ကျွန်တော်လွမ်းဆွတ်မိသော ဇာတ်သဘင်များ

ကျွန်တော်လွမ်းဆွတ်မိသော ဇာတ်သဘင်များ
March 18, 2019 Asian Fame

၂ဝ၁၆ ခုနှစ်လောက်ကဖြစ်မည် ထင်ပါသည်၊Face မဂ္ဂဇင်းတွင် ‘ပွဲလက်ဆွဲ’အမည်ရှိ ဝတ္တုတိုတစ်ပုဒ် ရေးခဲ့ပါသည်။ ကျွန်တော်ငယ်ငယ်က အမေနှင့်အတူ ပွဲလန်းသဘင်များကို လိုက်ဖူးပါသည်။ အမေက ရုပ်ရှင်၊ ဇာတ်ပွဲ၊ အငြိမ့်ပွဲအလွန်ဝါသနာပါ သူဖြစ်ပါ၏။ အမေပွဲလန်းသဘင် သွားတိုင်း ကျွန်တော့်လက်ကို ဆွဲ၍ သွားလေ့ရှိသည်။ ကျွန်တော်သည် ကလေးဖြစ်သောကြောင့် ပွဲလန်း သဘင်များကို နားမလည်ပါ၊ အမေ ခေါ်တိုင်း လိုက်ရသည်မှာ ပွဲဈေး တန်းမှ ကြိုက်နှစ်သက်ရာ မုန့်ကို တဝတပြဲစားရ၍ လိုက်ခြင်းဖြစ်ပါ သည်။ ပွဲခင်းထဲရောက်သည်နှင့် ကျွန်တော်အိပ်ပါတော့သည်။ စင် ပေါ်မှ အတီး၊ အမှုတ်၊ အကအခုန် များကို ကျွန်တော်မသိပါ၊ အမေက မိုးလင်း၍ ပတ်စာခွာ ဖျာသိမ်းမှ ကျွန်တော့်ကို နှိုး၍ အိမ်ပြန်လာတတ် သည်။ ဇာတ်ပွဲ၊ အငြိမ့်ပွဲများကို နား မလည်သော အရွယ်ဖြစ်သော်လည်း ဆိုင်းသံ ဗုံသံများကို နားရည်ဝပြီး ဖြစ်ပါသည်။ ကျွန်တော် လူပျိုကာလ သား အရွယ်ရောက်သောအခါ ငယ် ငယ်က မသိနားမလည်ခဲ့သော ပွဲ လန်းသဘင်သည် ဗိုင်းရပ်စ်ပိုးအဖြစ် မသိမသာတွယ်ကပ်နေသောအခါ ကျွန်တော်ပွဲလန်းသဘင်ဆိုလျှင် ထိပ် ဆုံးက ရောက်နေသော “ပွဲကြိုက် မောင်”တစ်ယောက်ဖြစ်သွားသည်။ ထိုအချိန်က စာဖတ်ဝါသနာပါခဲ့သ ဖြင့် ဇာတ်သဘင်ဆောင်းပါးများ ထည့်သွင်းဖော်ပြသော ရုပ်ရှင်မျက် မှန်၊ ရုပ်ရှင်အောင်လံ၊ ရွှေအောင် လံမဂ္ဂဇင်းများကို မပြတ်တမ်းဖတ်ခဲ့ သည်။ ဆရာလေးဇင်၊ ဆရာကိုသြသ ဓ (မုံရွာ) ဆရာအေးကြူလေးတို့မှ ရေးသားခဲ့သည်။ ထိုဆောင်းပါးများ ကို ကျွန်တော်လစဉ်ဖတ်ရှုဖြစ်ပါ သည်။ သစ္စာမေတ္တာရွှေမန်းသဘင်၊ မိုးဝင်း၊ စိန်မဟာသဘင်၊ စိန်အောင် မင်း၊ ပန်တျာကြည်လင်၊ ပန်တျာတင် မိုးဝင်း (ကျွန်တော့်သဘင်) ပုလဲစိန်၊ ဖန်ခွက်စိန်၊ အမြည်းစိန်၊ ပုလင်းစိန် (မွန်ဇာတ်) မြို့တော်သိန်းအောင်၊ မြို့ တော်ချစ်ဖွယ်၊ ရတနာတင်လင်း စ သဖြင့် ကျွန်တော်ကြည့်ခဲ့ဖူးပါသည်။ ယခုရေပန်းစားနေသော စွမ်းသဘင်၊ ဖိုးချစ်တို့သည် ယခင်ဇာတ်သဘင်များ နောက်မှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဟန်ဇာမိုးဝင်းလည်း ထိုနည်းတူ …။

အလင်္ကာကျော်စွာဘွဲ့ကို ရွှေ မန်းတင်မောင်မှရခဲ့ပြီး ဝဏ္ဏကျော် ထင်ဘွဲ့ကို စိန်အောင်မင်းမှရခဲ့ပါ သည်။ ထိုစဉ်က ဇာတ်သဘင်များ သည် ဇာတ်၏ သမားစဉ်အတိုင်း အပျိုတော်၊ နတ်ပင့်၊ အော်ပရာ၊ ပြဇာတ်၊ နှစ်ပါးသွား၊ နောက်ပိုင်း ဇာတ်တော်ကြီးများနှင့် မိုးစင်စင် လင်းအောင် ကခဲ့ကြသည်။ ယခု ခေတ်လို Stage Show ကဏ္ဍမရှိ သေးချေ။ ထိုခေတ်က ရွှေမန်းသဘင် ဇာတ်အဖွဲ့တို့၊ စိန်မဟာသဘင်ဇာတ် အဖွဲ့တို့၊ လာပြီဆိုလျှင် ကုန်တင်ကား ကြီး ၆ စီး၊ ၇ စီးခန့်လာရပါသည်။ ဇာတ်ပစ္စည်းများစွာ တင်ဆောင်လာ ခြင်းဖြစ်၏။ အဓိကမှာ ဇာတ်ဝင်ခန်း ဆက်တင်ကြီးများကို သူ့ထက် ငါအပြိုင်ကြဲသောခေတ်ဖြစ်သည်။ အလင်္ကာကျော်စွာ ရွှေမန်းတင် မောင်က “လေးတော်တင်ခန်း”ဇာတ် ထုပ်နှင့် နာမည်ကြီးသလို၊ ဝဏ္ဏကျော် ထင်စိန်အောင်မင်းက “ချင်းဖဝေ” ဇာတ်ထုပ်နှင့် လူကြိုက်များခဲ့သည်။ ထိုနည်းတူ ပန်တျာကြည်လင်၏ ‘မြ စိမ်း’ဇာတ်ထုပ်သည်လည်း တိတ်ခွေ ခေတ်တွင် ဟိုးဟိုးကျော်ခဲ့၏။ ဂရိတ် ဦးဖိုးစိန်ကြီး၏ မျိုးဆက်များဖြစ် သော စိန်မဟာသဘင်မှ ရဲစိန်၊ ညီ ဝင်းစိန်တို့ကလည်း “ပါတော်မူခန်း” ခန်းဇာတ်ထုပ်နှင့် ကိုင်လှုပ်ခဲ့ပါသည်။ အလင်္ကာကျော်စွာရွှေမန်းတင်မောင် ၏ သား မင်းသားဝင်းဗိုလ်၏ “တံခါး မှုဒတ္တ” အော်ပရာသည် လက်ရှိခေတ် ၏ မင်းစိုးရာဇာများ၊ လာဘ်ပေး လာဘ်ယူကိစ္စကို မီးမောင်းထိုးပြသွား သော အော်ပရာဖြစ်ပြီး အလွန်ကျော် ကြားလူကြိုက်များခဲ့ပါသည်။ ထိုနည်း တူဝဏ္ဏကျော်ထင် စိန်အောင်မင်း၏ သမီး၊ မင်းသမီး စီစီစိန်၏ “ယသော် ဓယာ”ဇာတ်သည်လည်း ဝက်ဝက်ကွဲ အောင် မြင့်ခဲ့ပါသည်။ နောက်ပိုင်း ဇာတ်ထုပ်များကို လေးလေးနက်နက် ထား၍ ကပြကြသော စိန်မဟာ သဘင်၏ “ပါတော်မူခန်း”ကို ပရိ သတ်များက တခုတ်တရကို အိပ်ယာ မှ ထ၍သွားကြည့်ကြရာ ဇာတ်ရုံထဲ တွင် လူများပြည့်နှက်နေ၏။ ထို့အတူ မြို့တော်သိန်းအောင်၏ နောက်ပိုင်း ဇာတ်ထုပ်ဖြစ်သော “တရားရှင်” ဇာတ်ထုပ်သည် လူရွှင်တော်ကြီး “ဦး သိန်းဆု”၏ သေတ္တာတစ်လုံးပေါ် ထိုင်၍ ပြက်နေသော ပြက်လုံးများ သည် ပရိသတ်များ တဝါးဝါးတဟား အူလှိုက်သည်းလှိုက်ရယ်မောနေရ သောကြောင့် အိပ်ချင်စိတ်ပင် မဖြစ် ကြချေ။ ယခုဇာတ်ပွဲများကား Stage Show ကဏ္ဍပြီးလျှင် ဇာတ် ရုံထဲတွင် လူလျော့သွားသည်ကို တွေ့ ရ၏။ နှစ်ပါးသွားနှင့် မိုးလင်းကြ၏။ နောက်ပိုင်းဇာတ်တော်များဖြစ်သည့် ရာဇဝင်၊ ဗုဒ္ဓဝင် ဇာတ်များ ပျောက် ကွယ်မလိုဖြစ်နေသည့်အပြင် နောက်ပိုင်းဇာတ်ထုပ်ကလျှင်လည်း လူမရှိ တော့ချေ။ အဓိကမှာ ယခင်ကလို ပရိသတ်ကို ဆွဲဆောင်နိုင်စွမ်း မရှိ တော့သောကြောင့် ဖြစ်သည်။ အလ င်္ကာကျော်စွာ ရွှေမန်းတင်မောင်တို့ ခေတ်က နောက်ပိုင်းဇာတ်ထုပ်များ တွင် စာသံ၊ ပေသံ၊ နဘေ၊ ကာရန် နှင့် ဇာတ်စကားကို ပြောကြသော် လည်း ယခုခေတ် နောက်ပိုင်းဇာတ် ထုပ်များထဲတွင် အရပ်စကားပြော သလို ပြောနေကြသည်မှာလည်း အရသာမရှိလှပေ။ တိုးတက်ပြောင်း လဲလာသော ခေတ်ရေစီးကြောင်းကို မည်သူမျှ ဟန့်တား၍ မရနိုင်ပါချေ။ ဇာတ်သဘင်ကဏ္ဍသည်လည်း ခေတ် နဲ့အညီ ပြောင်းလဲလာသောအခါ “မြန်မာသံစဉ်တေး” ခေတ်ပေါ်Stage Show ကဏ္ဍဟူ၍ တခုတ် တရတင်ဆက်လာချိန်တွင် “Stage Show မပါသော မြို့တော်သိန်း အောင်”က ပြဇာတ်ရွှေခေတ်ကို အောင်မြင်စွာ ထူထောင်နိုင်ခဲ့သည်။ ဒါရိုက်တာ မောင်ယဉ်အောင်၏ သဘင်သည် မဝင်ရ၊ မိုးလား၊ တိမ် လား၊ မြူလား၊ မိုးကြိုသည့် ပန်း၊ လဝါရယ် စန္ဒာရယ်၊ ရိုးပြတ်အတွင်း မှ ‘တက်’ခေါက်သံ၊ ပန်းလှေ၊ ကိုး ဆယ်ဆသာလိမ့်မယ်၊ ဆရာမြသန်း တင့်၏ ဓားတောင်ကို ကျော်၍ မီး ပင်လယ်ကို ဖြတ်မည် အစရှိသော စင်တင်ပြဇာတ်မှန်သမျှ အလွန် အောင်မြင်ခဲ့ပါသည်။ ဆက်တင်တည် ဆောက်မှု၊ မီးအလင်းအမှောင်ချိန် ဆမှု၊ နောက်ခံတေးဂီတ၊ အစရှိသည် များကို သူ့နေရာနှင့်သူ အံဝင်ခွင်ချ အသုံးချနိုင်ခဲ့သောကြောင့် ဒါရိုက် တာမောင်ယဉ်အောင်၏ ပြဇာတ်များ သည် စင်ပေါ်တွင် ရုပ်ရှင်ဇာတ်ကား ကြည့်ရသလိုမျိုး ဖန်တီးနိုင်ခဲ့သည်။ ထို့ပြင် ဇာတ်သဘင်များထဲမှ အောင် မြင်နေသော ရုပ်ရှင်သရုပ်ဆောင်များ ၏ စတိုင်(လ်)ကို တုပသော မင်းသား များကိုလည်း ကျွန်တော်လွမ်းဆွတ် မိပါသေးသည်။ ပြဇာတ်မင်းသား လူ ငယ်ကြည်ခိုင်က မြတ်လေးစတိုင်(လ်)၊ မြို့တော်သိန်းအောင်က ကောလိပ် ဂျင်နေဝင်း စတိုင် (လ်)၊ မြို့တော် ချစ်ဖွယ်က ကျော်ဟိန်း စတိုင် (လ်)၊ မင်းသားဂျိုးဖြူက ဝင်းဦးစတိုင် (လ်)၊ သူတို့အားလုံး စင်ပေါ်တွင် အောင် မြင်ခဲ့ကြသည်။ မှတ်မှတ်ရရရှိနေမိ သည့်အကြောင်းအရာတစ်ခုမှာ ဂျိုး ဖြူဇာတ်ပွဲမှ နာမည်ကြီး အော်ပရာ တစ်ခုမှာ “မနုစာရီ”အော်ပရာဖြစ် သည်။ နာမည်ကြီးသော နောက်ပိုင်း ဇာတ်ထုပ်မှာ “ရေငံပိုင်ဦးရှင်ကြီး” နတ်သမိုင်းပင်ဖြစ်၏။ ရေငံပိုင်ဦးရှင် ကြီးဇာတ်ထုပ်ကသည့် ညဆိုလျှင် ပရိ သတ်များက မနက် ၂ နာရီလောက် တွင် အိပ်ယာမှ ထ၍ အသေအချာ သွားကြည့်ကြ၏။ အဓိကကြည့်ချင် သည့် ပြကွက်မှာ ထိုဇာတ်ထုပ်ထဲမှ သရုပ်ဆောင်သော သမန်းကျား (လူ ဝင်ထားသော ကျား)ကို ဖြစ်၏။ ထို ဇာတ်ထုပ်မကမီ သမန်းကျားအတွက် ကန်တော့ပွဲများ တင်ရ၏၊ ဘုရားပွဲ၊ နတ်ပွဲအကုန်တင်ပြီးမှ ဇာတ်ထုပ်ကို ခင်းရ၏။ ထိုအခါ သမန်းကျားသည် အမှန်တကယ် ကျားတစ်ကောင် အသွင် ရှေ့ကျွမ်း၊ နောက်ကျွမ်းများ ထိုးပြ၏။ မစာဥကို ကျောပေါ်တင်၍ ခုန်ပျံကျော်လွှားပြ၏။ ထူးခြားသည် မှာ အုန်းသီးအစိမ်းများကို သူ၏ သွားများဖြင့် မိနစ်ပိုင်းအတွင်းတွင် တစ်စစီဖြစ်အောင် ကိုက်ဖြတ်ပြနိုင် ၏။ ပရိသတ်များ ရုံပြည့်ရုံလျှံ အား ပေးခြင်းကို ခံခဲ့ရသည်ကိုလည်း ကျွန် တော်မှတ်မိနေပါသည်။ တစ်ဖန်မြို့ တော်ချစ်ဖွယ်မှာ မြို့တော်သိန်း အောင်ဇာတ်အဖွဲ့ထဲမှ အသက်အ ငယ်ဆုံးလူရွှင်တော်တစ်ယောက်ဖြစ် ၏။ လူရွှင်တော်ကြီးများဖြစ်သည့် ဦးပေါစံ၊ ဦးကြယ်နီ၊ ဦးသိန်းဆုတို့ နှင့်အတူ ကပြခဲ့၏။ ထိုစဉ်ကတည်း က စင်ပေါ်ကတေးများ၊ အဓိပ္ပာယ်ရှိ သောလူ တေးသီချင်းများနှင့် အောင် မြင်ကျော်ကြားနေသော ကျော်ဟိန်း ၏ အိုက်တင်များကို တုပ၍ ချစ်ဖွယ် က လုပ်ပြသောအခါ ပရိသတ်အား ပေးခြင်းကို ခံခဲ့ရ၏။ နောက်နှစ် အနည်းငယ်ကြာသောအခါ ချစ်ဖွယ် သည် မြို့တော်ချစ်ဖွယ်ဟု ခွဲထွက်ကာ ရတနာ့ဂူ၊ တောင်ပြုံး၊ ဖောင်တော်ဦး ဘုရား (မိတ္တီလာ)တို့အပါအဝင် ပွဲ ခွင်အတော်များများ၌ကခဲ့ရာ ဟာသ နှင့် တွဲဖက်ကပြခဲ့သည့်အပြင် စင် ပေါ်တွင် ကျော်ဟိန်းဖြစ်ခဲ့သော ကြောင့် ရုံပြည့်ရုံလျှံအောင်မြင်ခဲ့ သည်ကိုလည်း တွေ့ခဲ့ရပါသည်။

သိန်းဇော် (မန္တလေးဇာတ်ပွဲ) သည်လည်း ထိုစဉ်က နှုတ်ခမ်းနီမ လေးများ၏ သည်းသည်းလှုပ်မင်း သားတစ်လက်ဖြစ်ခဲ့သည်၊ ခေတ်ပေါ် ကဗျာဆရာအဖြစ် အောင်မြင်ခဲ့သလို၊ ဂီတနက်သန်ကိုစောညိမ်း၏ မြန်မာ မှုသံစဉ်များကိုလည်း ပရိသတ်ကို နှစ် နှစ်ခြိုက်ခြိုက်ဖျော်ဖြေခဲ့သည်။ ကျွန် တော်မှတ်မိသည်က မြင်းခြံတွင် က သည့်အချိန်များက သိန်းဇော်သည် လူငယ်တစ်ယောက်ဖြစ်ပြီး ဆံပင် အရှည်ကြီးနှင့် တီရှပ်၊ ဂျင်းဘောင်း ဘီဝတ်ထားသော သူ၏ ရောင်စုံ ဓာတ်ပုံကြီးများကို ဇာတ်ရုံဂိတ်ရှိုး တွင် ချိတ်ဆွဲပြသထားရာ ကောင်မ လေးတချို့က ဖြုတ်ယူသွားသည်ကို လည်း ကြုံခဲ့ရ၏။ ထိုစဉ်က တင်ဆက် ကပြခဲ့သော အော်ပရာမှာ “ကိုကြီး ကျော် ပလီလွန်းတယ်”အမည်ရှိ အော်ပရာဖြစ်သည်။ မန္တလေးသိန်း ဇော်နှင့် အပြိုင်ကပြနေသော ဇာတ် ရုံတစ်ရုံတွင် ဘီအီးဒီ အောင်သိုက် ဖြစ်၏။ ထိုအချိန်က တိတ်ခွေကက် ဆက်ခေတ်ဖြစ်သောကြောင့် ဘီအီး ဒီအောင်သိုက် အောင်မြင်ခဲ့သော ပြ ဇာတ်များဖြစ်သည့် “မြညိုငိုသောနေ့” “နန်းထားလမ်းသလားနေသလား” ပြဇာတ်များ တင်ဆက်ရာ ရုံပြည့်ရုံ လျှံခဲ့၏။ ယခုကျွန်တော်တင်ပြခဲ့သော ဇာတ်သဘင်များ အကြောင်းမှာ ကျွန်တော်၏ ဆယ်ကျော်သက်ရွယ် ကာလနှင့် လူပျိုကာလသားအရွယ် တွင် ကြုံခဲ့ရသော အကြောင်းများသာ ဖြစ်သည်။ ကျေးလက်နေ တောင်သူ ဦးကြီးများလည်း မိုးလေဝသမှန်၍ ရာသီပေါ်သီးနှံများ ကောင်းကောင်း ရကြ၍ ငွေရွှင်သော ခေတ်ကာလ လည်း ဖြစ်သောကြောင့် ရွှေမန်း သဘင်၊ စိန်မဟာသဘင်၊ ရန်ကုန် စံပြသဘင် (မိုးဝင်း+စိန်မာဒင်) ကျွန် တော့်သဘင် (တင်မိုးဝင်း)ဟေ့ဆို လျှင် ကျေးလက်တောင်သူများ ရုံ ပြည့်ရုံလျှံလာကြည့်သော ခေတ်တို့ ဆိုလျှင် ကွင်းလုံးပြည့် အားပေးကြ ၏။ ထိုခေတ်နှင့် ထိုဇာတ်သဘင်များ ကို လွမ်းဆွတ်မိပါသည်။ ပြန်မရနိုင် တော့သော ခေတ်ကာလတစ်ခု၊ ပြန် မရနိုင်တော့သော အနုပညာ၊ ပြန်မရ နိုင်တော့သော စား၊ ဝတ်၊ နေရေး ရွှေရောင်တောက်ခဲ့သည့် ခေတ်ကာ လတစ်ခုကို တမ်းတလွမ်းဆွတ်ရင်း ကျွန်တော်လက်လှမ်းမီသ၍ တင်ပြ လိုက်ရပါ၏ …။

မောင်သစ်လှိုင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*