Heineken Beer
Heineken Beer

လူငယ်တွေရဲ့အနုပညာဖန်တီးမှုတွေကို ချီးကျူးလိုက်တဲ့ အကယ်ဒမီ မို့မို့မြင့်အောင်

လူငယ်တွေရဲ့အနုပညာဖန်တီးမှုတွေကို ချီးကျူးလိုက်တဲ့ အကယ်ဒမီ မို့မို့မြင့်အောင်
March 19, 2019 Asian Fame

ထပ်ဆင့်အကယ်ဒမီ မို့မို့မြင့်အောင်ကတော့ မြန်မာ့ရုပ်ရှင်လောကမှာ နှစ်ကာလအတော်ကြာ အောင်မြင်မှုတွေ သိမ်းပိုက်ခဲ့သူပါ။ ရုပ်ရှင်ချစ်ပရိသတ် တွေရဲ့ရင်ထဲမှာ နေရာယူထားဆဲဖြစ်သလို ရုပ်ရှင်ဇာတ်ကားတွေလည်း ဆက် တိုက်ရိုက်ကူးနေဆဲပါဘဲ။ သူကတော့ မကြာခင်ရုံတင်ပြသတော့မယ့် ‘လှပ်၍ လွင့်သော’ ရုပ်ရှင်ဇာတ်ကားမှာလည်း ကျော်ရဲအောင်၊ ဖွေးဖွေး၊ ခင်ဝင့်ဝါ စတဲ့ သရုပ်ဆောင်များနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ပါဝင်သရုပ် ဆောင်မှုနဲ့ပတ်သက်ပြီး …

“ဒီကားမှာ မမို့က အခန်းနည်းပါတယ်။ မမို့က ငယ်လို့မရတော့ဘူး ဆိုတော့ ငယ်ဘဝကို ခင်ဝင့်ဝါလေးက သရုပ်ဆောင်ပါတယ်။ တစ်ကားလုံးမှာ မမို့တစ် Sense တည်းပဲဖြစ်ဖြစ် သရုပ်ဆောင်ချင်ပါတယ်။ အဲဒီတစ် Sense တည်းက ပရိသတ်ရင်ထဲကို ရောက်တယ်ဆိုရင် မမို့ကျေနပ်ပါတယ်။ ဖွေးဖွေး ကတော့ မမို့နဲ့ စရိုက်ခဲ့တာဘဲလေ။ သူနဲ့မဆုံတာလည်း ၁ဝ နှစ်လောက်ရှိပြီ။ သူကတော့ ရင်ခုန်တယ်တဲ့။ အတူလုပ်ရမှာ ပျော်စရာကြီးလေလို့။ Actor ကြီးဆိုပြီး သူတို့စိတ်ပူစရာမလိုအောင် သူတို့နဲ့ရွယ်တူလို ပေါင်းလိုက်တယ်။ အဲ့တော့ သူတို့အလုပ်လုပ်ရတာ ပျော်လည်းပျော်တယ်။ စိတ်ချမ်းလည်းသာ တာပေါ့။ ခင်ဝင့်ဝါဆိုလည်း အများကြီးသရုပ်ဆောင်ခွင့်ရတယ်။ သူ့အတွက် အခွင့်အရေးလေးရလိုက်တာပေါ့”လို့ ပြောပြခဲ့ပါတယ်။

ခေတ်မီဆန်းသစ်တဲ့ အနုပညာဖန်တီးမှုတွေနဲ့ ထူးချွန်ထက်မြက်တဲ့ မျိုးဆက်သစ်လူငယ်တွေ ပေါ်ထွက်လာတာကလည်း မြန်မာ့ရုပ်ရှင်လောကရဲ့ တိုးတက်ပြောင်းလဲမှု တစ်ခုဆိုရင် မမှားပါဘူး။ မျိုးဆက်သစ်လူငယ်တွေ အနုပညာဖန်တီးမှုတွေနဲ့ ပတ်သက်ပြီးလည်း ဆက်လက်မေးမြန်းခဲ့ပါတယ်။…

“လူငယ်တွေ အရမ်းတော်ကြပါတယ်။ အရမ်းလည်း တက်ကြွပြီးသေ သပ်ကြတယ်။ အလုပ်လုပ်တာလည်း ဆန်းသစ်ကြတယ်။ အရမ်းလည်း တီ ထွင်ကြတယ်။ အဲဒါကြောင့်မို့ တို့မြန်မာပြည်ရုပ်ရှင်လောကအတွက် ဂုဏ်ယူပါ တယ်။ ကိုယ်ကလည်း အနုပညာသမားဖြစ်နေပေမယ့် တချို့မကြည့်မဖြစ် ကြည့်သင့် ကြည့်ထိုက်တဲ့ကားတွေတော့ သွားကြည့်တယ်။ မုန်းစွဲ၊ မီ၊ ဥပါယ် တံမျဉ်ကားတွေ သွားကြည့်ဖြစ်ပါတယ်။ မုဒြာခေါ်သံတော့ မကြည့်ရသေးဘူး။ တော်တော်လေးကောင်းကြပါတယ်။ လူငယ်တွေဖြစ်ကြတဲ့အတွက် သူတို့ ကလေးတွေ တော်တယ်လို့ပြောရမှာပေါ့။ အရမ်းလည်းကျေနပ်မိပါတယ်”လို့ ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်၊ ဓာတ်ပုံ – မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*