
အလှမယ်၊ သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေ ချစ်ကြတဲ့ ထက်ထက်ထွန်းကတော့ အခု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေး ကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နေပါ တယ်။ ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲအတွက် အလုပ်များနေတာဖြစ်တဲ့ အတွက် အနုပညာဘက်မှာ လစ်ဟာမှုတွေ ရှိနေရင် ပရိသတ်ကြီးကို တောင်းပန်ပါတယ် လို့ ထက်ထက်ထွန်းက ဆိုပါတယ်။ ရန်ကုန်မြို့တော်စည်ပင် ရွေးကောက်ပွဲ ဝင်ပြိုင်ဖြစ်တဲ့ အကြောင်းကိုလည်း ထက်ထက်ထွန်းက အခု လိုပြောပြပါတယ်။ …
“ထက်က ပရဟိတ လုပ်ရတာလည်း ဝါသနာပါတယ်။ ထက်အဖေကလည်း ထက်က သူများကို ကူညီရတာ ဝါသနာပါတာဖြစ်တဲ့အတွက် ဝင်ပြိုင်ဖို့ တိုက်တွန်းတယ်။ ထက်ကိုယ်တိုင်လည်း ပြိုင်ချင်တယ်။ ထက်က လသာမှာ မွေးပြီး လသာမှာကြီးပျင်း တယ်။ သန်းခေါင်စာရင်းရှိတဲ့ မြို့နယ်က လည်း လသာဖြစ်နေတယ်။ အဲဒီတော့ မဲဆန္ဒနယ်အမှတ် (၃) ကနေ ဝင်ရောက် ယှဉ်ပြိုင်နေတယ်။ ထက်ရဲ့ မဲဆန္ဒနယ် အမှတ် (၃) ထဲမှာ (၁) ကြည့်မြင့်တိုင်၊ (၂) စမ်း ချောင်း၊ (၃) အလုံ၊ (၄) ဒဂုံ၊ (၅) ဆိပ်ကမ်း၊ (၆) လသာ၊ (၇) လမ်းမ တော်၊ (၈) ပန်ဘဲတန်း၊ (၉) ဗဟန်း၊ (၁ဝ) ကမာရွတ်၊ (၁၁) တာမွေ၊ (၁၂) ရန်ကင်း ဆိုပြီး ၁၂ မြို့နယ်ပါတယ်။ ထက်ကိုယုံကြည်ပြီး မဲ ပေးလို့ လည်းရပါတယ်” လို့ ထက် ထက်ထွန်းက ပြောခဲ့ပါတယ်။
မဲဆွယ် စည်းရုံးရေးပြုလုပ်ဖြစ်မှာနဲ့ ပတ်သက်ပြီးတော့လည်း ထက်ထက်ထွန်းက…
“ထက်က Facebook မကြည့်ဖြစ်တဲ့ သူတွေ ဆီကိုလည်း ထက်က မဲဆန္ဒနယ် အမှတ် (၃) ကနေ ဝင်ရောက်ယှဉ်ပြိုင်နေတယ် ဆိုတာ ကိုသိအောင် ထက် တခြားသူတွေလို ဆိုင်း ဘုတ်လေးတွေလုပ်ဖို့ စီစဉ်နေတယ်။ ဒီဇိုင်း လေးကို စိတ်တိုင်းကျဆွဲနေတဲ့အတွက် နည်း နည်း ကြာသွားတယ်။ အခုထိ ဆိုင်းဘုတ်မထောင်ရသေးဘူး။ ၁၁ ရက်နေ့လောက် ထောင်ဖြစ်အောင် ကြိုးစားနေတယ်။ ပြီး တော့ ထက် Campain ပွဲလေး လုပ်ဖို့ရှိ တယ်။ နေရာခွင့်ပြု ချက်တောင်းနေတယ်။ ခွင့်ပြုချက်ရရင် Campain ပွဲလေးလုပ်ဖြစ် မယ်” လို့လည်း ပြောပြပါတယ်။
အလှမယ်တစ်ယောက်ဆိုတာ ထက် တကယ်လုပ်နိုင်တဲ့သူတစ် ယောက်ဖြစ်တဲ့ အတွက် ဝင်ရောက် ပြိုင်တယ်ဆိုတာကို လည်း…
“တကယ် လုပ်နိုင်တယ်ထင်လို့လည်း ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ ထက်ဝင်ပြိုင်တာပါ။ ဒါကို အသိအမှတ် ပြုပေးဖို့ ကတော့ ပြည်သူတွေရဲ့ မဲ ဆန္ဒတစ်ခုချင်းဆီနဲ့ ဆိုင်ပါတယ်။ အလှမယ်တစ်ယောက်ဆိုတဲ့ ခေါင်း စဉ်အောက်မှာ ထက်ထက်ထွန်းလို့ မမြင်စေချင်ပါဘူး။ ထက်ထက်ထွန်း ဆိုတာ လည်း ရန်ကုန်မြို့အတွက် ရန်ကုန်မြို့ကို ကောင်းစေချင်လို့ ရန်ကုန် မြို့ကို ပြုပြင်ချင်လို့ ဆိုတဲ့ စိတ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ရန်ကုန် မြို့သူ တစ်ယောက်ပါပဲ။ အဲ့တော့ ထက်ထက် ထွန်းဆိုတာကို ထက်ထက်ထွန်းလို့ပဲ မြင်ပေး ကြပါ” လို့ ပြောပြခဲ့ပါသေးတယ်။
ခိုင်ဝါဝင်း၊
ဓာတ်ပုံ-အောင်ဇော်မင်း