ကျွန်တော်ရေးခဲ့သော စာအုပ်များ(၂၃)

ကျွန်တော်ရေးခဲ့သော စာအုပ်များ(၂၃)
February 27, 2019 Asian Fame
ကျွန်တော်ရေးခဲ့သော စာအုပ်များ(၂၃)

ကျွန်တော်ရေးခဲ့သော စာအုပ် များတွင် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဆန် ဆန် ကိုယ်တွေ့အတွေ့အကြုံများကို ရေးသော စာအုပ်များ ပါဝင်ပါသည်။ စာနယ်ဇင်းများတွင် ဆောင်းပါးများ အဖြစ် အခန်းဆက်ရေးပြီး စာအုပ် အဖြစ် စုစည်းပုံဖော်သောစာအုပ်များ ဖြစ်သည်။ ၁၉၅ဝ ဝန်းကျင် ဇာတိ ရပ်ရွာမှ ရန်ကုန်သို့ ပြောင်းလာချိန် ကစ၍ ကျွန်တော့်အသက် ၄ဝ အ ရွယ်၊ အိမ်ထောင်ရှင်ဘဝမှာ သမီး ကလေး ဖွားမြင်သည့်အချိန်အထိ အတွေ့အကြုံများကို မြို့တော် (ရန် ကုန်)မဂ္ဂဇင်းတွင်း လစဉ်ရေးပြီး နှစ် လေးဆယ်ဘဝမှတ်တိုင်များ အမည် ဖြင့် စာအုပ်ထုတ်ဝေခဲ့ပါသည်။ ပညာတန်ဆောင်မဂ္ဂဇင်းမှာ ရေး သောကျောင်းသားဘဝအတွေ့အကြုံ များနှင့် တက္ကသိုလ်ဆရာဘဝအတွေ့ အကြုံများသည်လည်း ဆရာနှင့် တပည့် တပည့်နှင့် ဆရာ အမည်ဖြင့် စာအုပ်ဖြစ်လာပါသည်။ ဂျပန်နိုင်ငံ အိုဆာကာ နိုင်ငံခြားဘာသာသင် တက္ကသိုလ်တွင် မြန်မာစာဧည့်ပါ မောက္ခအဖြစ် ၂ နှစ်တာဝန်ထမ်း ဆောင်စဉ် အတွေ့အကြုံများကို အို ဆာကာဧည့်သည် အမည်ဖြင့် စာ အုပ်တစ်အုပ် သီးသန့်ရေးခဲ့ပါသည်။ ပညာနှလုံးသားဆိုသော စာအုပ်က တော့ ကျောင်းသားဘဝမှာ ပညာကို အာရုံပြုခဲ့သည့် အကျိုးအကြောင်း တက္ကသိုလ်ဆရာဘဝတွင် ပညာကိစ္စ များကို ဆက်လက်ဆောင်ရွက်ရသော အတွေ့အကြုံကို ရေးထားခြင်းဖြစ်ပါ သည်။ သင်ကြားရေးနှင့် သုတေသန ကိစ္စများကိုပါ ဆွေးနွေးထားသည်။ ထိုစာအုပ်များ အကြောင်း ‘ပေါ်ပြူ လာ’မှာ ကျွန်တော်ရေးခဲ့ပြီးပါပြီ။

ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိဆန် သော စာအုပ် ၂ အုပ် ဆက်ရေးဖြစ် သည့်အကြောင်းကို ယခုဖော်ပြလိုပါ သည်။ ရန်ကုန်တက္ကသိုလ်နှစ်တစ်ရာ ပြည့်ခါနီးဖြစ်သော ဤကာလတွင် ရန်ကုန်တက္ကသိုလ်နှင့် ဆက်စပ်၍ ကိုယ်တွေ့အတွေ့အကြုံကို အမှတ် တရရေးချင်စိတ်ပေါ်လာသည်။ ကျွန် တော်သည် ရန်ကုန်တက္ကသိုလ် ကျောင်းသားအဖြစ် ၁၉၅၉ ခုနှစ်မှ ၁၉၆၃ ခုနှစ်အထိ ၄ နှစ်နေပြီး ပထမဘွဲ့ဖြစ်သော ဝိဇ္ဇာ (အထွေထွေ ဂုဏ်ထူး)ဘွဲ့ရခဲ့သည်။ ကျောင်းသား ဘဝတွင် တောင်ဥက္ကလာပမှ ကမာ ရွတ်ရှိ ရန်ကုန်တက္ကသိုလ်သို့ နေ့ ကျောင်းသားအဖြစ် ဘတ်စကားစီး ၍ တက်ခဲ့သည်။ ကျောင်းသားဘဝ အတွေ့အကြုံကို ဟိုတစ်ကွက် သည် တစ်ကွက်ရေးဖြစ်ခဲ့သော်လည်း တစ် ဆက်တည်း ဆက်စပ်၍ မရေးဖြစ် သေးပါ။ ထို့ကြောင့် ၂ဝ၁၅ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသားဘဝကို စာ အုပ်တစ်အုပ်သီးသန့်ရေးပြီး ရာပြည့် စာအုပ်တိုက်က ထုတ်ဝေခဲ့သည်။ စာ အုပ်အမည်မှာ တက္ကသိုလ်မြေ ခြေချ ခဲ့သော နေ့ကျောင်းသားတစ်ယောက် ၏ အမှတ်တရများ (ရန်ကုန်တက္က သိုလ် ရာပြည့်အကြို) ဖြစ်ပါသည်။ ဆယ်တန်းအောင်ပြီး ရန်ကုန်တက္က သိုလ်တက်ဖို့ အခြေအနေပေါ်ပေါက် လာပုံဖြင့် အစချီ၍ ရန်ကုန်တက္က သိုလ်မှာ မြန်မာစာဂုဏ်ထူးတန်း တက်ပြီးနောက် အောင်စာရင်းထွက် သည့်အချိန်အထိ ကျောင်းသားဘဝ ကို ပုံဖော်ထားခြင်းဖြစ်သည်။

တက္ကသိုလ်ကျောင်းသားဘဝ တွင် လမ်းဆုံလမ်းခွရောက်သည့်အခါ ဘယ်လမ်းလိုက်မည်ဟု ဆုံးဖြတ်ပြီး တစ်လမ်းကို ရွေးရသော အခြေအနေ နှင့် ကြုံရပုံမှာ အမှတ်ထင်ထင်ဖြစ် စရာ ကောင်းပါသည်။ ဆယ်တန်း အောင်တော့ အလုပ်လုပ်ရမလား ကျောင်းဆက်တက်ရမလား ရွေးချယ် စရာဖြစ်လာရာ ကျောင်းဆက်တက် ဖို့ အခြေအနေပေးသည့်အတွက် တက္ကသိုလ်ကျောင်းသားဖြစ်လာရ သည်။ တက္ကသိုလ်တက်မည်ဆိုတော့ သိပ္ပံဘာသာတွဲယူမလား၊ ဝိဇ္ဇာဘာ သာတွဲယူမလားဆိုသည့် လမ်းဆုံနှင့် ကြုံပြန်သည်။ သိပ္ပံယူလျှင် ရန်ကင်း ကောလိပ်မှာ တက်ရမည်ဖြစ်၍ အိမ် ရှိရာ တောင်ဥက္ကလာပနှင့်နီးသည့် ဝိဇ္ဇာယူလျှင် ထီးတန်းကောလိပ် (ကြည့်မြင်တိုင်)မှာ တက်ရမည်ဖြစ်၍ အိမ်နှင့်ဝေးသည်။ သို့သော် ဝိဇ္ဇာ ဘာသာယူဖို့ စိတ်ထက်သန်သည့် အတွက် အိမ်နှင့်ဝေးသော ထီးတန်း ကောလိပ်ကို ရွေးလိုက်သည်။ မိုး တွင်းမှာ ရွှံ့ထဲ ဗွက်ထဲ ဖြတ်ပြီး ဘူ တာအရောက်လမ်းလျှောက်ပြီးမှ မြို့ ပတ်ရထားစီးပြီး ပင်ပင်ပန်းပန်း ပညာသင်ခဲ့ရသည်။ ဝိဇ္ဇာဘာသာတွဲ ယူပြန်တော့ စိတ်ကြိုက်မြန်မာစာနှင့် သင်္ချာကို ရွေးရပြန်သည်။ ဆယ်တန်း မှာ ဂုဏ်ထူးရခဲ့သော ဘာသာများ ဖြစ်၍ ၂ ဘာသာတွဲချင်သော်လည်း တွဲခွင့်မရသဖြင့် စိတ်ကြိုက်မြန်မာ စာဘက် လိုက်ခဲ့ရသည်။ ဂုဏ်ထူး တန်းတက်တော့လည်း အင်္ဂလိပ်စာ၊ မြန်မာစာ၊ သမိုင်း၊ ဖီလိုဆိုဖီ ဂုဏ် ထူးတန်းများ တက်နိုင်ခွင့်ရှိရာမှာ မြန်မာစာဂုဏ်ထူးတန်းတက်ဖို့ ရွေး ခဲ့သည်။ လမ်းဆုံလမ်းခွများ အကြိမ် ကြိမ်တွေ့ပြီး ရွေးချယ်လျှောက်လှမ်း ရာမှ တက္ကသိုလ်မြန်မာစာဆရာဘဝ သို့ ရောက်ဖို့ ရေစက်ပါသဖြင့် မြန် မာစာလေ့လာခွင့်ရခဲ့ပုံကို ပြန်စဉ်း စားမိပါသည်။

အမှတ်တရကလေးများလည်း ရှိသည်။ ဆယ်တန်းကို ဂုဏ်ထူး ၂ ခု ဖြင့် အောင်ပြီး တက္ကသိုလ်တက်ရ သဖြင့် ဆွေမျိုးများ၊ မိတ်ဆွေများက ဝမ်းသာနေချိန်တွင် ”ဘယ်ကပိုက်ဆံ ရလို့ ဆက်တက်တာလဲ”ဟု ပိုက်ဆံ ချမ်းသာသော ဆွေမျိုးတစ်ယောက်က မကျေနပ်သောအသံဖြင့် မေးသည် ကို ခံရသည်။ ”ခင်ဗျားက ကျောင်း ချည်းတက်နေလို့ ဖြစ်မလားဗျ။ အ လုပ်လုပ်ဦးမှပေါ့”ဟု ဆယ်တန်းကျ သော သူငယ်ချင်းတစ်ယောက်က မာရေကျောရေ ဒေါသသံဖြင့် ပြော သည်ကိုလည်း ခံရသည်။

ကျောင်းသားဘဝအမှတ်တရ များတွင် လမ်းဆုံလမ်းခွတစ်ခုနှင့် ကြုံရသေးသည်။ ကျွန်တော်က စကိုင်ပင် (ထောက်ပံ့ကြေး)လျှောက် သည့်အတွက် စကိုင်ပင်လည်း ရ သည်။ ဆယ်တန်းမှာ အမှတ်ကောင်း သည့်အတွက် စကောလားရှစ် (ပညာ သင်ဆု)လည်းရသည်။ သို့သော် စည်းကမ်းအရ တစ်ခုသာ ယူခွင့်ရှိ သည်ဟု ဆိုသဖြင့် သေချာသည့် လမ်းကို ရွေးလိုက်သည်။ တစ်လ ၇၅ ကျပ်ဖြင့် ၂ နျစ်သာ ရမည့် စကော လားရှစ်ကို ပြန်အပ်လိုက်ပြီး ဘွဲ့ရ သည်အထိ ၄ နှစ်ရမည့် စကိုင်ပင်ကို လက်ခံကာ ပညာရေးခရီးကို ဖြောင့် တန်းစွာ ဆက်နိုင်ခဲ့သည်။

ဆယ်တန်းအောင်စဉ်က မြန်မာ စာဂုဏ်ထူးရသည်။ တစ်နိုင်ငံလုံးမှာ ကျွန်တော်တစ်ယောက်တည်း ဂုဏ် ထူးရသဖြင့် မြန်မာစာအမှတ်အများ ဆုံးရသူအဖြစ် ‘ငွေတာရီ’ အထိမ်း အမှတ်ရွှေတံဆိပ်ဆုချီးမြှင့်ခံရသည်။ ဆုကို ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်း သဘင်အခမ်းအနားမှာ ဘွဲ့ရသူများ နှင့်အတူ ရောပြီး ချီးမြှင့်မြဲဖြစ်ရာ ဆု လာယူဖို့ ကျွန်တော့်ကို အကြောင်း ကြားသည်။ သို့သော် ထိုအချိန်မှာ ကျွန်တော်နေသော ဗဟန်းရွှေဂုံတိုင် ရပ်ကွက်ဖျက်သိမ်းပြီး တောင်ဥက္က လာပပြောင်းရချိန်ဖြစ်သဖြင့် အ ကြောင်းကြားစာမရပါ။ အိမ်မရှိတော့ သော လိပ်စာဖြစ်၍ စာမရောက် တော့သဖြင့် ဘွဲ့နှင်းသဘင်မှာ ဆုယူ ရမည့်အကြောင်း ကျွန်တော်မသိ လိုက်၍ ဆုတက်မယူရတော့ပါ။ နောက်မှ မော်ကွန်းထိမ်းက အ ကြောင်းကြား၍ မော်ကွန်းထိန်းရုံးမှာ သွားယူခဲ့ရပါသည်။ အမှတ်တရတစ် ခုပါ။

ကျွန်တော်တက္ကသိုလ်ကျောင်း သားဘဝမှာ ‘တကသ’က ကျင်းပ သော နောက်ဆုံးကျောင်းသားပွဲတော် ကို မီလိုက်သည်မှာလည်း အမှတ်တရ တစ်ခုပါ။ အဓိပတိလမ်းတစ်လျှောက် ပွဲဈေးတန်းများ၊ ပြခန်းများ၊ ခေတ် အဆက်ဆက် တကသဥက္ကဋ္ဌများ၏ ဓာတ်ပုံများ ခင်းကျင်းထားသော ပြခန်း၊ ဖျော်ဖြေကပြသည့် ဇာတ်စင် မှ ချင်းတွင်းဒိုးပတ်အဖွဲ့၊ ရုပ်ရှင်မင်း သား ဒါရိုက်တာ ကိုမြတ်လေး၏ ‘ဆံ မြိတ်လဲပြေ ပန်းလဲကြွေ’ပြဇာတ် စသည်တို့ကို အမှတ်တရဖြစ်ရပါ သည်။ ကျွန်တော်တက္ကသိုလ်တက် နေသော ၄ နှစ်ကာလတွင် ထူးခြား သော ပြောင်းလဲမှုများ ပေါ်ပေါက် သည်။ အစိုးရ ၃ ဖွဲ့ပြောင်းသည်။ အိမ်စောင့်အစိုးရ၊ ပထစအစိုးရနှင့် တော်လှန်ရေးအစိုးရတို့ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် လည်း ၃ ယောက်ပြောင်းသည်။ ဆရာကြီး ဒေါက်တာလှမြင့်၊ ဒေါက် တာသာလှနှင့် ဦးကာတို့ဖြစ်သည်။ မြန်မာစာပါမောက္ခလည်း ၃ ယောက် ပြောင်းသည့် ဆရာကြီးဦးဧမောင်၊ ဆရာကြီး ဦးဝန်နှင့် ဆရာကြီး ဦး မောင်မောင်ကြီးတို့ဖြစ်သည်။

မမေ့နိုင်စရာဖြစ်ရပ် ၃ ခုလည်း ပေါ်ပေါက်သည်။ ရှေ့မှာ ဖော်ပြခဲ့ သော နောက်ဆုံးအကြိမ် ကျောင်း သားပွဲတော်နှင့် ကြုံရသည်။ ၁၉၆၂ ခု ‘ဇူလိုင်လ ၇ ရက်’ အရေးအခင်း ကြီးနှင့်လည်း ကြုံရသည်။ ကျွန်တော် ၏ မိခင်ဌာနဖြစ်သော ရန်ကုန်တက္က သိုလ် မြန်မာစာဌာနကြီးသည် မြန် မာဘာသာဌာနနှင့် မြန်မာစာပေဌာန ဟူ၍ ၂ âမွှာကွဲသွားသည်နှင့်လည်း ကြုံရသည်။ (တော်လှန်ရေးအစိုးရ လက်ထက်မှာ တစ်ဌာနတည်းအဖြစ် ပြန်လည်ပေါင်းစည်းပါသည်။)

သင်ကြားပို့ချသော ဆရာဆရာ မများ၏ အမူအရာ သင်ဟန်ကြား ဟန်များကိုလည်း အမှတ်တရဖြစ်ရ သည်။ မြန်မာစာဆရာဆရာမများ တွင် စာသင်ခုံပေါ် တင်ပါးလွှဲထိုင် ပြီး အသံသြဇာပြည့်ဝစွာ တစ်တန်း လုံးလွှမ်းခြုံသောအသံဖြင့်သင်ကြားပို့ချသော ဆရာဦးလှရွှေ (မန္တလေး တက္ကသိုလ်ပါမောက္ခချုပ်၊ မြန်မာစာ အဖွဲ့ဝင်၊ ကွယ်လွန်)၊ တိုက်ပုံအင်္ကျီ အိတ်ထဲက မြေဖြူကို ထုတ်ရေးလိုက်၊ လက်ညိုးထောင်ကာ ရှင်းပြလိုက်နှင့် ခက်ခဲနက်နဲသော စာပေများကို ပေါ့ ပါးရွှင်ကြည်စွာ သင်ကြားပို့ချသော ဆရာဦးမောင်မောင်ကြီး (ပါမောက္ခ၊ ကွယ်လွန်) ပါးချိုင့်နှစ်ဖက်ပေါ် အောင် ပြုံးရင် မျက်တောင် တဖျက် ဖျက်ခတ်၍ အနောက်တိုင်းပြဇာတ် များနှင့် မြန်မာပြဇာတ်များကို နှိုင်း ယှဉ်သင်ကြားသောဆရာဦးကျော်ရင် (မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ကွယ်လွန်) ခက်ခဲသောပျို့ရတုများကို တိကျရှင်းလင်းစွာ တစ်လုံးချင်းဖွင့် ဆို၊ သင်ကြားသော ဆရာမဒေါ်ခင် စော (ပါမောက္ခ၊ ကွယ်လွန်)၊ ကရား မှ ရေလွှတ်သကဲ့သို့ စကားကို အရှိန် အဟုန်ဖြင့် သွက်သွက်ပြောရင်း စာ တွေ အများကြီးလည်း ပြီးအောင်၊ နားလည်း နားလည်အောင် ရှင်းလင်း ပြတ်သားစွာ သင်ကြားသော ဆရာ ဦးဖိုးကျော်မြင့် (ကထိက၊ ကွယ်လွန်) စသည့် ဆရာများ၏ သင်ဟန်ကြား ဟန်များ –

ခေတ်သစ်ရာဇဝင်ကို ဟာသ ကလေးများ နှောရင်း စိတ်ဝင်စား အောင် သင်ကြားသော ဆရာမဒေါ် စန်းစန်းတင်၊ ဖီလိုဆိုဖီသင်ခန်းစာ များကို ရှင်းလင်းပြတ်သားစွာ တစ် လုံးချင်း ရှင်းပြနေသည့်အထဲက တပည့်များ နားမလည်မှာ စိုးသည့် အတွက် Am I clear ? (ဆရာပြော တာ ရှင်းရဲ့လား)ဟု စာသင်ရင်း မကြာခဏမေးတတ်သော ဆရာ ဒေါက်တာခင်မောင်ဝင်း (ဖီလိုဆိုဖီ ပါမောက္ခ၊ ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပညာရေးဝန်ကြီး၊ ကွယ်လွန်)၊ ဖိနပ်သံခပ်ပြင်းပြင်းနင်း လာပြီး ဂုဏ်ထူးတန်းမှာ အင်္ဂလိပ် စာ တန်းတက်ရသော တပည့်များကို မေးလိုက် ဖြေခိုင်းလိုက်ပြန်ဆွေးနွေး လိုက်ဖြင့် အခက်အခဲမရှိအောင်၊ စိတ်ဝင်စားစရာကောင်းအောင် သင် ကြားပေးသော ဗြိတိသျှကောင်စီမှ ဧည့်ကထိကအဖြစ် ရောက်နေသော Mr Dent Young ခေါ် ဆရာကလေး တို့၏ သင်ဟန်ကြားဟန်ပြောဆိုဟန် များကို နားထဲမှာ ကြားယောင်နေဆဲ ပါ။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*