အိမ်ထောင်ပြုခြင်းက လူတိုင်းအတွက် အရေးကြီးပါတယ်ဆိုတဲ့ သရုပ်ဆောင် ဟိန်းဝေယံ

အိမ်ထောင်ပြုခြင်းက လူတိုင်းအတွက် အရေးကြီးပါတယ်ဆိုတဲ့ သရုပ်ဆောင် ဟိန်းဝေယံ
February 19, 2019 Asian Fame
အိမ်ထောင်ပြုခြင်းက လူတိုင်းအတွက် အရေးကြီးပါတယ်ဆိုတဲ့ သရုပ်ဆောင် ဟိန်းဝေယံ

ပရိသတ်ရဲ့ ချစ်ခင်မှုကိုရရှိထားတဲ့ သရုပ်ဆောင် ဟိန်းဝေယံကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ရုပ်သံဇာတ်လမ်းတွဲများမှာလည်း ပါဝင်သရုပ်ဆောင်နေပါတယ်။ သူကတော့ သရုပ်ဆောင်ပိုင်းကိုသာမက ဒါရိုက်တာအနေနဲ့ ရုပ်ရှင်တစ်ကားစတင်ရိုက်ကူးခဲ့ပြီဖြစ်ပါတယ်။ ပထမဆုံး ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့တဲ့ မာယာကကြိုး ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီး …

”မာယာကကြိုးရုပ်ရှင်ကတော့ Post Production ပိုင်းကို သေချာလုပ်နေပါတယ်။ အခု Sound Design ပိုင်းကို အပ်ထားတယ်ပေါ့။ ရုံတင်ဖို့တော့ နည်းနည်းလိုပါသေးတယ်။ ဒီကားလေးကို ပရိသတ်တွေ ကြည့်ရှုခွင့်ရအောင် ကြိုးစားရဦးမှာပါ။ ဒီကားကတော့ ကျွန်တော်က သရုပ်ဆောင်ပိုင်းတင်မဟုတ်ဘဲ ဒါရိုက်တာပိုင်းကိုပါ ရိုက်ကူးပုံဖော်ထားတာဖြစ်တဲ့အတွက် ကျွန်တော်က စလို့ စက်အဖွဲ့အထိ ပါဝင်တဲ့သရုပ်ဆောင်တွေရော အားလုံးကြိုးစားထားကြပါတယ်။ ဇာတ်လမ်းပိုင်းကိုလည်း ရှေ့မှာတစ်ခါမှမရိုက်ဖူးတဲ့ပုံစံလေးဖြစ်အောင် ဆန်းထားပါတယ်။ ပရိသတ်တွေအတွက် ရသတစ်ခုပေးနိုင်အောင်လို့လည်း ကြိုးစားထားပါတယ်”လို့ ပြောပြခဲ့ ပါတယ်။ အိမ်ထောင်ပြုဖြစ်တော့မှာလားလို့လည်း ဆက်လက်မေးမြန်းခဲ့ရာ …

”လောလောဆယ်တော့ ကျွန်တော်တစ်ယောက်တည်း အေးဆေးနေဖြစ်နေတာပေါ့။ ဒီနှစ်မှာတော့ ကျွန်တော်နှစ်ယောက်ဖြစ်ဖို့ ကံပါလာရင် နှစ်ယောက်တွေ့ရမှာပါ။ လောလောဆယ် တော့ တစ်ယောက်တည်းပါပဲ။ အိမ်ထောင်ရေးကတော့ အနုပညာရှင်တွေအတွက်မှ မဟုတ်ပါဘူး။ လူတိုင်းအတွက် အိမ်ထောင်ပြုတယ် မပြုဘူးဆိုတာကအရေးပါတယ်လို့ထင်ပါတယ်။ အိမ်ထောင် ပြုဖို့ စိတ်ကူး ရှိရင် အိမ်ထောင်ပြုခြင်းကတော့ အရေးပါမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ထောင်ပြုတယ်ဆိုတာက တစ်ယောက်တည်း မဟုတ်တော့ဘဲ နှစ်ယောက်ဖြစ်သွားတဲ့အခါကျတော့ တစ်သက်လုံး အတူ လက်တွဲသွားရမှာဖြစ်တဲ့အတွက် သေချာစဉ်စားဖို့လည်းလိုမယ်။ အရေးကြီးတယ် လို့လည်းထင်ပါတယ်” လို့ လည်း ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*