အသက်​ကြီးလာလို့ လိုအပ်​ရင်​ မျက်​နှာ ခွဲစိတ်​ပြုပြင်​သင့်​ရင်​ ခွဲစိတ်​မယ့်​စံရတီမိုးမြင့်

အသက်​ကြီးလာလို့ လိုအပ်​ရင်​ မျက်​နှာ ခွဲစိတ်​ပြုပြင်​သင့်​ရင်​ ခွဲစိတ်​မယ့်​စံရတီမိုးမြင့်
March 12, 2019 Asian Fame

ချစ်​စဖွယ်​မျက်​နှာကလေးနဲ့ ပရိ သတ်​တွေရဲ့ ချစ်​ခင်​အားပေးမှုတွေကို သိမ်းပိုက်​ထားတဲ့ အနုပညာရှင်​က တော့ စံရတီမိုးမြင့်​ပဲ ဖြစ်​ပါတယ်​။ အနုပညာလှုပ်​ရှားမှုတွေ သိပ်​မတွေ့ ရတော့လို့ ပရိသတ်​က အနု ပညာ လောကကနေ အနားယူသွားပြီလို့ ထင်​နေကြတဲ့ အပေါ် စံရတီမိုးမြင့်​က…

“သဲ အနုပညာအလုပ်​တွေ လုပ်​နေပါတယ်​။ သဲရိုက်​ကူးထားတဲ့ ရုပ်​ရှင်​ ဇာတ်​ကားကြီးတွေလည်း ရှိတယ်​။ ရုံမတင်​ကြသေးဘူး။ ဗီဒီယိုဈေးကွက်​က ပျက်​သွားတဲ့အတွက်​ သဲရဲ့ အနုပညာလှုပ်​ရှားမှု အနည်း ငယ်​ကျဲသွားသလို ဖြစ်​တာပါ။ သဲ ကြော်​ငြာတွေ ရိုက်​ဖြစ်​တယ်​။ ပွဲလေး တွေတက်​ဖြစ်​တယ်​။ အခုလည်း ပရိ သတ်​တွေနဲ့ အဆက်​မပြတ်​ရအောင်​ သဲဇာတ်​လမ်းတွဲ တစ်​ခု ရိုက်​ကူးနေတယ်​”လို့ ပြောပြပါတယ်​။
ပရိသတ်​တွေက အရင်​ကထက်​ ပိုလှ လာတယ်​လို့ပြောကြတဲ့အတွက်​ ကျေးဇူးတင်​ပါတယ်​ဆိုတာကို လည်း…

“သဲကို ပရိသတ်​တွေက အရင်​ထက်​ ပိုလှလာ တယ်​လို့ ပြောကြတဲ့ အတွက်​ ကျေးဇူးအများကြီးတင်​ပါတယ်​။ သဲက ငယ်​ငယ်​ကတည်းက အရိုး၊ အစစ်​တွေ နည်းနည်းနာတတ်​တယ်​။ ဟိုတလောက ခြေထောက်​ ခေါက်​ပြီးတော့ ခြေထောက်​နာသွားတော့Gym သိပ်​ မဆော့ဖြစ်​တော့ဘူး။ ဝိတ်​တုန်းတွေ၊ ဘာတွေမပြီး တော့ ထိုင်​၊ ထ လုပ်​ရတဲ့Gym မလုပ်​နိုင်​ဘူး။ သဲက အခု Gym ကို နားလိုက်​ပြီးတော့ အစားအသောက်​နဲ့ပဲ ခန္ဓာကိုယ်​ကို ထိန်းဖြစ်​နေတယ်​။ အစား အသောက်​က စားလိုက်​ရင်​လည်း ၃၊ ၄ ၊ ၅ ပေါင်​က တစ်​ခါတည်း တက်​တယ်။ စားရင်​လည်း သဲသဲက အများကြီးစားတယ်။ ထမင်း ကလည်း မစားပဲ မနေနိုင်​ဘူး။ ဝိတ်​တက်​လာရင်​လည်း ဝိတ်​ချမယ်​ဆို ညစာ ရှောင်​လိုက်​တယ်​။ ၂ ရက်၊ ၃ ရက်​လောက်​ ညစာရှောင်​လိုက်​တယ်​။ အဲဒီလိုရှောင်​လိုက်​ရင်​ လေး၊ ငါးပေါင်​လောက်​ ပြန်​ကျတယ်​။ ည စာ အငတ်​နေလိုက်​တယ်​။ ပရိသတ်​တွေကလည်း အရင်​ကထက်​ ပိုလှလာ တယ်​ ပြောတဲ့အတွက်​လည်း ပျော်​ပါ တယ်​” လို့ စံရတီမိုးမြင့်​က ပြောပြပါ တယ်​။ ကျောက်​ကပ်​နဲ့ ပတ်​သက်​ပြီး ရောဂါရှိတဲ့အတွက်​ ပိန်​ဆေးတော့ မသောက်​ဖြစ်​ဘူးဆိုတာကိုလည်း စံရ တီမိုးမြင့်​က …

“သဲသဲက ကျောက်​ကပ်​နဲ့ ပတ်​သက်​ပြီး Problem နည်းနည်း ရှိတော့ ဆေးတော့ မသောက်​ဖြစ်​ဘူး။ အသားဖြူဆေးတွေ ခန္ဓာကိုယ်​ ထဲကို Chemical သွင်းလို့မရဘူး။ သောက်​လို့မရဘူး။ အခုသောက်​ရင်​တော့ သောက်​လို့ရတယ်​။ ဒါပေမဲ့ ရေရှည်​ ကိုယ့်​ကျန်း မာရေး ထိခိုက်​မယ့်​ အလုပ်​မျိုးကိုတော့ သဲ မလုပ်​ဘူး” လို့လည်း ပြောပြပါတယ်။အသက်​ကြီးလာလို့ လိုအပ်​ရင်​ မျက်​နှာ ခွဲစိတ်​ပြုပြင်​သင့်​ရင်​ ပြုပြင်​မယ်​ဆိုတာကိုလည်း…

“သဲရဲ့ ဘုရား ပေးထား တဲ့ ဒီမျက်​နှာလေးက မပြုပြင်​ရဘဲနဲ့ ကြည့်​လို့ အဆင်​ပြေနေ သေးတယ်​ ဆိုတော့လေ ခွဲစိတ်​ဖို့တော့ လောလော ဆယ်​ အစီအစဉ်​မရှိသေးဘူး။ ကိုယ့်​မျက်​နှာလေးတော့ ကိုယ်​ကြိုက်​တယ်​။ ကျန်​တာ တော့ သိပ်​မကြိုက်​ဘူး။ သဲက ဆေးထိုးခံရမှာ ကြောက်​တယ်​။ နေမကောင်းလို့ ဆေးထိုးမလား၊ ဆေးတစ်​လသောက်​မလားဆိုရင်​ ဆေးပဲ တစ်​လ သောက်​မယ်​။ ဆေးမထိုးရဲဘူး။ ကြောက်​လို့။ စကား ဆိုတာတော့လည်း အကုန်​ပြော လို့တော့မရဘူး။ အသက်​ကြီးလာလို့ လိုအပ်​ရင်​ လုပ်​ဖြစ်​ရင်​ လုပ်​ဖြစ်​သွားမှာပါ။ အခုအချိန်​ထိတော့ သဲရဲ့ မျက်​နှာကို ဘာမှမလုပ်​ထားပါဘူး” လို့လည်း စံရတီမိုးမြင့်​က ပြောပြခဲ့ပါသေးတယ်​။

ခိုင်​ဝါဝင်း၊

ဓာတ်​ပုံ- ဇော်​ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*