ဆရာကြီးကိုမိပြီ

ဆရာကြီးကိုမိပြီ
March 11, 2019 Asian Fame
ဆရာကြီးကိုမိပြီ

သွားလေသူ ဘာသာပြန်စာရေး ဆရာကြီး “ဗမိုး”အကြောင်းကို အ ပိုင်းအစ မှန်ကူကွက်ကလေးအဖြစ် ဤဂျာနယ်၌ မကြာမီက ကျွန်ုပ်ရေး ဖူးခဲ့လေပြီ။

အကယ်စင်စစ် ဆရာကြီးဗမိုး အကြောင်း ကိုယ်မှတ်မိသမျှ ရေးမည် ဆိုလျှင် ပြောမဆုံးပေါင် တောသုံး တောင်ဖြစ်သွားနိုင်ပါသည်။ ဆရာ ကြီးဗမိုးသည် ပုဂ္ဂိုလ်ရေးနှင့်ပတ်သက် လျှင် ကိုယ်တိုင်လည်း မရေး၊ သူများတကာ က ရေးခြင်းကိုလည်း လက်မခံ ဟုထင်ပါသည်။

ကျွန်ုပ်သိသလောက် ဆရာကြီး ဗမိုးသည် အမေရိကမှ ပညာတော် သင်ပြန်လာခဲ့သောဘဏ် အရာရှိကြီး ဖြစ်၍ အင်္ဂလိပ်စာကျွမ်း ကျင်လိမ္မာ ပြီး၊ အင်္ဂလိပ်စာပေမှခေတ် သစ်ဂန္တ ဝင်လက်ရာ စာရေးဆရာ၊ စာရေး ဆရာ James Hiliton ၏ Goodbye Mr.Chips ၀တ္တု ကို “ဆရာချစ်”ဟု အမည်ပေး၍ မြန်မာပြန် ထုတ်ဝေခဲ့ ရာ ရှာမှရှားသော မြန်မာပြန်စာအုပ် အဖြစ် ကျွန်ုပ်က တစွဲလန်းလန်းဖတ် ရှုနှစ်ခြိုက်ဘဝင်ခိုက်ခဲ့ရပေ၏။ အမေရိကန်ဝတ္တုရေး ဆရာမ Beverley Plain ၏ Evergreen ဝတ္တုကြီးကို ဆရာကြီး ဗမိုးက “စိမ်းမြမြမှိုင်းရီ”ဟု မြန်မာ ပြန်ထုတ်ဝေထားခဲ့ရာ၊ အလွန်စွဲမက်ဖွယ် ရိုမန့်တစ်ဝတ္တုဟု ကျွန်ုပ်ထင်သည်။ ဆရာကြီးဗမိုး၏ မြန်မာပြန်လက်ရာများတွင် တံခွန် စိုက်ခဲ့သည်ကတော့ နိုင်ငံအသီးသီးမှ “မိခင်ဖခင် မေတ္တာဘွဲ့”ဝတ္တုတိုများကို အပင်ပန်း ခံစစ်စစ်ပေါက်ပေါက် ရှာဖွေ၍ “နိုင်ငံတကာ အမေ၊ နိုင်ငံ တကာအဖေ” ဝတ္တုတိုများအဖြစ် စုပေါင်းထုတ်ဝေ ထားခဲ့သော စာ အုပ်ပင်။ (ယခု ရှားပါးလှလေပြီ။)

ဆရာကြီးဗမိုးကား စာပေစွယ် စုံသူဟု ကျွန်ုပ်ပြောချင်သည်။ သူ သည် ဘာသာပြန်လည်းရေး၊ အင်္ဂ လိပ်စာသင်ခန်းစာများလည်း ရေး သည်။ ၁၉၇ဝ ခုနှစ်များအတွင်း မြန် မာ့ဇာတ်သဘင်ဆိုင်ရာဆောင်းပါး များစွာကိုလည်း သတင်းစာများ၌ ရေးခဲ့ဖူးကြောင်း ကျွန်ုပ်မှတ်မိနေ သည်။

ကျွန်ုပ်နှင့် စတင်သိကျွမ်းသော ၁၉၈ဝ ပြည့်နှစ်တစ်ဝိုက်မှာ ဆရာ ကြီးသည် အမေရိကန်ပြန် အင်္ဂလိပ် စာ၊ အင်္ဂလိပ်စကားပြောဆရာတစ် ဆူလုပ်နေသည့်တိုင် ဝတ်ပုံစားပုံ ဘို မဆန်ပေ။ သူ့ကိုကြည့်လိုက်လျှင် မြန် မာပြည်တွင်းဖြစ် ပင်နီရောင်ဖျင် အင်္ကျီလက်တို၊ မာစရိုက်လုံချည်ကွက် စိပ် (ပြည်တွင်းဖြစ်)တို့ကို အမြဲဝတ် ဆင်ထားကြောင်း တွေ့ရပါသည်။ ထူးခြားသည်ကတော့ သူ၏ ပုဆိုး ဝတ်ဟန်ပင်။

“ဟေ့ …ကြူးနှစ်၊ မင်းဗမာ မဟုတ်ဘူးလား”

“ဝုတ်’ဝုတ်ကဲ့ပါ။ ကျွန်တော်ရေ မရောတဲ့ အော်ရီဂျင်နယ် ဗမာစစ်စစ် ပါ ရှာ …” (ကျွန်ုပ်၏ မူးယစ်သံ အတိုင်း)

“မင်းက ဗမာလည်း ဆိုသေး၊ ဝတ်ပုံစားပုံက ဘိုသီဘတ်သီနဲ့ ဗမာ မှ မဆန်ဘဲ၊ ကလေကချေလို ဝတ် ထားတဲ့ အကောင်။ ကြည့်စမ်း လုံ ချည်ခါးပုံစက မြေကြီးတိုက်နေပြီ”

“ဆောဒီး ခင်ဗျာ၊ ဆောဒီး၊ အိတ်ကျူးစ်မီ”

“ဟေ့ …ဗမာဆိုရင် ဗမာလို ပြောကွ”

“ဝုတ် …ဝုတ်ကဲ့ပါ ရှာ” (အာလေးလျှာလေးသံ)

“နားထောင်၊ မင်းကို ငါပြောပြ မယ်”

ဆရာကြီး ဗမိုး၏ မိခင်သည် မြန်မာလူမျိုးပီပီ မြန်မာ့ယဉ်ကျေးမှု ကို မြတ်နိုးလိုက်နာပြီး သားတော် မောင်ဗမိုးကလေးကို ငယ်စဉ်ကစ၍ မြန်မာဆန်ဆန် ဝတ်တတ်စားတတ် နေတတ်ထိုင်တတ်၊ ပြောတတ်ဆို တတ်အောင် သွန်သင်ဆုံးမခဲ့သည်ဟု ဆိုလေသည်။

“မင်းပုဆိုးဝတ်ပုံဝတ်နည်းက ပေါက်လွှတ်ပဲစား၊ ကြမ်းပိုးတေလေ ဝတ်နည်းတွေ၊ ကြည့်စမ်း ချက် အောက်ကိုက ဟပြီး ဆီးခုံပေါ်မှာ ချိတ်ထားတယ်။ ပုဆိုးအောက်နားစ က ဒူးခေါင်းနားရောက်နေပြီ။ အဲဒါ ကူလီဝတ်နည်းကွ၊ ဘာလဲ၊ မင်းကူလီ ထမ်းစားမလို့လား “

“ဝုတ်ကဲ့ပါရှာ၊ အိုယောင်လို့၊ အနုပညာရှင်ဆိုတာက ဝတ်ပုံစားပုံ ကို သိပ်ဂရုစိုက်လေ့မရှိပါဘူးရှာ”

“ဘာဆိုင်လဲကွ၊ မိုက်ကယ်ဂျက် ဆင် ကမ္ဘာကျော်နေတာ ကြည့်စမ်း၊ အဆိုအက အပြင် အဝတ်အစား ဂရု စိုက်တာလည်း ပါတယ်ဆိုတာ မင်း သတိထား”

“ကုလားတွေက လက်ကောက် ဒွါဒရာတွေ၊ နားသံသီးတွေ ဝါသနာ ပါတယ် ရှာရဲ့”

“ဟေ့ကောင်၊ မိုက်ကယ်ဂျက် ဆင်က ကုလားမှမဟုတ်တာ၊ သူက နီဂရိုးတွေ ပါရမီရှင် နီဂရိုး ဘာမှတ် လဲ”

“ရှာကြီး မိုက်ကယ်ဂျက်ဆင်ကို အားကျရင် သူ့လို ဝတ်စားဆင်ယင် ပါလားဗျာ”ဟု အော်ပြောပြီး ကျွန်ုပ် သည် မူးကြောင်ရူးကြောင်နှင့်။ ထွက် ပြေးပါလေသည်။

ဆရာကြီးဗမိုးသည် “လူကြီးလူ ကောင်းပီသစွာ” ကျွန်ုပ်ကဲ့သို့ အမိုက် အမဲကို ဗွေမယူဘဲ ခွင့်လွှတ်သည်းခံ ခဲ့ပါသည်။ ကျွန်ုပ်ကောင်းကောင်းမွန် မွန်နေသည့်အခါ ဆရာဗမိုးနှင့်”လေ ထန်ကုန်း”လက်ဖက်ရည်ဆိုင်တွင် စကားလက်ဆုံကျပါသည်။ သူက ဆရာကြီးဆိုပြီး ငါ့စကား နွားရလည်း မပြော၊ သမားဂုဏ်လည်း မပြ၊ မာန မျက်နှာထားကြီးနှင့်လည်း မနေတတ် ပါ။ သူက အောက်တန်းစာရေးရုံးဝန် ထမ်းလောက်တောင် ပြောင်ပြောင် ရောင်ရောင် ဝတ်ဆင်မထားသော် လည်း ပြောဟန်ဆိုဟန်၊ လေယူလေ သိမ်းက။ ပညာတတ်လူကြီးလူကောင်း ဆန်လှပါ၏။ သို့သော် သူလည်း ပုထု ဇဉ်သာဖြစ်၏။

တစ်နေ့သောအခါ ကျွန်ုပ်က မိမိနှင့် အဆင်မပြေလှသော အယ်ဒီ တာတစ်ယောက်အကြောင်းကို ဆရာ ကြီး ဗမိုးအား ရင်ဖွင့်ပြသည်။ ထို အယ်ဒီတာမှာ စာနယ်ဇင်းလောက တွင် နာမည်တစ်လုံးနှင့် နေကာ ဘဝင်မြင့်မည်ဆိုက မြင့်လောက်ပါ တယ်။ ကျွန်ုပ်ကတော့ ဘဝမြင့်သူဆို လျှင် အလွန်အော့နှလုံးနာတတ်ပါ သည်။ ကျွန်ုပ်၏ ကျေးဇူးရှင်ဆရာရင်း တွေ မှန်သမျှ ပညာဂုဏ်ရှိန်ကြီးမား သလောက် ဘဝင်မမြင့်၊ မာနမကြီးကြ ပါ။ သားအရွယ်၊ တူအရွယ်တွေကို “ကျွန်တော်၊ ခင်ဗျား”သုံးနှုန်းပြီး နှိမ့် ချဆက်ဆံတတ်ကြပါသည်။

“ဟေ့ …ကြူးနှစ်၊ ဘဝင်မြင့် တဲ့ အဲဒီခွေးကောင်ရဲ့ မဂ္ဂဇင်းမှာ မရေးနဲ့ကွ၊ တခြားမှာ ရေး၊ ရေးစရာ နေရာတွေ တစ်ပုံကြီးပါကွာ”ဟု ဆရာကြီးဦးဗမိုးက ကျွန်ုပ်အား ခွန် အားတိုးမြှင့်ပေးပါသည်။

ကျွန်ုပ်ကလည်း စာပေလောက ထဲဝင်လာကတည်းက မည်သည့် အယ်ဒီတာကိုမျှ အောက်ကျို့ပေါင်းခဲ့ သူမဟုတ်။ ကိုယ့်စာမူကြိုက်ရင်သုံး၊ သုံးရင် တန်ရာတန်ကြေး ဥာဏ်ပူ ဇော်ခပေး။ မကြိုက်ရင် မသုံးနဲ့။ လွှင့် ပစ်လိုက်။ (အင်း) သူတော်ကောင်း ကို နတ်ကောင်း မတာပါပဲ။ ကနေ့ အထိ ကျွန်ုပ်၏ စာမူဆိုလျှင် သုံးကြ တာများပါသည်။ တစ်သက်လုံးအ ပယ်ခံခဲ့ရတာ ၅ ပုဒ်ပင် ပြည့်ချင်မှ ပြည့်မည်။ အဟောဝတ ကောင်းလေ စွ၊ ကောင်းလေစွ။

အဲသည်ခေတ်က အနော်ရထာ လမ်းမပေါ် မြောက်ဘက်ခြမ်းမျက် နှာစာတန်းမှာ ရှေ့ပိုင်းမှာ မုန့်ပဲသွား ရည်စာ။ အချိုရည်တွေ ဘန်းပြပြီး အတွင်းထဲမှာ အရက်ပုန်းရောင်း သော တရုတ်ဆိုင်တစ်ဆိုင်ရှိသည်။ တော်ရုံတန်ရုံလူမသိ။ ကျွန်ုပ်လည်း ရန်ကင်းကဗျာဆရာဟောင်း ဘုန်း မြင့်သွေး လမ်းညွှန်၍ ထိုလျှို့ဝှက် အရက်ပုန်းဆိုင်သို့ ရောက်ဖူးသွား ခြင်းဖြစ်၏။

ထိုစဉ်က ကျွန်ုပ်သည် အရက်နွံ မှာ ကျွန်ဖြစ်နေခဲ့ရာ နေ့ခင်းကြောင် တောင်ကြီး အရက်ဆာလာသဖြင့် ထို အရက်ပုန်းဆိုင်ကလေးထဲသို့ ကမူး ရှုးတိုးဝင်သွားခဲ့သည်။ ဆိုင်ထဲအ ရောက် ကျွန်ုပ်မှာ လေဖြတ်ခံရသလို မလှုပ်မယှက်ဖြစ်သွားရပါသည်။
ကျွန်ုပ်က သူတော်ကောင်းစာ ရင်းသွင်းထားခဲ့သူ ဆရာကြီးဗမိုး သည် တစ်ကိုယ်တော် ဘီယာစုတ်နေ ပါရောလား …။

“ဟေ့ ကြူးနှစ်လာကွာ၊ ရေငတ် ပြေ ဘီယာသောက်ကြရအောင်”

အို …ချစ်ဖွယ်ကောင်းလှပါ သော ဆရာကြီး ဗမိုးပါတကား ။ ။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*