လိုအပ်ချက်ရှိရင် ဝေဖန်ပေးကြပါလို့ ဆိုလာတဲ့ အောင်ရေချမ်း

လိုအပ်ချက်ရှိရင် ဝေဖန်ပေးကြပါလို့ ဆိုလာတဲ့ အောင်ရေချမ်း
March 6, 2019 Asian Fame
လိုအပ်ချက်ရှိရင် ဝေဖန်ပေးကြပါလို့ ဆိုလာတဲ့ အောင်ရေချမ်း

ရုပ်သံဇာတ်လမ်းတွဲကနေ ပရိ သတ်တွေ အားပေးလက်ခံလာတဲ့သူ ကတော့ သရုပ်ဆောင် အောင်ရေ ချမ်းပါပဲ။ သူဟာ မြိုင်ဇာတ်လမ်းတွဲ မှာတော့ ကိုတင်ဖေအဖြစ် သရုပ် ဆောင်ခဲ့သလို ဇာတ်ရုပ်ပီမြင်မှုအ တွက်လည်း ပရိသတ်တွေရဲ့အားပေး မှုကိုရရှိခဲ့ပါတယ်။ အခုလက်ရှိမှာ လည်းကျွန်မက မဟေသီဇာတ်လမ်း တွဲမှာလည်း မင်းမျိုးမင်းနွယ်အဖြစ် သရုပ်ဆောင်ထားပါတယ်။ တစ်ကား နဲ့ တစ်ကားကာရိုက်တာချင်းမတူတဲ့ အတွက် ဇာတ်ရုပ်အတွက် ကြိုတင် ပြင်ဆင်ရမှုအပိုင်းကိုလည်း အောင် ရေချမ်းက…

“ကျွန်တော့်အနေနဲ့ ဇာတ်ညွှန်းကိုသေချာဖတ်တယ်။ တစ်ခါတလကြရင် ရှေ့ဇာတ်လမ်း တွဲအတွက် ခြောက်လလောက်ရိုက်ခဲ့ တဲ့ အိုက်တင်က စွဲလာတာမျိုးတွေဖြစ် တတ်တယ်။
အဲဒါလေးကိုလည်း ဆရာမက ဖျောက်ပေးပါတယ်။ ပြီးတော့ ကျွန် တော်ကိုယ်တိုင်ကလည်း ဇာတ်ညွှန်းရပြီဆိုတာနဲ့ အိမ်မှာလည်း လေ့ကျင့် တယ်”လို့ သူ့ရဲ့ပြင်ဆင်မှုပိုင်းကို ပြောပြပါတယ်။

အောင်ရေချမ်း အရင် ရိုက်ခဲ့တဲ့ဇာတ်လမ်းတွဲတွေက ဒရမ် မာတွေများပါတယ်။ ဟာသအနေနဲ့ ကတော့ ကျွန်မက မဟေသီဇာတ် လမ်းတွဲမှာ စတင်သရုပ်ဆောင်ရတာ လည်းဖြစ်ပါတယ်။ ဟာသဇာတ်ရုပ်နဲ့ ပတ်သက်လို့လည်း အောင်ရေချမ်း က …

“ကျွန်တော့်အနေနဲ့ ဟာသ ကို အများကြီးမလုပ်ဖူးပါဘူး။ အခုမှ မာန်ဟိန်းနဲ့တွဲပြီးတော့ သရုပ်ဆောင် ဖြစ်တာပါ။ ကျွန်မက မဟေသီက နောက်ပိုင်းမှာလည်း ခံစားချက်တွေ နဲ့ သရုပ်ဆောင်ရတဲ့ အခန်းတွေ အ များကြီးကျန်ပါသေးတယ်။ ပရိ သတ်တွေက ပြောကြတယ်။ ဗီဒီယို ထွက်ပြီးသားဇာတ်ကားကို ဘာ ကြောင့် ပြန်ရိုက်တာလဲပေါ့။ သူ့ရဲ့ taste ကတော့ မတူပါဘူး။ ဝတ္တုရေးတဲ ဆရာမ ရှင်မကတော့ အတူတူ ပါပဲ။ ဝတ္တုအတိုင်းပဲသွားတာပါ။ ဒါ ပေမဲ့ဇာတ်လမ်းတွဲရဲ့ taste ကတော့ မတူပါဘူး။ ဇာတ်လမ်းတွဲက တစ်မျိုး သွားမှာပါ။ ကြည့်ရှုအားပေးကြပါဦး။ ကျွန်တော်တို့မှာ လိုအပ်ချက်ရှိရင် လည်း ဝေဖန်ပြီးတော့အားပေးကြပါ။ ကျွန်တော်တို့က အိုက်တင်သမားတွေ ဖြစ်တဲ့အတွက် အိုက်တင်ကိုပဲ ဦးစား ပေးလုပ်ကြတာပါ” လို့ ပြောပြခဲ့ပါ တယ်။

လင်းအက္ခရာ၊

ဓာတ်ပုံ-အောင်နိုင်စိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*