ကိုယ်တိုင်ဒါရိုက်တာလုပ်ရိုက်ကူးခဲ့တဲ့ ပိုပို ရဲ့ ‘ပိတောက်တစ်ခက်နဲ့ရေတစ်ခွက်’ သီချင်း

ကိုယ်တိုင်ဒါရိုက်တာလုပ်ရိုက်ကူးခဲ့တဲ့ ပိုပို ရဲ့ ‘ပိတောက်တစ်ခက်နဲ့ရေတစ်ခွက်’ သီချင်း
March 11, 2019 Asian Fame
ကိုယ်တိုင်ဒါရိုက်တာလုပ်ရိုက်ကူးခဲ့တဲ့ ပိုပို ရဲ့ ‘ပိတောက်တစ်ခက်နဲ့ရေတစ်ခွက်’ သီချင်း

သင်္ကြန်တွင်းမှာ ညီမကို စိတ်မချတဲ့အစ်ကိုနဲ့ညီမကိုလာပိုးကြတဲ့ကောင်လေးတွေအကြောင်းကိုအခြေတည်ပြီး ရိုက်ကူးထားတဲ့ ပိုပိုရဲ့ ‘ပိတောက်တစ်ခက်နဲ့ရေတစ်ခွက်’ သီချင်း အမ်တီဗီမှာ ပိုပိုက ကိုယ်တိုင်လည်းပါဝင်သရုပ်ဆောင်သလို ကိုယ်တိုင်လည်းဒါရိုက်တာလုပ်ဖြစ်ခဲ့ပါတယ်။ မတ်လဒုတိယအပတ်ထဲမှာ အွန်လိုင်းမှာတင်ဖြစ်မယ့်’ပိတောက်တစ်ခက်နဲ့ရေတစ်ခွက်’ သီချင်းရိုက်ကူးမှုတွေအကြောင်းကို ပိုပိုက. . .

“အစ်ကိုက ဘေးနားမှာ ကန့်လန့် ကန့်လန့် နဲ့ အမြဲတမ်းပါနေတယ်။ ဟိုလေးယောက်နဲ့တွေ့တာပေါ့နော်။အောင်လေးရယ်၊မျိုးကိုကိုကျော်ရယ်၊သုတရယ်၊လင်းရောင်ခေတ်ရယ်ပေါ့။ သူတို့ကလည်းမဏ္ဍပ်အောက်ကနေပြုံးပြ၊နှုတ်ဆက်ပြတဲ့အချိန်မှာ ကိုယ်ကလည်းပြန်ပြုံးပြတာပေါ့။ဒါပေမယ့်လည်း အစ်ကိုကရှိနေတော့ အဲဒီရက်မှာလည်းဘာမှမလုပ်ဖြစ်ဘူး။နောက်နေ့လည်းကျရော မဏ္ဍပ်ပေါ်တတ်ပြီး ရေတွေဘာတွေလောင်းကြတယ်။အစ်ကိုကမျက်စောင်းထိုးပြန်ရော။အဲ့ဒါနဲ့သူတို့ကလည်းစဉ်းစားလိုက်တယ်။ဒီအစ်ကိုနဲ့တော့မဖြစ်ဘူး။တစ်ခုခုတော့လုပ်မှရမယ်ဆိုတာနဲ့ သူတို့သူငယ်ချင်းကောင်မလေးတစ်ယောက်နဲ့မိတ်ဆက်ပေးလိုက်တယ်။

မိတ်ဆက်ပေးရင်းနဲ့ အစ်ကိုက ကောင်မလေးကို ကြောင်နေတဲ့အချိန် ပိုပိုကသူတို့နဲ့လျှောက်လည်တာပေါ့နော်။အပျော်လေးပေါ့။ သင်္ကြန်မှာဆိုလို့ရှိရင်အနည်းဆုံးတော့ ကိုယ့်ညီမကိုစိတ်မချတဲ့အစ်ကိုတွေ၊မောင်တွေလည်းရှိတယ်လေ။အဲဒီလိုမျိုးလေးကို ကိုယ်ကထည့်ပြီး ရိုက်ထားတာ။ပြီးတော့ နောက်ဆုံးလည်းကျရော အားလုံးကအဆင်ပြေသွားပြီး သူငယ်ချင်းတွေဖြစ်သွားကြရော။မုန့်လုံးရေပေါ်တွေစားကြ၊ ငရုတ်သီးတွေထည့်ကျွေးတာတို့၊အိုးမည်းတွေဝိုင်းသုတ်တာတို့။အပျော်လေးတွေလျှောက်ထည့်တယ်။ နှစ်ဆန်းတစ်ရက်နေ့မှာတော့ မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုအရငှက်ကလေးတွေလွှတ်မယ်။ငါးလေးတွေလွှတ်မယ်။ဒီထဲမှာလည်းအနုပညာရှင်တွေ အများကြီးပါတယ်။ We Love Po Po Fans တွေလည်းပါတယ်” လို့ ပိုပိုကပြောပြခဲ့ပါတယ်။

 

မျိုးမောင်၊
ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*