Heineken Beer
Heineken Beer

ကာရိုက်တာတစ်ခုကို ရိုက်တော့မယ်ဆိုရင် သေ သေ ချာ ချာ စဉ်း စား ပြီး မှ လက် ခံ ဖြစ် တော့တဲ့ ဟိန်းဝေယံ

ကာရိုက်တာတစ်ခုကို ရိုက်တော့မယ်ဆိုရင် သေ သေ ချာ ချာ စဉ်း စား ပြီး မှ လက် ခံ ဖြစ် တော့တဲ့ ဟိန်းဝေယံ
March 12, 2019 Asian Fame

ပင်ကိုယ်ကတည်းက ရုပ်ချောတဲ့၊ သန့်တဲ့မင်းသားထဲမှာ ဟိန်းဝေယံက ပါပြီးသားပါ။ အခုလို လူလတ်ပိုင်းရောက်သွားတဲ့အချိန်မှာ ဟိန်းဝေယံက နဂိုထက်တောင် ဖြောင့်လို့၊ သန့်လို့ပါပဲ။ ပရိသတ်နဲ့ မတွေ့တာကြာတဲ့ ဟိန်းဝေယံတစ်ယောက်နည်း နည်းပိန်သွားတယ်လို့ဆိုတော့ အစားနည်းနည်းလျှော့လိုက်လို့ပါလို့ သူက ဆိုပါတယ်။

“ထင်လို့ပါ။ ကျွန်တော်က နည်းနည်းပိန်သလိုရှိသွားတာ။ အရမ်းကြီး ပိန်သွားတာတော့ မဟုတ်ဘူးထင်တယ်။ သီးသန့်ကြီး ဝိတ်ချထားတာမျိုးကြီးလည်း မရှိဘူး။ ကျွန်တော့်ဘာသာကျွန်တော် ညစာကို နည်းနည်းလေးလျှော့ပြီး စားဖြစ် တယ်။ လုံးဝမစားတာတော့ မဟုတ်ဘူး။ ဆိုတော့ ကျွန်တော်ထင်ပါတယ်။ ရှုတင် လည်းရိုက်နေတော့ နည်းနည်းလေး ပင်ပန်းလို့ထင်ပါတယ်။ နည်းနည်းဝိတ်ကျသွား တာ”လို့ ဟိန်းဝေယံက ပြောပါတယ်။ လက်ရှိအချိန်မှာ ရိုက်ကူးဖြစ်နေတဲ့ ဇာတ် ကားတွေနဲ့ ရုံတင်ဖို့ရှိတဲ့ ရုပ်ရှင်ဇာတ်ကား တွေက …

“ကျွန်တော်အခုက ‘ရင်ခွင်ရှင်းတမ်း’ဆိုတဲ့ဇာတ်လမ်းတွဲကို ရိုက်ပြီးသွားတာ မကြာသေးပါဘူး။ နောက်ထပ်ရိုက်ဖို့အတွက်ကိုလည်း ကျွန်တော်စီစဉ်ထားတာရှိပါတယ်။ ရုပ်ရှင် ကားကြီးတွေကိုလည်း ကျွန်တော်ရိုက်ထားတဲ့ ကားကြီးတွေရှိတယ်။ အဲဒါကို တချို့ကားတွေက Post Production ပိုင်းမပြီးသေးပါဘူး။ ပြီးသွားတဲ့အခါကျ လို့ရှိရင်တော့ ကျွန်တော်တို့ ရုံတင်ဖို့အတွက်ကို ဆက်ပြီးကြိုးစားသွားမှာပါ။ ကျွန် တော်ထင်ပါတယ်။ ၂ဝ၁၉ ထဲမှာတော့ နှစ်ကားလောက် ပရိသတ်တွေ ကြည့်လို့ရ အောင် ရုံတင်နိုင်ဖို့ ကျွန်တော် မျှော်လင့်မိပါတယ်”လို့ ဟိန်းဝေယံက ပြောပါတယ်။ သူရိုက်ခဲ့တဲ့ ဇာတ်ကားတွေကို လုပ်လို့ရတဲ့ အနေ အထားတစ်ခုနဲ့ အတတ်နိုင်ဆုံးကြိုး စားထားတာကို လိပ်ပြာလုံပေမယ့် ရာနှုန်းပြည့် ကျေနပ်တာမျိုးရယ်တော့ မဟုတ်ပါ ဘူးလို့ သူက ဆိုပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*