မြန်မာနိုင်ငံကို အပြီးပြန်လာသူသားအတွက် ဝမ်းသာပီတိတွေ ဖြစ်နေတဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ မေသန်းနု

မြန်မာနိုင်ငံကို အပြီးပြန်လာသူသားအတွက် ဝမ်းသာပီတိတွေ ဖြစ်နေတဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ မေသန်းနု
February 27, 2019 Asian Fame
မြန်မာနိုင်ငံကို အပြီးပြန်လာသူသားအတွက် ဝမ်းသာပီတိတွေ ဖြစ်နေတဲ့ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ မေသန်းနု

ထပ်ဆင့်အကယ်ဒမီ စင်ရော်မောင်မောင်နဲ့ အကယ်ဒမီ မေသန်းနုတို့ရဲ့သား မင်းသန့်မောင်မောင်က တော့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မြန်မာနိုင်ငံကို အပြီးပြန်လာပြီပဲ ဖြစ်ပါတယ်။ နိုင်ငံခြားမှာ ပညာသင်ပြီး မြန်မာနိုင်ငံကို ပြန်လာပြီး ဖခင်ဖြစ်သူနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်သွားမယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံကို အပြီးပြန်လာ ဖြစ်တဲ့အပေါ် ခံစားချက်ကို မေးကြည့်တဲ့အခါမှာတော့ မင်းသန့်မောင်မောင်က . . .

”ကိုယ့်မြန်မာနိုင်ငံကို အပြီးပြန်လာရတော့ ပျော်တာပေါ့နော်။ မြန်မာနိုင်ငံရောက်ပြီဆိုတော့ အဖေနဲ့ အတူ အနုပညာအလုပ်တွေ အများကြီးလုပ်မယ်။ မိသားစုကို အချိန်ပေးမယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကိုယ်မရောက်ဖူးသေးတဲ့ နေရာတွေကို သွားလေ့လာချင်တယ်။ မြန်မာအစားအစာတွေကို အများကြီးစားပြီး အနုပညာအလုပ်တွေနဲ့ အေးအေး ဆေးဆေးလေး ဖြတ်သန်းချင်တယ်လို့တော့ စိတ်ကူးယဉ်ထားတယ်။ မိသားစုနဲ့ အတူတူနေရပြီဆိုတော့ ကိုယ့်အတွက် အများကြီး အထောက်အကူရပြီလို့ ထင်မိပါတယ်” လို့ပြောပါတယ်။

သားဖြစ်သူက မြန်မာနိုင်ငံကို အပြီးပြန်လာပြီဆိုတော့ မိခင်တစ်ယောက်ရဲ့ ခံစားချက်ကရော ဘယ် လိုတွေ ဖြစ်နေပြီလဲလို့ မေးကြည့်တဲ့ အခါမှာတော့ မေသန်းနုက . . .

”သားလေးပြန်လာတော့ ပျော်တာပေါ့နော်။ ဝမ်းလည်းဝမ်းသာမိတယ်။ မိသားစုနဲ့ နွေးနွေးထွေးထွေး ရှိသွားတယ်လို့ ခံစားရတယ်။ သားစားချင်တဲ့ ဟင်းတွေလည်း ချက်ကျွေးမယ်။ သားနဲ့အတူတူ ခရီးတွေလည်း ထွက်မယ်လို့တော့ စိတ်ကူးထားတယ်”လို့ ပြောပါတယ်။

ဖခင်နဲ့အတူ အနုပညာအလုပ်တွေကို ဝိုင်းကူပေးဖို့ ပြန်လာတဲ့ သားဖြစ်သူကို ဘာများပြောချင်တာ ရှိမလဲလို့ မေးကြည့်တဲ့အခါမှာတော့ ဒါရိုက်တာ စင်ရော်မောင်မောင်က . . .

”သားက မြန်မာနိုင်ငံကို အပြီးပြန်လာပြီဖြစ်တဲ့အတွက် အနုပညာ အလုပ်တွေကို အများကြီး လုပ်သွား ဖို့ သင်ယူပေးမယ်။ လေ့ကျင့်ပေးမယ်။ ကိုယ့်ဘက်က ရှိသမျှအကုန်လုံး သူ့အတွက် ပြင်ဆင်ပေးမယ်လို့ တော့ ရည်မှန်းထားတယ်။ သူကလည်း ကျွန်တော့်ကို အနုပညာအလုပ်တွေ ကူညီပေးမယ်လို့တော့ ပြောထားတယ်။ မြန်မာနိုင်ငံကို အပြီးပြန်လာတဲ့အတွက်လည်း ဝမ်းသာမိတယ်”လို့ ပြောပါတယ်။

သဲစုလှိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*