Heineken Beer
Heineken Beer

ဆင်းရဲခြင်း၏သံသရာလမ်း…

ဆင်းရဲခြင်း၏သံသရာလမ်း…
February 20, 2019 Asian Fame

ရင်ခွင်ထက်မှ ကလေးကို ခင်မ ချို့တိုက်နေစဉ် …

သူ၏ ရင်ရှားထားသော ထမီ စကို ဆွဲချထားသည်မှာ ခါးစပ်သို့ ရောက်ရှိနေပြီ။

ကလေးငယ်သည် မိခင်မျက်နှာ ကို တမော့တန်းတန်းကြည့်နေရင်း ဖြင့် ပါးစပ်မှ နို့ကို တပြွတ်ပြွတ်မြည် အောင်စို့နေရှာပေသည်။

ခင်မ ပန်းလည်ရောင်းရာမှ ပြန်လာချိန်သည် နေပင် မွန်တိမ်းစ ပြုနေသော်လည်း အိမ်၌ သမီးငယ် ကိုးနှစ်အရွယ်ရှိ ဗိန်မမှာ ဆန်ဝယ်စ ရာ ပိုက်ဆံမရှိ၍ ထမင်းပင် မချက်ရ သေးပေ။

ကူဘော်လောင်ဖက်အနေဖြင့် သာ တစ်နှစ်သားအရွယ်ရှိ ကလေး ကို ထိန်းကျောင်းနေရင်း ကျောင်း နေချိန်မှာ မိဘများ၏ စီးပွားရေး အဆင်မပြေသဖြင့် ကျောင်းလည်း မနေခဲ့ရ သူ့တာဝန်မှာ မိခင်ဈေး ရောင်းသွားချိန်တိုင်း ကလေးထိန်း ကျောင်းရသကဲ့သို့ တစ်ဖက်မှ မိဘ များ၏ ဆန်နှင့် ဟင်းချက်စရာ ဝယ် ထားခဲ့ပါက ချက်ရပြုတ်ရသည်ပင်။

ယနေ့တော့ မိခင်လုပ်သူမှာ ငွေ ပိုမရှိ၍ ထမင်းနှင့် ဟင်းမချက်ရပဲ ကလေးထိန်းကျောင်းနေရင်း မိခင် ဈေးရောင်းရာက မောမောပန်းပန်း ဖြင့် ပြန်လာပြီးမှ ဆန်ဝယ်ပြီးနောက် ကန်စွန်းရွက်သင်၍ ထမင်းဟင်းချက် ရလေသည်။

ခင်မသည် ဗိန်မထမင်းအိုးတည် နေရာသို့ တစ်ချက်ကြည့်ရင်း သက် ပြင်းလေးတွဲခွာမှုတ်ထုတ်လိုက်၏။ ဘဝ၏ ဒဏ်ရာဒဏ်ချက်ကြောင့် သူ၏ ဆံစတို့သည် သွေ့ခြောက်နေ သလို နေလောင်ဒဏ်ကြောင့် ရင့် ရော်နေသော မျက်နှာမှာ နထင်စ လေးများပင် ကျနေပါတော့၏။
အိမ်မှာ ဆန်နှင့်ဟင်းအတွက် မလောင်မငှမည် စိုးသဖြင့် နံနက်ထဲ က ဘာမှအစာပြေစားမထားလို့ အူ က တကြုတ်ကြုတ်ရှိသော်လည်း နို့ဆာလောင်နေသော သားငယ်ကို မေတ္တာ ထုံမွှန်းစွာဖြင့် နို့ချိုတိုက်ကျွေး နေရလေ၏။

တဖက်ရပ် မီးဖိုချောင်ထဲမှ အူ နေသော မီးခိုးလုံးသည် ဝေ့ဝဲ၍ လွင့် ပျံနေသည့်နှယ် ဗိန်မယပ်တောင်စုတ် ဖြင့် တဖြတ်ဖြတ် ခပ်သံကို မိခင်ခင်မ ကြားနေရသဖြင့် …

”ဟဲ့ …ဗိန် မ …မီးကောင်းကောင်း မတောက် သေးဘူးမှုတ်လား”

”ဟုတ်ကဲ့ ..အမေ ထင်းက မခြောက် တခြောက်ဖြစ်နေလို့။ ယပ် ကူနေရတယ်”

”ညီနှယ့်တော်။ ငါဈေးရောင်း နေတုန်း။ ထင်းကလေးမဖြစ်စ လောက်ကို နေလှန်းထားရောပေါ့”

ဗိန်မဘာမှ သူ့၏မိခင်ကို ပြန် မပြောတော့ပေ။

မနက် ၁ဝ နာရီထိုးခန့်က လမ်း ထိပ် ဓမ္မာရုံက ဘုန်းကြီးဆွမ်းကပ် ပြီး ပိုလျှံလို့ ကျွေးတဲ့ မုန့်ဟင်းခါးလေး အတန်အသင့် စားထားရသည်မို့ ဗိန် မဗိုက်မှာ သိပ်စာဟန်မရှိချေ။

အတန်ငယ်ကြာတော့ …

ခင်မ စိတ်မရှည်ဟန်ဖြင့် က လေးငယ်ကို ဖျာစုတ်ပုံ အသာချရင်း ဖြင့် ဗိန်မရှိရာ မီးဖိုချောင်သို့ ဝင် သွားလေတော့သည်။

”သွားတော့ …ဗိန်မမီး တောင် အဖြစ်ရှိအောင် အခုထက်ထိ တောက်အောင် မလုပ်တတ်သေး ဘူး။ ကလေးသွားထိန်းတော့”ဟု မြည်တွန်းတောက်တီးယင်း သူကိုယ် တိုင် ထမင်းနှင့် ဟင်းချက်ဖို့ ပြင်ဆင် တော့လေသည်။

ဖခင်ဖြစ်သူ ကိုဘခက် ဆိုက် ကားသိမ်း၍ ပြန်လာချေပြီ။

အချိန်က ည ၉ နာရီ ၁ဝ နာ ရီခန့်ပင်ဖြစ်သည်။

ကိုဘခက်က နံနက် ၅ နာရီ ၆ နာရီ နေ့စဉ် နေ့တိုင်းအိမ်မှထွက်၍ ဆိုက်ကားအုံနာအိမ်သွားပြီး ဆိုက်ကား ထုတ်၍ ညစဉ် ၉ နာရီ ၁ဝ နာရီတွင် ပြန်အပ်ပြီးမှ အိမ်ပြန်လာတတ်သည်။

တစ်ခါတစ်ရံဆိုက်ကားဆွဲ ကောင်းပါက ည ၁၁ နာရီ ည ၁၂ နာရီအထိပင် ညဥ့်နက်အထိ ဆိုက် ကားဆွဲပြီးမှ အိမ်သို့ ပြန်လာတတ် သည်။

ယနေ့တော့ …ကိုဘခက်အဖို့ ခါတိုင်းနေ့ထက် စာရင် အချိန်စောသည်ဟု ထင်ရ၏။

အိမ်ဟုသာဆိုရသော်လည်း လေးတိုင်စင်သာသာ ထရံကျိုးကျဲ ခရိုင်နဲ့နဲ့ အကာပြဲပြဲဆိုသလို တကယ့် ကို တဲပီပီသသနှင့် ဆောက်ထား သော အိမ်နေဆောင်ပင်တည်း။

ညမိုးချုပ်လျှင် ကြယ်တာရာ တို့ကို ပတ်လက်လှန်အိပ်ရင်း ကြည့် လိုက်တော့ အိမ်အမိုးပေါက်တွေက မရေတွက်နိုင်လောက်အောင် အ ပေါက်အပြဲများလှပေသည်။

သည်အိမ်ကွင်းထဲသို့ ကိုဘခက် ဝင်မိစဉ် မျက်စိကစားလိုက်ရာ ဖျာ စုတ်ပေါ်တွင် လက်ချည်စုတ်အနှီး တစ်ခြားဖြင့် ပိုးလိုပက်လက် နှစ်ချိုက် စွာ အိပ်ပျော်နေသော လူမမယ်သား ငယ်လေးအခန်းထောင့် ထရံအပြဲနှင့် ကပ်လျက် အိပ်စပြုနေသော ချစ်သ မီးလေး ဗိန်မနှင့် ထိုနှစ်ယောက်သာ တွေ့ရလေသည်။

ကိုဘခက်သည် သူ့ခေါင်းပေါ် မှ စုတ်ပြဲနွမ်းဟောင်းနေသော သက္က လပ်ရဲဆောင်းဦးထုပ်အား ချွတ်လျက် သမီးငယ် ဗိန်မအား နှိုးလိုက်ချေ၏။

”ဟဲ့ …ဗိန်မ …ထ … ထ”

 

ဗိန်မသည် အိပ်မှုံစုံမွှားဖြင့် မျက်စိကလေး ပေကပ်ပေကပ်ဖြင့် သူ့၏ ဖခင်ကို လှမ်း၍ ကြည့်လိုက် ချိန်။

”နင့် အမေ ဘယ်မှာလဲ”ဟု ကို ဘခက်၏ အမေးကို

”ခုနလေးတွင်မှ သီရိမင်္ဂလာ ဈေးကို ပန်းသွားကြိုတယ် အဖေ”
ကိုဘခက် မောမောပန်းပန်း ဖြင့် ပြန်လာသော်လည်း ဇနီးသည် မျက်နှာကို မမြင်ရ၍ မေးခြင်းဖြစ်၏။

ဇနီးသည် ခင်မအချိန်စော၍ ပန်းငယ် ပန်းသည်အဆို ပန်းကြိုခြင်း သည် ယခုသီရိမင်္ဂလာဈေးက မော် တင်နှင့် အလုံဝန်းကျင်မျှ မိုးညဥ့်နက် မှ သွားပေမယ့် အချိန်တိုတိုတောင်း တောင်းနှင့်ပင် ခင်မတို့နေထိုင်ရာ တာမွေအပိုင် အသောကရပ်ကွက် သို့ စောလျင်စွာ ပြန်လို့လွယ်၏။

ယခုတော့ ….
မြို့လယ်ခေါင်မှ သီရိမင်္ဂလာ ဈေးဖျက်သိမ်းပြီးတော့ ရန်ကုန်ဟို အရှေ့ဖျား မြစ်စွန်းတစ်ဖက်သို့ ပြောင်းရွှေ့ထားမှုကြောင့် ဈေးသည် များအဖို့ သွားရေးလာရေးခရီးရှည် ပြီး ကားခလည်း ပို၍ပေးရလေသည်။

သို့အတွက်ကြောင့် ခင်မပန်းကြို စောစောသွားခြင်းဖြစ်၏။

”အဖေ …ထမင်းစားပြီးပြီ လား”

”ဟင့် …အင်း …မစား ရသေးဘူး”

”ကန်စွန်းရွက်ကြော်ရှိတယ်။ စားရင် ခူးပေးမယ်”

”အေး …စားမယ် သမီး”

ဗိန်မသည် အရွယ်နှင့်ပင် မ လိုက် လိမ္မာရေးခြားရှိပြီး ဆင်းရဲနွမ်း ပါးသော မိဘတို့၏ လက်ရင်းတုတ် ကလေးပါပေ။ ကိုဘခက်သည် ဗိန်မ ခူးပေးသော ဆန်ကြမ်းနှင့် ကန်စွန်း ရွက်ကြော်ဟင်းကို မိန်းမရေ ရှက် ရေဖြင့် ငုံ၍ စားနေလေတော့သည်။

ကိုဘခက်တစ်ယောက် ယနေ့ ဆိုက်ကားကို စောလျင်စွာ သိမ်းပြီး အိမ်သို့ ပြန်လာခဲ့ရာ လက်ထဲမှ မြန် မာ့အလင်းသတင်းစာကို ကိုင်လျက် ဇနီးသည် ခင်မပန်းဝယ် ပန်းကြို မထွက်မီ မှောင်ရိပ်ပျိုးစ ညနေ ၆ နာရီသာသာခန့်တွင် အိမ်သို့ ပြန်ခဲ့ လေ၏။

ဇနီးသည်ဖြစ်သော ခင်မနှင့် သမီးငယ်ဖြစ်သူ ဗိန်မတို့မှာ စောစီး စွာပြန်ခဲ့သေ ကိုဘခက်ကို အထူးအ ဆန်းသဖွယ်ကြောင်၍ ကြည့်နေကြ သည်။

ပြီးမှ ဗိန်မက ”ဟော အဖေဒီ နေ့ အစောကြီးအိမ်ပြန်ရောက်တယ်။ ဘာဖြစ်လို့လဲဟင်”

ကိုဘခက်၏ ဇနီးခင်မကတော့ သူ့ရင်ခွင်ထက်မှ ကလေးငယ်နို့စွဲနေ သည်ကို နို့တိုက်ရင်းဖြင့် …

”ကိုဘခက် ရှင်ဒီနေ့ ဆိုက်ကား သိမ်းလာတာ စောလှချည်လား”ဟု နှုတ်ခွန်းဆက်စကားဆိုပြီး သူ့ကလေး အား ရင်မှ နို့တိုက်ခြင်းကို ရပ်နား လိုက်သည်။

ထိုမှတဖန် သူ့၏သားငယ်အား အငမ်းမရ နမ်းရှုပ်နေပြီ တဖက်မှ ယောက်ျားဖြစ်သူ ကိုဘခက်၏စကား သံကို နားစွင့်နေမိသည်။

ကိုဘခက်သည် ဝမ်းသာရွှင်ပြ စွာဖြင့် သူ့လက်ထဲမှ သတင်းစာကို ဖြန့်ပြီး သူ့ဇနီးသည်အား စကားဆို လေ၏။

”ငါတို့ မြန်မာတွေ လျှောက် လှမ်းနေတဲ့။ ဒီမိုကရေစီလမ်းကြောင်း ကို ဒီနေ့ရောက်နေပြီဟ”

”အဲဒီတော့ …ဘာဖြစ်သလဲ။ ဒါများအထူးအဆန်းလုပ်လို့”ဟု ခင်မ က ပြောပြီး သူ့ယောက်ျားအား မထူး ဆန်းသလို ကြည့်နေပါ၏။
သူ့စိတ်ထဲတွင်လည်း မိမိနှင့် ဘာမှမသက်ဆိုင်ပဲနှင့် သူ့ယောက်ျား ကိုဘခက်ကို ဆိုက်ကားကောင်း ကောင်း မနင်းဘဲ ဘာစိတ်ရူးထနေပါ လိမ့်ဟု သာမန်သဘောမျှသာ တွေး နေပါ၏။

ဤတွင် ကိုဘက်မှာ ခင်မအနား သို့ ကပ်လာပြီး။

 

ကိုဘခက်သည် သူ့လက်ထဲမှ ကိုင်ထားသော သတင်းစာကို ဝမ်း

သာအားရဖြင့် ဖတ်နေတော့သည်။

”ဒီမှာ သတင်းစာကို ကြည့်စမ်း။ နိုင်ငံတော်သမ္မတကြီးက ဆင်းရဲခြင်း လျှော့ချရေးအတွက် နှစ်ထောင့် နှစ် ဆယ်ခုနှစ်မှစပြီး အကောင်အထည် ဖော်တော့မယ်တဲ့ သိလား”

ခင်မသည် သူ့ယောက်ျား ကို ဘခက် ဝမ်းသာအားရပြောနေသ လောက် သူ့အဖို့မှာ ဘာမျှထူးခြား ချက် ရှိဟန်မတူချေ။
သို့ကြောင့်လည်း အထူးအဆန်း လုပ်နေသော ကိုဘခက်ကို ”နေစမ်း ပါဦး။ ကိုဘခက်ရဲ့ ရှင်ပြောတဲ့ နိုင်ငံ တော်သမ္မတကြီးက ဆင်းရဲခြင်းလျှော့ ချတာနဲ့ ကျွန်မတို့နဲ့ ဘာဆိုင်လို့တုန်း”

”ဟာ …ဒီမိန်းမကလဲ။ တို့ နဲ့ မဆိုင်ပဲနေပါ့မလား။ မင်းနှယ့်ကွာ၊ တို့တတွေက လက်လုပ်လက်စားဆင်း ရဲသားလေကွာ။ ဒီလိုဆင်းရဲနေတာ ကို နိုင်ငံခေါင်းဆောင်တွေက ဆင်းရဲ ခြင်းလျှော့ချမယ်ဆိုတာ။ အဲဒီတို့အ တွက် တိုက်ရိုက်ပတ်သက်နေတယ် ကွ။ ဒါကြောင့် ငါတို့ မရှိဆင်းရဲသား တွေရဲ့ဘဝကို အတတ်နိုင်ဆုံး ကယ် တင်မယ်လို့။ ဟောဒီ သတင်းစာထဲ မှာ စာလုံးအမဲကြီးတွေနဲ့ ထိပ်ဆုံးက ဖော်ပြနေတာ။ ကြည့်ပါဦးလား။ မိန်းမရာ”

ကိုဘခက်ကသာပင် ခင်မကို ဆက်လက်ရှင်းပြနေသည်ကို သမီး ငယ်ဗိန်မက ဝမ်းသာရမလို ဘာလို လိုနှင့် ဖခင်မိခင်မျက်နှာကို တစ် လှည့်စီကြည့်နေမိလေသည်။

”ဒီမှာ ကိုဘခက် ရှင်က ဆိုက် ကားကိုသာ ဂရုတစိုက်နင်းမှ အုံနာ ကြေးနဲ့ နေ့တွက်ခရမယ်။ ကျွန်မ လည်း ပန်းဝယ် ပန်းရောင်း ဂရုတ စိုက်လုပ်မှ ထမင်းနပ်မှန်အောင်ရယ်။ သားသမီးတွေပါ စားရမယ်။ ဒါမှမ ဟုတ်လို့။ ကျွန်မနေမကောင်းလို့ပဲ ဖြစ်ဖြစ်၊ ရှင်နည်းနည်းနေမကောင်း ရင်ပဲဖြစ်ဖြစ်။ တစ်ခါတလ ထမင်း နပ်ကျော်စားရတာတွေ။ ဟင်းမပါဘဲ ငါးပိရည် အဖြူထည်နဲ့ ဆန်ကြမ်း စားရတာတွေက ခဏ ခဏကြုံနေရ တယ် မဟုတ်လား”

ကိုဘခက်သည် ဇနီးသည် ခင်မ ၏ တင်ပြချက်စကားများကို မငြင်း လိုသော်လည်း ယခုနိုင်ငံတော်သမ္မတ ကြီးနှင့် အကြီးအကဲတို့၏ ဆင်းရဲမှု လျှော့ချရေးစီမံကိန်းကြီး အမြန်ပေါ် လာရင် သူတို့တွေ ဆင်းရဲခြင်း နပ် မမှန်ခြင်း ထမင်းမဝခြင်း ¤င်းဘေး တို့မှ လွတ်ကင်းမည်ဟု တစ်ထစ်ချ ယုံကြည်နေသူမို့ ခင်မအား ဆက် လက်ပြောမြဲပြောနေပြန်၏။

”မင်းမကြာခင်ကြည့်ကွာ။ ဒီမို ကရေစီအစိုးရက ပြောတဲ့အတိုင်းလုပ် မှာကွ။ မင်းစောင့်ကြည့်နေပါကွာ” ဟု ကိုဘခက်က တိုး၍ပင် ထပ်လောင်း ပြောနေသော စကားကြောင့် ခင်မ ကလည်း ဤသို့ ပြောလိုက်ချေ၏။

”ဒါဖြင့်ရင် ရှင်ပြောတဲ့အတိုင်း သမ္မတကြီးက ဆင်းရဲမှုလျော့ချမယ် ဆိုရင်၊ သမ္မတကြီးနဲ့ ရှင်တွေ့ရင်ထပ် ပြီး ပြောပြပေးပါ။ ကျွန်မတို့ ဆင်းရဲ ရုံတွင် မဟုတ်ဘူး။ ငတ်မွတ်နေတဲ့ ဘေးကိုပါ ပြောပြလိုက်ပါတော်”

ခင်မ၏ စာမတက် ပေမတက် သူ့ရင်ထဲကရှိသော စကားကို ကိုဘ ခက်အား ဖွင့်ပြောလိုက်ခြင်းကြောင့် ကိုဘခက်တစ်ယောက် ခင်မ၏စကားကို ဘယ်လိုမှမချေပနိုင် ချေပ နိုင်စွမ်း မရှိပါချေဘိတကား ….။

ဆင်းရဲတွင်း၌ … နစ်မွန်းသံသရာ
လည်နေပါဘိ …မေတ္တာသစ္စာ
သည်နှစ်ဖြာဖြင့် …ကြင်နာချစ်ခင်

ဖြူစင်စိတ်ထား …ပေါင်းဖက်ငြား တည့်နင်းပြားဘဝ…ရှိတုန်းက လည်း နေ့ညမယွင်း …ချစ်ခင်ခြင်း ဖြင့် လမ်းကျဉ်းလမ်းကျယ် … အသွယ်သွယ်ကို ခင်တွယ်ခရီး …ဘယ်မငြီးသည့် ဇနီးမောင်နှံ တို့ပါတကား …။

မြင့်မြတ်အောင်မြင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*