ကျွန်တော်ရေးခဲ့သောစာအုပ်များ(၂၂)

ကျွန်တော်ရေးခဲ့သောစာအုပ်များ(၂၂)
February 20, 2019 Asian Fame
ကျွန်တော်ရေးခဲ့သောစာအုပ်များ(၂၂)

မြန်မာစာပေသမိုင်းတစ် လျှောက် ပေါ်ထွန်းခဲ့သော ထင်ရှား သော ပုဂ္ဂိုလ်များ မိန့်ကြားခဲ့သည့် ‘မှတ်လောက်သားလောက်’ စကား များ အများအပြားရှိပါသည်။ ဖတ်ရ သော စာပေများတွင် ထိုစကားများ အလျဉ်းသင့်သလို ပါလာတတ်သည်။ မှတ်တမ်းတင်ခဲ့သော ပုဂ္ဂိုလ်များ၏ ကျေးဇူးကြောင့် ထိုစကားများကို လေ့လာမှတ်သားခွင့်ရကြသည်။ ကျွန်တော်သည် ထိုစကားများကို နောက်ခံဖြစ်ရပ်များနှင့် ဆက်စပ်ရေး သားရန် စိတ်ကူးရသည့်အတွက် မြဝတီမဂ္ဂဇင်းမှာ ဆောင်းပါးတော် တော်များများ ရေးခဲ့ပါသည်။ ထို ဆောင်းပါးများကို စုစည်း၍ မှတ် တမ်းဝင်ပုဂ္ဂိုလ်များ၏ အမှတ်ထင် ထင်ဖြစ်ရပ်များနှင့် မှတ်မှတ်ရရ စကားများ ခေါင်းစဉ်ဖြင့် စာပေခရီး သွားများစာအုပ်တိုက်က အတွဲ ၂ တွဲ ထုတ်ခဲ့ပါသည်။ ပထမတွဲ (၂ဝ၁၅) တွင် ရှေးခေတ်ပုဂ္ဂိုလ်များအကြောင်း ပါဝင်၍ ဒုတိယတွဲ (၂ဝ၁၈)တွင် မျက်မှောက်ခေတ်ပုဂ္ဂိုလ်များအ ကြောင်း ပါဝင်ပါသည်။

ပုဂံကျောက်စာများတွင် မှတ် တမ်းတင်ထားသော စကား ၂ ခွန်း ကို ကောင်းလျှင်းတည်းနှင့် အဖူးရစေ ခေါင်းစဉ်ဖြင့် ရေးခဲ့သည်။ ‘ကောင်း လျှင်းတည်း’မှာ ‘သာဓု’ ဟူသော ပါဠိစကားကို မြန်မာပြန် ထားခြင်းဖြစ်သည်။ ‘ကောင်းလေစွ’ ဟု ဆိုလိုခြင်း ဖြစ်သည်။ သက္ကရာဇ် အခိုင်အမာပါသော အစောဆုံး မြန်မာစာဖြစ်သော ရာဇကုမာရ် (မြစေတီ)ကျောက်စာတွင် ကျန်စစ် သားမင်းကြီး၏ သာဓုခေါ်သံကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ အစောဆုံးသာဓုခေါ်သံဟု ဆိုနိုင် သည်။ ‘အဖူးရစေ’မှာ အရိမေတ္တေယျ ဘုရားကို ‘မဖူးရပါစေ နှင့်’ဟု ဆိုလို ခြင်းဖြစ်သည်။ ရာဇ ကုမာရ်လှူခဲ့ သော ကျွန်များကို နှိပ် စက်သူများ အား ကျိန်ဆိုဟန့်တားသော စကား ဖြစ်သည်။ ‘မဖူးရပါစေ နှင့်’ဟူသော အဓိပ္ပာယ်ကို ‘အဖူးရစေ’ဟု ရေးပုံ မှာ ပုဂံခေတ်အသုံးဖြစ်သည်။ အခြား ကျောက်စာများတွင်လည်း ထိုအသုံး မျိုးတွေ့ရသည်။

ဥယျာဉ်စိုက်သော ယောက်ျား ကားမှာ ပုဂံနရသီဟပတေ့မင်းလက် ထက် ကျူးကျော်လာသော တရုတ် (မွန်ဂို)ဘုရင်၏ စစ်သည်များကို တားဆီးရန် ရဟန်းတော်ရှင် ဒိသာပါမောက္ခက တရုတ်ပြည် ကယ်တူ (ပီကင်း)သို့ သွား၍ မွန်ဂို ဧကရာဇ်နှင့် စကားဆိုရာတွင် ဥပမာ ပေးသော စကားဖြစ်သည်။ ‘ဥယျာဉ် စိုက်သော ယောက်ျားကား သစ်ပင် ကိုကြီး၍ သီးစေ၏ အညွန့်မဆိတ် တကား’ဟု မွန်ဂိုဧကရာဇ်ကို ဥယျာဉ် မှူးအဖြစ် တင်စားပြီး မြန်မာနိုင်ငံကို ဥယျာဉ်ကဲ့သို့ ပြုစုပျိုးထောင်ရန် မဖျက်ဆီးရန် မိန့်ကြားသောစကား ဖြစ်သည်။

ငါ့အစွယ်နှစ်ချောင်းကျိုးခဲ့ပြီမှာ သူရဲကောင်း လဂွန်းအိမ်ကျဆုံးသွား သောအခါ ရာဇာဓိရာဇ်က လဂွန်း အိမ်အလောင်းကိုဖတ်၍ ငိုရင်း မိန့် ကြားသောစကားဖြစ်သည်။ သူရဲ ကောင်းကို ချစ်မြတ်နိုးသော သူရဲ ကောင်းဘုရင်၏ ဝမ်းနည်းစကား အဖြစ် တွေ့ရသည်။ မတန်ဘဲနှင့် ယူ ခြင်းသည် ရှက်ဖွယ်ဟူသော စကား မှာ သာလွန်မင်းလက်ထက်တွင် ထင် ရှားသော ဝန်ကြီး ဗညားကျန်းတော က မိမိ၏သား ၂ ယောက်ကို လွှတ် တော်က ဘွဲ့ပေးကြောင်း ကြားရ သောအခါ ခွေးတစ်ကောင်ကိုပင် နိုင်အေင် မဆောင်ရွက်နိုင်သေးဘဲ ယခုကဲ့သို့ ဘွဲ့ပေးသည်ကို မတန်ဘဲ ခံယူခြင်းသည် ရှက်ဖွယ်ဖြစ်ကြောင်း ပြောဆိုဆုံးမပြီး ဘွဲ့ကို ပြန်အပ်ခိုင်း သည့် အကြောင်းဖြစ်သည်။

ကိုပုရှိခဲ့သော် ဆိုသောစကား မှာ ဟံသာဝတီရောက်မင်း၏ နောင် တစကားဖြစ်သည်။ သီရိဇေယျနော်ရ ထာဘွဲ့ခံ ဝန်ကြီးဦးပုကို ပုန်ကန်သူ အဖြစ် ကုန်းချောသည်ကို ယုံကြည် သည့်အတွက် ဟံသာဝတီပါမင်းက အဆုံးစီရင်စေသည်။ ဟံသာဝတီမှ ရန်သူများ အင်းဝသို့ လာတိုက်ပြီး မင်းကို ဖမ်းဆီးခေါ်ဆောင်သွားသော အခါကျမှ နောင်တရပြီး ‘ကိုပုရှိခဲ့ သော်သည်သို့ မဖြစ်ရကွယ်’ဟု ကြေ ကွဲစွာမြည်းတမ်းပုံကို ရေးခဲ့ပါသည်။

နင်လည်း ငချစ်ညို ငါလည်း အလောင်းမင်းဆိုသော စကားမှာ အလောင်းမင်းတရား ဦးအောင်ဇေ ယျနိုင်ငံ စည်းရုံးစဉ် အလောင်းမင်း တရားအောက်ကို မခိုဝင်သော ခင် ဦးစားလက်ယာပျံဦးငချစ်ညိုနှင့် ရင် ဆိုင်တွေ့ရာ အလောင်းမင်းတရားက အထက်ပါစကားကို ဆိုရင်း ယော က်ျားကောင်းချင်း ရင်ဆိုင်တိုက်ခိုက် ရန် အသင့်ပြင်သည့် အကြောင်းဖြစ် သည်။ တန်းတူချင်းတွေ့ပြီဟူသော အဓိပ္ပာယ်ဖြင့် ဝမ်းသာအားရစိန်ခေါ်ြေ<ွကးကြော်သည့် စကားဖြစ်သည်။

ခေတ်သစ်ပိုင်းတွင်လည်း ထင် ရှားသော ပုဂ္ဂိုလ်များမိန့်ဆိုခဲ့သည့် စကားများရှိပါသည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ဆရာတို့ မသေခင် မြင်သွားစမ်းပါရစေဟု အင်္ဂလိပ်ခေတ်တွင် ထောင်မှလွတ် မြောက်လာစ သခင်ဘသောင်း စသည့်လူငယ်များကို လွတ်လပ်ရေး နှင့်ပတ်သက်၍ ဆန္ဒထုတ်ဖော်မိန့် ကြားခဲ့ခြင်းဖြစ်သည်။

စာရေးခြင်းသည် စာကိုရေး သော အတတ်မဟုတ် စိတ်ကိုရေး သော အတတ်ဖြစ်သည်ဟု ဆရာကြီး ပီမိုးနင်းမိန့်ကြားခဲ့သော စကားသည် လည်း အစဉ်အဆက်မှတ်သားရသော စကားဖြစ်သည်။ ထို့အတူ ဆီမီးခွက် အကြောင်းကို ရေးခြင်းသည် အ လောင်းစည်သူအကြောင်းရေးခြင်း ထက် ပို၍ခက်ခဲကြောင်း ကိုးကား စရာမရှိဘဲ စိတ်ကူးဖြင့် ရေးရသော ကြောင့်ဖြစ်ကြောင်း ဆရာကြီး ပီမိုး နင်းမိန့်ကြားသည့် စကားကို ‘ဆီမီး ခွက်နှင့် အလောင်းစည်သူ’ခေါင်းစဉ် ဖြင့် ရေးသားခဲ့ပါသည်။

ဆရာကြီး ဦးဖေမောင်တင်က သရေခေတ္တရာတူးဖော်ရေးနှင့်ပတ် သက်၍ ပုဂံရာဇဝင်ကို တုတ်ထမ်း ပြောရသည်ဟု အဆိုရှိကြောင်း၊ ပုဂံ ထက် ရှေးကျသော သရေခေတ္တရာ ရာဇဝင်ကို တူရွင်းဖြင့် တူးဖော်၍ ဖော်ထုတ်ရမည်ဖြစ်ကြောင်း မိန့်ဆို ပြီး တုတ်မထမ်းပါနှင့် တူရွင်းထမ်း ကြပါဟု မှာကြားခဲ့ပါသည်။ ဆရာ ကြီးက မြန်မာစာအ ရေးအသားနှင့် ပတ်သက်၍ မိန့်ကြားရာတွင် ပိဋကတ်တော်များကို မြန်မာစကား ကောင်းကောင်းဖြင့် မပြန်ဆိုကြဘဲ နိဿယစကားပြေ ဖြင့်သာ ပြန်ဆိုခဲ့ ကြသည့်အတွက် စကားပြေမထွန်း ကားသည့်အခြေအနေသို့ ရောက် ရပုံကို ထောက်ပြသကဲ့ သို့ ဆရာကြီး ဒေါက်တာ မောင်ဖြူးက မြန်မာတို့ သည် ကဗျာလင်္ကာများတွင် ယစ်မူး နေသည့်အတွက် စကားပြေအရေး အသား နှစ်တစ်ရာလောက် နောက် ကျသွားသည်ဟု သုံးသပ်မိန့်ဆိုခဲ့ သည်။

မိဘများသည် သားသမီးများကို စာအုပ်စာတမ်းများ ဂျာနယ်မဂ္ဂဇင်း များ ဖတ်စေခြင်းဖြင့် အာဟာရဖြစ် အောင် စိတ်ကို အစာကျွေးသင့် ကြောင်း စိတ်ကို အစာမကျွေးဘဲထား လျှင် ဒုက္ခရောက်မည်ဖြစ်ကြောင်း သတိပေးထားပုံမှာ မှတ်သားစရာ ကောင်းပါသည်။

လေးစားလောက်သော အလုပ် ဟူသမျှတွင် ဖြတ်လမ်းဟူ၍ မရှိချေ ဟု မိန့်ကြားသူမှာ ဆရာဇော်ဂျီဖြစ် သည်။ ဖြတ်လမ်းနည်းဖြင့် ပညာရှိ လုပ်၍ မရကြောင်း မိန့်ဆိုခြင်းဖြစ် သည်။ ဆရာမင်းသုဝဏ်ကလည်း ‘စု-တု-ပြု’ ဟူသော ကိုယ်တွေ့စာ ရေးနည်းကို လမ်းညွှန်ပြီး စုကြပါ၊ တု ကြပါ၊ ပြုကြပါဟု တိုက်တွန်းသည်။

စာရေးဆaရာမင်းဆွေသည် နာ မည်ဟူသော စာအုပ်ကို ပြုစုပြီး နိပွန် (ဂျပန်) လူမျိုးတို့၏ ဆောင်ပုဒ်ဖြစ် သော ကျားသေလျှင် သားရေကျန်ရ သည်၊ လူသေလျှင် နာမည်ချန်ရသည် ဟူသော ဆောင်ပုဒ်ကို အလေးအ နက် ဖော်ညွှန်းခဲ့သည်။

မြန်မာစာပါမောက္ခဆရာ တက္က သိုလ်မောင်မောင်ကြီးက စာစီစာကုံး ကို ကိုယ်ပိုင်အရေးအသားဖြင့် မရေး ဘဲ ရှေးစာများကိုသာ ကိုးကားပြီး ရေးမည်ဆိုလျှင် ထိုစာစီစာကုံးမှာ ဝက်နားရွက်ကို ကြွက်မှာတပ်၍၊ ကြွက်နားရွက်ကို ဝက်မှာ တပ်သော စာမျိုး ဖြစ်မည်ဟု ဥပမာပေးသည်။ ဦးသိန်းဖေမြင့်က ကျောင်းစာစီစာကုံး မှ ရသစာပေဆီသို့ ဟူသော စကား ဖြင့် ကျောင်းသားဘဝမှာ စာစီစာကုံး ရေးသည့် စိတ်ကူးÓဏ်ကို ဖွင့်ပေး လျှင် ရသစာပေဖန်တီးနိုင်သည့် အဆင့်သို့ ရောက်ရပုံကို ကိုယ်တွေ့ သာဓကများဖြင့် ဖော်ပြသည်။

စကားပြေကား လူနားလည် အောင် ကဗျာကား လူခံစားအောင် ရေးရသည်ဟူသော ဆရာဒဂုန်တာ ရာ၏ အဆိုအမိန့်သည်လည်း စကား ပြေနှင့် ကဗျာခြားနားပုံကို ဖော်ညွှန်း နေသည်။ စာရေးဆရာကြီး သဘင် ဝန်ဦးနုကမူ မရေးရ မနေနိုင်လို့ စာ ရေးခြင်းဖြစ်ကြောင်း မိန့်ဆိုသည်။ ဆရာမောင်သုတ၏ မြန်မာစာမြှင့် ချင်လွန်းလို့ဟူသော စကားသည် မြန် မာစာဖွံ့ဖြိုးစေလိုသော စေတနာကို ဖော်ပြလျက်ရှိသည်။ ကျွန်တော့်စာ အုပ်မှ မှတ်မှတ်ရရစကားများကို သာ ဓကဆောင်လိုက်ပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*