Heineken Beer
Heineken Beer

ကွင်းထဲသာ အရောက်လာခဲ့၊ အားလုံးတာဝန်ယူတယ်လို့ ဖိတ်ကြားလိုက်တဲ့ ထူးအယ်လင်း

ကွင်းထဲသာ အရောက်လာခဲ့၊ အားလုံးတာဝန်ယူတယ်လို့ ဖိတ်ကြားလိုက်တဲ့ ထူးအယ်လင်း
February 21, 2019 Asian Fame

ထူးအယ်လင်းနှင့် ဆိုင်ကယ်ချစ်သူများ၏ လူမှု ကူညီရေးမုဒိတာအသင်းရန်ပုံငွေရှိုးပွဲကြီးကို မတ်လ ၂၉၊ ၃ဝ နှစ် ရက်တိုင်တိုင် ကွမ်းခြံကုန်းမြို့နယ်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ပရဟိတတွေ တောက်လျှောက်လုပ်ဖြစ်နေတဲ့ ထူးအယ် လင်းက ရှိုးပွဲနဲ့ ပတ်သက်ပြီး အခုလိုဖိတ်ခေါ်လိုက် ပါတယ်။

”ကျွန်တော်တို့ မုဒိတာအသင်းအတွက် ကွမ်းခြံ ကုန်းမှာ ပြုလုပ်မယ့် မုဒိတာအသင်းရှိုးပွဲရန်ပုံငွေ ဆိုင် ကယ်ချစ်သူ ညီအစ်ကိုတွေ မိဿဟာရတွေ့ဆုံပွဲလေးကို ၃ လပိုင်း ၂၉ ရက်နဲ့ ၃ဝ ရက်တို့မှာ နှစ်ရက်တိုင် တိုင် ကျင်းပမှာဖြစ်ပါတယ်။ အဲဒီ ကျင်းပတဲ့နေရာမှာ ဘာမှ မလိုဘူး။ သူငယ်ချင်းတို့ ကိုယ့်ဘီးကိုယ်ခွ၊ ကိုယ့်ဆီ ကိုယ်ထည့်ပြီးတော့ ကွင်းထဲသာအရောက်လာခဲ့။ ဟိုမှာစားဖို့ သောက်ဖို့၊ နေဖို့ထိုင်ဖို့ ဘာမှပူစရာ မလို ဘူး။ အားလုံးကို စီစဉ်ပေးမယ်။ Tent တွေနဲ့ထားမယ်။ လုံးဝစပါယ်ရှယ်ပဲ။ ညီအစ်ကိုတွေ အကုန်ပျော်စေရ မယ်ကွာ။ သူတို့အတွက်လည်း ဂိမ်းတွေ ကျွန်တော်စီစဉ် ပေးထားတယ်။ ရေချိုးဖို့ကအစ အိမ်သာတက်ဖို့အဆုံး ပေါ့။ ကျွန်တော်တို့အားလုံး အဲဒါမျိုးတွေ စီစဉ်ပေးထား တယ်။ ဖျော်ဖြေပွဲအနေနဲ့ စတိတ်ရှိုး ၂ ရက် လုပ်မယ်။ တစ်ရက်ကတော့ ကျွန်တော်တို့ Biker ညီအစ်ကိုတွေ ဆိုမှာ။ မင်းဆိုမှာ မဟုတ်လား။ ရော့အလှူခံဖလား။ မင်းဟာမင်း ၅ဝဝဝ ထည့် ထည့်၊ ၁ဝဝဝဝ ထည့်ထည့်။ အပျော် ဆို။ ညီအစ်ကိုတွေ ကြိုက်ရင်လည်း အားပေး။ မကြိုက်ရင်လည်းအားပေး။ ၃ဝ ရက်နေ့ညမှာတော့ ရှိုးကြီးဖြစ် သွားတာပေါ့။ သာဒီးလူ၊ ဖိုးပြည့်၊ ဝန၊ အစိုင်း၊ ထက်နေခြည်၊ LD Kyaw ၊ ဖြိုးကျော်ထိုက်၊ သားဇော်၊ လိမ္မော်သီး၊ ငုရည်သန့်၊ ဆုပန်ထွာ စသဖြင့် ပေါ့ ကျွန်တော်တို့တွေစုပြီးတော့ ဖျော်ဖြေမှာဖြစ်ပါ တယ်”လို့ ထူးအယ်လင်းက ပြောပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်နိုင်စိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*