သရုပ်ဆောင်အသစ်တွေပဲ ရွေးချယ်ရိုက်ကူး ဖြစ်နေတဲ့အပေါ် ဒါရိုက်တာ ဗန်းကြီး ရှင်းပြ

သရုပ်ဆောင်အသစ်တွေပဲ ရွေးချယ်ရိုက်ကူး ဖြစ်နေတဲ့အပေါ် ဒါရိုက်တာ ဗန်းကြီး ရှင်းပြ
February 26, 2019 Asian Fame

သရုပ်ဆောင်အသစ်တွေကို ရွေးချယ်ပြီး အနုပညာလောကထဲသို့ ကောင်းမွန်တဲ့ သရုပ်ဆောင်ချက်တွေ ရရှိလာအောင် ကိုယ်တိုင်သင်တန်း တွေဖွင့်ပြီး လုပ်ဆောင်ပေးနေသူကတော့ ဒါရိုက်တာဗန်းကြီးပဲဖြစ်ပါ တယ်။ ဒါရိုက်တာဗန်းကြီးဟာ ‘ဥပါဒါန်’ ရုပ်ရှင်ဇာတ်ကားမှာဆိုလည်း သရုပ်ဆောင်အသစ်တွေကို အဓိကထားပြပြီး ရုပ်ရှင်ဇာတ်ကားကြီး တစ်ခုလုံးကောင်းမွန်အောင် ရိုက်ပြနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် အသစ်တွေပဲ ရွေးချယ်ပြီး ရုပ်ရှင်ဇာတ်ကား တော်တော်များများ ရိုက်ကူးဖြစ်နေပုံကို မေးကြည့်တဲ့အခါမှာတော့ ဒါရိုက်တာ ဗန်းကြီးက ”သရုပ်ဆောင်အသစ်တွေကိုပဲ အဓိကထား ရိုက်ကူးပြီး၊ သင်တန်းတွေပေးဖြစ်တာက ကျွန်တော် creation တွေလုပ်ရတာ ဝါသနာပါတယ်။ ပြီးတော့ ကိုယ့်စိတ်တိုင်းကျသူတို့ကို သင်တန်းတွေပေးပြီး လေ့ကျင့်တဲ့အခါကျတော့ ကိုယ့်စိတ်တိုင်းကျဖြစ်သလို သူတို့လည်း ပိုပြီးပညာရမယ်လို့ မြင်မိတယ်။ သရုပ်ဆောင်အဟောင်းတွေ ထက်စာရင် သရုပ်ဆောင်အသစ်တွေက ကျွန်တော့်အတွက်တော့ အများကြီး ပိုအဆင်ပြေနိုင်၊ ပိုအသုံးဝင်နိုင်တယ်လို့ မြင်မိပါတယ်။ ‘ဥပါဒါန်’ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ကျွန်တော် ဦးပဇ္ဇင်းကာရိုက်တာ နေရာမှာ ခိုင်ထူးသာဆိုတဲ့ သရုပ်ဆောင်အသစ်လေးကို သုံးခဲ့တယ်။ ပရိသတ်ရဲ့မြင်နေကျ သရုပ်ဆောင်တွေပဲ မဟုတ်ဘဲ၊ မမြင်ဖူးတဲ့သူတွေကို ပရိသတ်ကို ပြလိုက်တော့ ပရိသတ် စိတ်ဝင်စားမှုရရှိတာ များမယ်လို့ ကျွန်တော်ယုံ ကြည်မိပါတယ်”လို့ ပြောပါတယ်။

ယခုနှစ် မြန်မာ့ရုပ်ရှင်ဆု အကယ်ဒမီထူးချွန်ဆုပေးပွဲမှာလည်း ရုပ်ရှင်ဇာတ်ကားကောင်းတွေ အများ ကြီးထွက်ပေါ်လာတဲ့အပေါ် အမြင်ကို မေးကြည့်တဲ့အခါမှာတော့ ဒါရိုက်တာဗန်းကြီးက ”ဇာတ်ကားကောင်းတွေ အများကြီးထွက်ပေါ်လာတဲ့ အပေါ်တော့ ကျွန်တော်တို့ အနုပညာသမားတွေအနေနဲ့ ဝမ်းသာ ကျေနပ်မိတယ်။ အကယ်ဒမီပေးတဲ့ အချိန်ကျရင်လည်း တကယ်တော်တဲ့ အနုပညာရှင်တွေပဲ ထွက်လာမိမယ်လို့ မျှော်လင့်မိပါတယ်” လို့ ပြောပါတယ်။

သဲစုလှိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*