အရက်မူးပြီး ကားမောင်းမိလို့ တောင်းပန်လိုက်တဲ့ မင်းသား Ahn Jae wook

အရက်မူးပြီး ကားမောင်းမိလို့ တောင်းပန်လိုက်တဲ့ မင်းသား Ahn Jae wook
February 22, 2019 Asian Fame
အရက်မူးပြီး ကားမောင်းမိလို့ တောင်းပန်လိုက်တဲ့ မင်းသား Ahn Jae wook

မင်းသား Ahn Jae wook ဟာ သူ့ရဲ့ ပရိသတ်တွေကို တရားဝင် တောင်းပန်လိုက်ပါတယ်။ ဖေဖော်ဝါ ရီ ၁၁ နေ့က Jable Entertainment ကနေ မင်းသားဟာ အရက်မူးနေတုန်း ကားမောင်းခဲ့ တယ်ဆိုတဲ့ သတင်းကို ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

”မင်းသား Ahn Jae wook က ဖေဖော်ဝါရီ ၉ ရက်နေ့က တစ် နေကုန် ဇာတ်ကားရိုက်နေခဲ့ပြီး ညပိုင်းမှာ လုပ်ဖော်ကိုင်ဖက်များနဲ့ အတူ စားသောက်ဆိုင်မှာ သွားရောက်စားသောက်ခဲ့ပါတယ်။ မင်းသားဟာ လုပ်ဖော်ကိုင်ဖက်များနဲ့ အရက်သောက်ခဲ့ပြီး ညဘက်အပြန်မှာ ရဲဖမ်းတာခံခဲ့ရပြီး သူ့ရဲ့လိုင်စင်ကို အသိမ်းခံခဲ့ရတယ်”လို့ အေဂျင်စီမှ တာဝန်ရှိသူများ ဖြေရှင်းခဲ့ပါတယ်။

မင်းသားနဲ့ သူ့ရဲ့အေဂျင်စီက အခုလို မဆင်မခြင် ပြုလုပ်မိခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့ပြီး တရားဝင်တောင်းပန်ခဲ့ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*