Heineken Beer
Heineken Beer

စာဖတ်​တတ်​တဲ့ အကျင့်​ရအောင်​ သား ဖြစ်​သူကို ခြောက်​လသားအရွယ်​ကတည်းကစပြီး စာပြပေးဖြစ်​နေတဲ့ သဉ္ဇာနွယ်​ဝင်း

စာဖတ်​တတ်​တဲ့ အကျင့်​ရအောင်​ သား ဖြစ်​သူကို ခြောက်​လသားအရွယ်​ကတည်းကစပြီး စာပြပေးဖြစ်​နေတဲ့ သဉ္ဇာနွယ်​ဝင်း
March 6, 2019 Asian Fame

ပရိသတ်​တွေရဲ့ အချစ်​တော်​ မင်းသမီးသဉ္ဇာနွယ်ဝင်း ကတော့ အိမ်​ထောင်​ကျသွားတဲ့အချိန်​မှာ အနုပညာအလုပ်​နဲ့ ဝေးကွာသွားခဲ့ပါတယ်။ ခင်​ပွန်းသည်​နဲ့ သားဖြစ်​သူကိုပဲ အချိန်​တွေ အပြည့်​အဝပေးကာ ဂရုစိုက်​ပြုစုနေတဲ့ အိမ်​ထောင်​ရှင်​မကောင်း တစ်​ယောက်​လည်း ဖြစ်​ပါတယ်​။ အနုပညာအလုပ်​သိပ်​မလုပ်​ဖြစ်​ပေမယ့်​လည်း အခုရက်​ပိုင်းအတွင်းမှာ တစ်​ရက်​ထဲ ရိုက်​လို့ပြီး စီးတဲ့ မိသားစုလိုက်​ကြော်​ငြာလေးတွေ လက်​ခံရိုက်​ကူး ဖြစ်​နေတယ်​လို့ ပြော ပြပါတယ်​။ မင်းသမီးလုပ်​ခဲ့တဲ့အချိန်​နဲ့ အိမ်​ထောင်​ရှင်​မလုပ်​ရတဲ့ အချိန်​နဲ့က မတူကွဲပြားခြားနား တယ်​ဆိုတာကိုလည်း သဉ္ဇာနွယ်​ဝင်းက…

“မင်းသမီးလုပ်​ရတဲ့အချိန်​နဲ့ အခုအိမ်​ထောင်​ရှင်​မလုပ်​ရတဲ့အချိန်​နဲ့က လုံးဝမတူဘူး။ အခုက ကလေးအမေလည်း ဖြစ်​သွားပြီ ဆိုတော့ အရင်​ကလို အလှအပတွေလည်း သိပ်မကြိုက်​ တတ်​တော့ဘူး။ အရင်​တုန်းက မင်းသမီးလုပ်​ရတာဆို တော့ နာမည်​အ တက်​အကျလည်း ရှိတယ်​။ စိတ်​က Depression တအားဝင်​တယ်​။ အခုအချိန်​မှာ စိတ်​ကပိုတည်​ငြိမ်လာတယ်​။ ပိုပြီးတော့ ရင့်ကျက်​လာတယ်​လို့လည်း ခံစားရတယ်​။ အိမ်​ထောင်​ရှင်​မလုပ်​နေရတာပိုပျော်​တယ်​။ ကိုယ့် ရဲ့အမျိုးသားကလည်း ပျော်​အောင်​ထား တယ်။ ကိုယ့်​အိမ်​ထောင်​နဲ့ကိုယ်​သာယာနေတော့ အနုပညာအလုပ်​မလုပ်​ရလို့ စိတ်​မကောင်းတော့ သိပ်​မဖြစ်​တော့ဘူး” လို့ ပြောပြပါတယ်​။ အခုအချိန်​မှာ သားဖြစ်​သူကို စာပြပေးဖြစ်​နေတယ်​ဆိုတာကိုလည်း…

“အခုသားသားက တစ်​နှစ်​နဲ့ သုံးလရှိနေပြီ။ သူ့ကိုအိမ်​မှာ အဓိက စာပြပေးဖြစ်​နေတယ်​။ စာပြတယ်​ဆိုတာ ထက်​ အရုပ်​ပုံတစ်​ပုံမှာ စာကြောင်းတစ်​ကြောင်းပဲပါတာတွေကို အဓိက ထားပြီး ပြပေးဖြစ်​နေတယ်​။ သူငယ်​ငယ်​လေးကတည်းက စာဖတ်​တာ ဝါသနာပါသွား အောင်​ လေ့ကျင့်​ပေးဖြစ်​တာပါ။ ခြောက်​လသားအရွယ်​လောက်​ကတည်းက သူ့ကို စာပြပေးဖြစ်​တယ်​”လို့ ပြောပြပါတယ်​။
သားဖြစ်​သူရဲ့ ချစ်​ဖို့ကောင်းတဲ့ အရာတွေကိုလည်း…

“သားသားလေးက တအားချစ်​ဖို့ကောင်းတယ်​။ အိမ်​မှာသူ့ကိုစာပြပေးနေရင်းနဲ့ အိပ်​ပျော်​သွားရင်​လည်း ချစ်​ဖို့ကောင်းနေတာပဲ။ အခုသဉ္ဇာ့အမျိုးသားရဲ့ စီးပွားရေးအလုပ်​တွေကို ဝိုင်းကူပြီး သိပ်​မလုပ်​ပေးဖြစ်​တော့ဘူး။ သားသား လေးကိုပဲ အဓိကအချိန်​ပေးပြီး ထိန်း ဖြစ်​နေတယ်​။ သားသားလေးရဲ့ အဖေကလည်း အလုပ်​က ပြန်​လာပြီ ဆိုရင်​ သားသားလေးနဲ့ ဆော့တယ်​။ တစ်​ခါတလေ အိမ်​မှာနေရင်းနဲ့ သားသားလေးက သူ့အဖေကို လွမ်းတယ်​ဆိုရင်ံHot Pot City ကို လိုက်​သွားဖြစ်​တယ်​။ သားသား လေးကို သူ အားရင်​ သူထိန်းတယ်​။ သူမအားရင်​ သဉ္ဇာထိန်းတယ်​။ သားသား လေးက တအားကိုချစ်​ဖို့ကောင်းတယ်​”လို့ လည်း သဉ္ဇာနွယ်​ဝင်းက ပြောပြခဲ့ပါ သေးတယ်​။

ခိုင်​ဝါဝင်း
ဓာတ်​ပုံ- အောင်​နိုင်​စိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*