို့ပင် ဖြစ် လိမ့်မည်ဟု ဘုရားစေတီဟူသော နိမိတ်အာရုံယူ ကာ ရွှေဆည်းလည်း သုံးထောင် တို့ဖြင့် စေတီတော်ကို ပူဇော်၏။ သဲပုံစေတီတော်ကို သက်တော်ထင် ရှားဘုရားသခင်ဟူသော အမှတ် အာရုံဖြင့် ညဥ့်နံနက်ရှိခိုးပူ ဇော်လေ သည်။
ဤသို့ ဗုဒ္ဓဘာသာလာ ဘာသာ ကိုးကွယ်ဆည်းကပ်မှုကို အတုယူ၍ ရှေးမြန်မာလူမျိုးတို့သည် မြန်မာ့ယဉ် ကျေးမှုအစဉ်အလာတစ်ခုအဖြစ် မြစ် ချောင်းများ၌ သဲအလွယ်တကူရနိုင် သည့် တပေါင်းလရာသီ သဲပုံစေတီ ပွဲတော်ကို ဆင်ယင်ကျင်းပခဲ့ကြခြင်း ဖြစ်ပေသည်။

သဲပုံစေတီပွဲတော်သည် ဗုဒ္ဓဘာ သာမှ ဆင်းသက်လာသည့် မြန်မာ့ ယဉ်ကျေးမှုပွဲတော်ဖြစ်သဖြင့် မြန်မာ နိုင်ငံတွင် ဗုဒ္ဓသာသနာစတင်ထွန်း ကားလာချိန်၌ကပင် ရှိခဲ့သော ပွဲတော်ဟု ပညာရှင်တို့က ယူဆကြ သည်။ “လှည်းဝင်ရိုးသံ၊ တညံညံ၊ ပုဂံဘုရားပေါင်း”ဟူသော ဆောင်ပုဒ် နှင့်အညီ ပုဂံခေတ်တွင် အမြောက် အမြားတည် ထားကိုးကွယ်ကြသည့် စေတီပုထိုးများကို ယနေ့တိုင် ဖူး မြော်နိုင်လျက်ရှိရာ၊ သဲပုံစေတီပွဲ တော်သည် ပုဂံခေတ်သို့မဟုတ် ပုဂံခေတ်မတိုင်မီကပင် ပေါ်ပေါက် လာသည့် ပွဲတော်ဟု ဆိုနိုင်ကြောင်း၊ အနော်ရထာမင်းစောသည် ပုဂံမြို့ အနီး ဧရာဝတီမြစ်ကမ်း သဲခုံတွင် စွယ်တော်မြတ်ကို ဌာပနာ၍ စေတီ တော်ကြီးတစ်ဆူတည်ထားခဲ့ရာ၊ ထိုစေတီတော်ကြီးမှာ သဲခုံပေါ်တွင် တည်ထားသဖြင့် ရွှေစည်းခုံစေတီ” ဟု ဘွဲ့အမည်ဆက်ကပ်ခဲ့ကြောင်း ဆိုကြသည်။ (စည်းခုံ =စဲခုံ = သဲခုံ။ သလွန် = စလွန်၊ သလဲ = စလဲ စသည်တို့ကဲ့သို့ သ = နှင့် စငြောင်း သည်။)

သို့သော် သဲပုံစေတီပွဲတော် အကြောင်းကို အင်းဝခေတ် စာဆို အကျော် ရှင်မဟာသီလဝံသ ဖွဲ့ဆိုခဲ့ သည့် ပုဒ္ဓုပ္ပတ္တိပျို့၊ တပေါင်းလဘွဲ့ တွင် “ငါးတန် ငါးကြင်း၊ ရွှေတသင်း တို့၊ မြစ်တွင်း မြူးပျော်၊ ဇင်ယော်မြစ် တွေး၊ ချစ်သံလေးနှင့်၊ ရေကျေး၊ ရေ ငှက်၊ စက္ကဝက် ဟင်္သာ၊ ငှက်တကာ လည်း၊ ဘာသာကျူးကြော်၊ မြူးပျော် ကြတုံ၊ ငွေသောင်ခုံဝယ်၊ သဲပုံစေတီ၊ ပွဲတော်တည်း”ဟု ဖွဲ့ဆိုခဲ့ခြင်းကြောင့် အင်းဝခေတ်၌မူ သဲပုံစေတီပွဲတော်ရှိ နေပြီဖြစ်ကြောင်း အခိုင်အမာဆိုကြ သည်။

မြန်မာနိုင်ငံတွင် တပေါင်းလသို့ ရောက်လျှင် မြစ်များ၊ ချောင်းများ၌ ရေစစ်ကာ သဲခုံ၊ သောင်ခုံဖြူဖြူဖွေး ဖွေးကလေးများ ပေါ်ထွန်းလေ့ရှိ သည်။ ထို့ပြင် တောင်သူဦးကြီးတို့ လယ်ယာထွက်သီးနှံများ ရောင်းချ ချိန် ငွေစရွှင်သည့် ရာသီဖြစ်သည်။ လယ်ယာလုပ်ငန်းများ ပြီးစီး၍ လုပ် ငန်းခွင်မှ အနားယူချိန်လည်းဖြစ် သည်။ ဤသို့အကြောင်း ညီညွတ် သော အချိန်အခါ တပေါင်းလရာသီ ပွဲတော်အဖြစ် သဲပုံစေတီပွဲတော်ကို မြန်မာဘုရင်များသည် ရွှေနန်းတော် ကြီးမှသည် ကျေးလက်တောရွာများ အထိ ခြိမ့်ခြိမ့်သဲဆင်နွှဲကျင်းပခဲ့ကြ သည်။ မင်းမိဖုရားနှစ်ပါးတို့သည် မင်းညီမင်းသား၊ မှူးတော်မတ်တော် များနှင့်အတူ သောင်ပြင်သို့ ထွက်စံ တော်မူပြီး သဲပုံစေတီတော်များတည် ၍ ပူဇော်ကန်တော့ကြလျက် ပွဲလမ်း သဘင်ဆင်ယင်ကျင်းပကြသည်။

ရှေးအခါက သဲပုံစေတီများ မူလတည်ထားစအချိန်တွင် အုတ် များဖြင့် မတည်ကြဘဲ ရိုင်ပတ်ဆင့် ပြီး တည်ထားသည်။ ရိုင်ပတ်များကို အဆင့်ငါးဆင့်တည်ဆောက်ကြ သည်။ မြင်းမိုရ်တောင်ရှိ အာလိန်ငါး ဆင့်ကို ရည်မှန်းတည်ထားခြင်းဖြစ် သည်။ ထိုရိုင်ပတ်ငါးဆင့် (အာလိန် ငါးဆင့်)တွင် သန့်စင်သော သဲများ ဖြင့် အပြည့်သိပ်ရသည်။ ပြီးလျှင် တံ ခွန်ကုက္ကား လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်၍ အလှူအတန်းများ ပြုလုပ် ကြသည်။ ထိုနောက်နှစ်ကာလကြာ လာလျှင် အုတ်တို့ဖြင့် ယင်းစေတီကို ငုံ၍ စေတီကြီးအဖြစ်သို့ ဆက်လက် တည်ထားကြသည်ဟု ဆိုပါသည်။

သဲပုံစေတီပွဲတော်သည် ယခု ခေတ်တွင် မြန်မာနိုင်ငံ အထက်ပိုင်း မြို့ရွာ အနည်းငယ်မျှသာ ကျင်းပကြ တော့သည်။ ယင်းသဲပုံစေတီတော် ပွဲအစား ဘုရားပွဲတော်များ အစားထိုး ကျင်းပခြင်း ခေတ်စားလာသည်။ ယင်းသို့ ဒေသအလိုက် ဘုရားပွဲ တော်များကို ယခုခေတ်၌ “တပေါင်း ပွဲတော်”ဟု ခေါ်ကြသည်။ မြန်မာ နိုင်ငံအနှံ့ကျင်းပသော ဘုရားပွဲတော် များအနက် ရှေးနှစ်ပေါင်းများစွာက ပင် ကျင်းပခဲ့သော ရွှေတိဂုံစေတီ တော် ဘုရားပွဲတော်သည် အကြီး အကျယ်ဆုံးဖြစ်ကြောင်း အသိအမှတ် ပြုဆိုကြသည်။

မှီငြမ်း
၁။ မာဂဇီ၊ သာစည်ဆရာတော်၏ အခါတော် နေ့များ
၂။ ဦးအေးနိုင် (B.A) အစိုးရဓမ္မာ စရိယနှင့် စေတိယင်္ဂကာ၊ ဓမ္မာစရိယ ၏ ဆယ့်နှစ်ရာသီ မြန်မာ့ရိုးရာရာသီ ပွဲတော်များ
မြတ်မင်းလှိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*