လူအိုရုံနဲ့သာ ထိုက်ခဲ့လေသလား

လူအိုရုံနဲ့သာ ထိုက်ခဲ့လေသလား
March 6, 2019 Asian Fame

မျှော်​လင့်​ချက်​မရှိစွာ ​စောင့်​​ရှောက်​ခဲ့သမျှ
မျှော်​လင့်​ချက်​မဲ့ခဲ့ရ
ရယူလိုစိတ်​ဆိုတာ မထားခဲ့ဖူးတဲ့
သံ​ယောဇဉ်​တစ်​ခုက
အ​နှောင်​အဖွဲ့​အသစ်​​ကြောင့်
ထားသွားခဲ့​လေခြင်း
ဝတ္တရားလို့ အမည်​ခံထိုက်​ခဲ့ဖို့မဟုတ်
ရင်​နဲ့ရင်းပြီး ​ချစ်​ခဲ့ဖူးတဲ့အဖြူထည်​​မေတ္တာ
ဘဝနဲ့ရင်းပြီး ​မွေးထုတ်​ထားခဲ့​လေသမျှ
အရွယ်​​တွေအို ပျိုမြစ်​ခြင်းကင်းမှ
ရှောင်​ဖယ်​ခွာ သည်​အဖြူထည်​​မေတ္တာများ
ပါး​ရေ​တွေတွန့်​ နား​တွေထိုင်းမှ
အ​ဖော်​တွဲစရာ သမီးသားမရှိ
တောင်​​ဝှေး​လေးသာ ဖြစ်​ခဲ့၏ ။
တံစက်​မြိတ်​ရဲ့ အမြင့်​ကို
က​လေး​လေးဟာ မ​ကျော်​နိုင်​ခဲ့​တော့
ကိုယ့်​လက်​ညှိုးက ဒီ​တောင်​ကို​ကျော်​ဖြတ်​​စေခဲ့
သြော်​ ဘဝ ဘဝရယ်​လို့
အိုဇာတာ ညံ့ခဲ့ခြင်းလား
ကုသိုလ်​အထုံ နည်းခဲ့ခြင်းလား
မိရယ်​ ဘရယ်​လို့ အိုစာလာတိုင်း
လူအိုရုံသာ ထိုက်​တန်​သတဲ့​လေလား ။
ဝဋ်​​​ကြွေးတွေဆိုတာ ဆပ်​လို့မကုန်​​သောဥစ္စာ
ကံ​ကြွေး​တွေဆိုတာ အပ်​လို့မကုန်​​သောပုစ္ဆာ
အ​ဖြေရှာမရခဲ့သလို
အ​ဖြေရှာမတတ်​ခဲ့​လေဘူး ။
အိုမင်းမစွမ်း​တော့မှ မစွမ်းနိုင်​​လေတဲ့
ဒီခန္ဓာဟာ လူအိုရုံနှင့်​သာထိုက်​ခဲ့​လေသလား
မိဘ​မေတ္တာရဲ့​ရောင်​ပြန်​ဟပ်​မှုက
သမီး၊ သား ကရုဏာမဟုတ်​​ပေဘူးလား
လူအိုရုံနှင့်​သာ ထိုက်​တန်​​ခဲ့​လေသလား ။

ဆောင်းသီငှက်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*