၆ လွှာက ကဗျာတစ်ပုဒ်

၆ လွှာက ကဗျာတစ်ပုဒ်
March 6, 2019 Asian Fame

ကဗျာဆရာ ခြောက်လွှာမှာ နေ သည်။
ကဗျာဆရာသည် မြို့လယ်ခေါင် က ခြောက်ထပ်တိုက်၏ အပေါ်ဆုံး ထပ်ခြောက်လွှာ၌ ရောက်ရှိနေသည်။ ကဗျာဆရာရောက်ရှိနေသော အခန်း ကို ပိုင်ဆိုင်သူမှာ အိန္ဒိယအမျိုးသမီး ကြီး တစ်ဦးဖြစ်သည်။ ထိုအမျိုးသမီး ကြီးထံမှ တိုက်ခန်းကို နှစ်ဝက်စာ ပေး၍ နေထိုင်ခြင်းဖြစ်လေသည်။ ကဗျာဆရာသည် တိုက်ခန်းထဲရှိ မီးခလုတ်တစ်ခုကို ဖွင့်လိုက်သည်။ ဖျပ်ကနဲ မီးလင်းလာသည်။ ကဗျာ ဆရာသည် တိုက်ခန်းထဲရှိ ရေပိုက် ခေါင်းကို ဖွင့်လိုက်သည်။ ဝေါကနဲ ရေများ ထွက်ကျလာသည်။ ဤမျှနှင့် ဆိုလျှင် လုံလောက်ပေပြီ။ ကဗျာ ဆရာသည် ခြောက်လွှာတိုက်ခန်းမှာ နေထိုင်ရင်း စာအုပ်တစ်အုပ် ရေး သားဖို့ စိတ်ကူးထားသည်။ ကဗျာ ဆရာသည် ရိုးစင်းသော ဘဝ၊ ရိုးစင်း သော အကြောင်းအရာများကို ယခု နှစ်များထဲတွင် ပို၍ စိတ်ဝင်စားလာ သည်။ ရိုးစင်းသော သာမန်အည တြ အကြောင်းအရာတစ်ခုကို မွေ့လျော် ဖွယ်နှစ်သက်ဖွယ်ဖြစ်အောင် ဖန်တီး လိုသည်။ ဥပမာဆိုရလျှင် ခြောက် သွေ့ဆွေးမြည့်နေသော သစ်ရွက် ကြွေတစ်ခုကို မြေတွင်းအောင်းပိုး ကောင်ငယ်ကလေးတစ်ကောင်က ကိုက်ဖြတ်စားနေပုံဖြစ်သည်။ ဘာမျှ အရေးမကြီး။ ထူးဆန်းမနေ။ သာ မန်မျှ ယင်းကို ကဗျာဆရာက ရေး သားလိုခြင်းပင်။ ကဗျာဆရာသည် ရံဖန်ရံခါ ဗွိုင်ယေဂျာ ၂ အာကာသ ယာဉ်က နေစကြာဝဠာကို လွန် မြောက်ကာ ဖြတ်သန်းသွားပုံကို စဉ်း စားမိခဲ့သည်။ သို့သော်လည်း သူရေး သားလိုသည်မှာ အညတြမျှ။ ပြ တင်းဝမှ ဖြတ်ဝင်လာသော လေပြေ ထဲ၌ စာရွက်တစ်ရွက် တဖျပ်ဖျပ်လှုပ် နေသည်။ ကဗျာဆရာသည် စာရွက် လှုပ်နေသည်ကို ကြည့်နေသည်။ လေ ပြည်ထဲက စာလုံးအက္ခရာများသည် လှုပ်နေသော စာရွက်ပေါ်မှာ စွဲထင် လာတော့သည်ဟု သူစိတ်ကူးကြည့် သည်။ ဝေးဝေးက လာခဲ့ရ၊ ပျံသန်း လို့သာ၊ ငါဟာ လေပြည်။ ကဗျာ ဆရာသည် ခြောက်လွှာက အခန်းထဲ မှာ ရှိနေသည်။ လေပြည်က လတ် ဆတ် သန့်ရှင်းနေသည်။ ကဗျာဆရာ သည် မွိုင်ရေဂျာ ၂ ကို သတိမရတော့။ လေပြည်သည် သူ့အနီး မှာ။ လေပြည်ထဲမှာ အက္ခရာစာလုံးတွေ ပါလာနိုင်သည်ဆိုခြင်း မှာ ကဗျာဆရာ၏ စိတ်ကူးနယ်ပယ်ကို ချဲ့ထွင်မွမ်းမံ ကြည့်ခြင်း သာ။ လေပြည်ထဲမှာ အက္ခရာစာလုံးတွေ ဘယ်လိုလုပ်ပါရှိ လာ နိုင်မှာလဲ။ လေပြည်သည် အေး၍လတ်ဆတ်သန့်ရှင်းနေသည်။ လေပြည်ထဲမှာ အသက်ဓာတ်များ ပါဝင်လာနိုင်သည်။ ဤအချက်ကို ကဗျာဆရာ၏ ယုတ္တိဗေဒနည်းကျ စဉ်းစားပုံက လက်ခံလိုက်သည်။ ကဗျာဆရာသည် ၆ လွှာဝရံတာမှ လမ်းမကို ငုံ့ကြည့်လိုက်သည်။ လမ်းမသည် ငြိမ်သက်နေသည်။ မော်တော်ယာဉ်များက အေးအေး လူလူပင် မောင်းနှင် သွားလာနေကြ သည်။ လူအချို့လမ်း လျှောက်နေ သည်ကို မြင်ရသည်။ အဆောက်အဦး အချို့၏ ခေါင်မိုးနှင့် အပေါ်ပိုင်းကို မြင်တွေ့နေရသည်။ ဟိုတစ်ဖက်မီး ပွိုင့်ယာဉ်ထိန်းရဲတစ်ယောက်ကို မတ် မတ်ရပ်နေလျှက် မြင်ရသည်။ ကဗျာ ဆရာသည် ရုတ်တရက် ဗွိုင်ယေဂျာ ၂ အာကာသယာဉ်ကို သတိရလာ သည်။ ကဗျာဆရာသည် ခြောက် လွှာရှိ အခန်းထဲမှာ ရောက်ရှိနေသော မိမိအဖြစ်ကို ပြန်သတိရ လာသည်။ လှေကားထစ်များကို တစ်ခုချင်း လှမ်းတက်လာ ရပုံကိုလည်း သတိရ လာသည်။ ကဗျာဆရာကို ဆရာ ဝန်က နေ့စဉ်နာရီဝက်ခန့် လမ်း လျှောက်ပါဟု ညွှန်ကြားထားသည်။ ကဗျာဆရာကိုယ် တိုင်ကလည်း တောင်တက်ခြင်း၊ လမ်းလျှောက် ခြင်းတို့ကို စိတ်ဝင်စားသည်။ ယခု တော့ သူသည် ခြောက်လွှာမှာ ဆင်း ရတက်ရသည်။ ယင်းသည် နေ့စဉ် ဘဝဖြစ်သည်။ ယင်းသည် လှုပ်ရှား ရုန်းကန် မှုတစ်ခုဖြစ်သည်။ ယင်း သည် ရှင်သန်ခြင်းဖြစ်သည်။ ကဗျာ ဆရာ၏ အိပ်ယာဘေးတွင် မနေ့ ညက ဖတ်လက်စစာအုပ်တစ်အုပ် ရှိသည်။ စာရေးစားပွဲပေါ်မှာ စာရွက် လွတ်ရှိသည်။ ကဗျာဆရာသည် မနေ့ညက အိပ်ရေးဝဝ အိပ်ခဲ့ရသည်။ သူအကြာကြီး အိပ်စက်ခဲ့ခြင်း ဖြစ် သည်။ ကဗျာဆရာသည် စာရေး စားပွဲပေါ်မှာ စာရွက်ကို ကြည့်နေ သည်။ စာရွက်ပေါ်မှာ မရေးရသေး သော စာလုံးအက္ခရာများကို မြင်နေ ရသလိုပင်။ ရှုပါ။

ဝေးဝေးက လာခဲ့ရ
ပျံသန်းလို့သာ
ငါဟာ လေပြည်။

နေမျိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*