Heineken Beer
Heineken Beer

အိမ်ထောင်ရေးမှာ နားလည်မှုက အဓိကပါပဲဆိုတဲ့ ကိုမျိုးသွင် နဲ့ မြနှင်းရည်လွင်

အိမ်ထောင်ရေးမှာ နားလည်မှုက အဓိကပါပဲဆိုတဲ့ ကိုမျိုးသွင် နဲ့ မြနှင်းရည်လွင်
February 20, 2019 Asian Fame

မော်ဒယ်လ်သရုပ်ဆောင် မြနှင်းရည်လွင်ဟာ လတ်တလောမှာတော့ ဇာတ်လမ်းတွဲများ ဆက်တိုက် ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ အိမ်ထောင်ကျပြီးမှ ပိုပြီးအနုပညာ အလုပ်တွေ ဆက်တိုက်ရိုက်ကူးဖြစ် နေပြီး အမျိုးသားဖြစ်သူကလည်း အနုပညာကို အားပေးပြီး အရာရာ ထောက်ပံ့ပေးခဲ့ပုံတို့ကို မြနှင်းရည် လွင်က အခုလိုပဲ ပြောပြခဲ့ပါတယ်။

”အစ်မတို့အနေနဲ့ကတော့ အစ်မက အနုပညာရှင်တစ်ယောက် ဖြစ်တဲ့ အတွက် ကိုယ့်ရဲ့အမျိုးသားက သဝန်တိုမှာတို့ ဘာတို့တော့ ကြောက်တယ်။ ဒါပေမဲ့ သူက သဝန်တိုတတ်တဲ့ အထဲမှာမပါဘူး။ နားလည်မှု အများကြီးပေးတယ်။ အစ်မနဲ့သူနဲ့ ကြိုက်လာတာ အိမ်ထောင်သက်ကတော့ ၄ နှစ်ရှိပါပြီ။ အရင်ကထဲက သူငယ်ချင်းကနေပြီးလာခဲ့တော့ နားလည်မှုက အရမ်းကြီးလုပ်ယူစရာမလိုပါ ဘူး။ သူကလည်း ကိုယ်ဘာလုပ်လုပ် အမြဲတမ်း အဆင်ပြေတယ်ဆိုတော့ (ရယ်လျက်) အဲဒီလောက်ကြီး ညှိယူ စရာ မလိုပါဘူး။ တချို့ကျတော့ ဇနီးက အနုပညာလုပ်လို့ မကြိုက်တာတွေ၊ မလုပ်ခိုင်းတာတွေ အများကြီးပဲရှိတော့ ကိုယ်ကအဲဒီထဲ မပါသေးဘူးဆိုတော့ ကံကောင်းတယ်လို့ ပြောရမယ်။ သူများတွေက မေးကြတယ်။ အိမ်ထောင်သက် ၄ နှစ်ရှိပြီ။ ကလေးမယူဘူးလားဆိုပြီးတော့ ကလေးက မယူတာမဟုတ်ပါဘူး။ ကိုယ့်ဆီကို မရောက်လာ သေးတဲ့ အချိန်ကျတော့ မယူဘူးပေါ့။ အဲဒါကို ကလေးမရသေးတဲ့အတွက် ငါတို့မှာ ဘာတွေ ဖြစ်နေလို့လည်းဆိုပြီး အကြီးကြီး ခံစားတာတော့ မရှိပါဘူး။ မရသေးတဲ့အချိန်မှာ ကလေးယူချင်တဲ့ စိတ်တွေ ပျင်းပြနေရင် ကိုယ့်ကိုယ်ကိုယ် ဖိအားပေးတာနဲ့ တူသွား တယ်။ အဲဒါကြောင့် ကလေးရတဲ့ အချိန်ယူမယ်။ မရတဲ့အချိန်ထိတော့ ခွေးလေးမွေးထားတယ်။ အဲဒီခွေး လေးကိုပဲ မိသားစုဝင်တစ်ယောက်လို ပြုစုနေပါတယ်” လို့ မြနှင်းရည်လွင်က ပြောပါတယ်။

ဇနီးသည်ရဲ့ အနုပညာအလုပ်တွေကို နားလည်မှုပေးပြီး ကူညီပေးနေတဲ့အပေါ် ဇနီးသည်ကို ထောက်ပံ့ ပေးဖြစ်တဲ့အကြောင်း မေးကြည့်တဲ့ အခါမှာတော့ မြနှင်းရည်လွင်ရဲ့ ဇနီးဖြစ်သူကို မျိုးသွင်က

”သူနဲ့ကျွန်တော်နဲ့ ကြိုက်ခဲ့တာ ဟိုကျောင်းသား ဘဝကတည်းက ဆိုတော့ သူ့ရဲ့အကြောင်းတွေ သိနေ တော့ အရမ်းကြီး နားလည်မှုယူစရာ မလိုဘူး။ သူဝါသနာပါတဲ့ အနုပညာ အလုပ်ကိုလည်း ကျွန်တော်လုပ်ခိုင်း တယ်။ ကျွန်တော်လည်း သူ့ရှုတင်တွေ ဘာတွေတစ်ခါတလေအားရင် လိုက်သွားတယ်။ ဒါကလည်း သူ့ကို ကျွန်တော် ထောက်ပံ့ပေးနိုင်တာ တစ်ခုပဲလေ။ နှစ်ယောက်သား တစ်ယောက်အလုပ်ကို တစ်ယောက် ဂရုစိုက်ပေးနေရင် နားလည်မှုတွေ ယူစရာမလိုတော့ဘဲ ပျော်ရွှင်နိုင်တယ်လို့ ကျွန်တော်ထင်တယ်”လို့ ပြောပါတယ်။

သဲစုလှိုင်

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*