ရုပ်ရှင်လောက တိုးတက် ပြောင်းလဲမှုတွေကို ပြောပြခဲ့တဲ့ သရုပ်ဆောင် ကျော်ရဲအောင်

ရုပ်ရှင်လောက တိုးတက် ပြောင်းလဲမှုတွေကို ပြောပြခဲ့တဲ့ သရုပ်ဆောင် ကျော်ရဲအောင်
February 15, 2019 Asian Fame
ရုပ်ရှင်လောက တိုးတက် ပြောင်းလဲမှုတွေကို ပြောပြခဲ့တဲ့ သရုပ်ဆောင် ကျော်ရဲအောင်

ဇာတ်ရုပ်မျိုးစုံကို သဘာဝဆန် ဆန် အံဝင်ဂွင်ကျသရုပ်ဆောင်နိုင် မှုကြောင့် ပရိသတ်တွေရဲ့အားပေးမှု ကို နှစ်ကာလ ကြာရှည်စွာရရှိထား သူပါ။ လက်ရှိမှာလည်း ဝါရင့်သရုပ် ဆောင်တစ်ဦးအဖြစ် ရုပ်ရှင်ဇာတ် ကားတွေ ရိုက်ကူးနေဆဲပါဘဲ။ ဝါရင့် သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ သူ့ကို ခေတ်ကာလ အနေအထားအရ ရုပ်ရှင်လောက ပြောင်းလဲမှုနဲ့ပတ် သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။

”ရုပ်ရှင်ကတော့ အရင်နဲ့ဆိုရင် နည်းနည်းတိုးတက်လာတယ်လို့တော့ ပြောရမှာပေါ့။ ဇာတ်လမ်းတွေရော၊ စက်ပစ္စည်းတွေရောပေါ့။ တိုးတက် လာတယ်။ တိုးတက်ပေမယ့် ရာနှုန်း ပြည့်တော့ မဖြစ်သေးပါဘူး။ တဖြည်း ဖြည်းနဲ့လုပ်ယူရမှာပေါ့။ ချက်ချင်း ကြီးတော့ ပြောင်းလဲလို့ မရသေးဘူး ပေါ့။ ကျွန်တော်တို့ သင်ယူရမှာတွေ အများကြီးကျန်သေးပါတယ်။ ပရိ သတ်ကလည်း ဇာတ်ကားကောင်းတွေ တောင်းဆိုလာပြီ။ ကျွန်တော်တို့ ရိုး ရိုးရိုက်နေလို့ မရတော့ဘူးပေါ့။ ပရိ သတ်ကို ကျွန်တော်တို့က အသစ် တွေဘဲ ချပြရတော့မယ်။ ရိုက်ကူးတဲ့ နေရာတွေလည်း ထပ်လို့မရတော့ ဘူး။ ဇာတ်ကွက်တွေလည်း အရင်း တိုင်းသွားလို့ မရတော့ဘူး။ အရင် တုန်းကလည်း ပေါ့တာတော့ မဟုတ် ပါဘူး။ ဘောင်ထဲမှာဘဲသွားနေရလို့ဖြစ်တာပါ။ ဘောင်ကြီးကြီးဆိုရင် တော့ တစ်မျိုးထပ်ဖြစ်မှာပေါ့။နောက်ပိုင်းတက်လာကြတဲ့ ကလေး တွေလည်း အရမ်းတော်ကြပါတယ်။ လိုတဲ့ကလေးတွေ လည်းရှိတာပေါ့။ ပညာတတ်လေးတွေလည်း ပေါ်လာ ကြပါတယ်။ အချိန်ယူပြီတော့လည်း ရိုက်ကြတယ်။ တော်လည်း တော်ကြ ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

သားတစ်ယောက် သမီးတစ် ယောက် ဖခင်လည်း ဖြစ်ပါတယ်။ သမီးဖြစ်သူ မှုံနံ့သာကျော်ရဲအောင် ကတော့ ‘ဆယ်လီ’ ရုပ်ရှင် ဇာတ် ကားမှာ ကလေး သရုပ်ဆောင်တစ်ဦး အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီဖြစ်ပါ တယ်။ သမီးလေးက အနုပညာအလုပ် တွေလုပ်သွားဖို့ရှိလားလို့ ဆက်လက် မေးမြန်းခဲ့ရာ …
”သမီးကတော့ အနုပညာတွေ ဝါသနာပါတယ်။ ကျွန်တော်က သူ ကျောင်းမပြီးသေးလို့ မလုပ်ခိုင်း သေးတာပါ။ ကျောင်းပြီးသွားရင် တော့ သူလုပ်ချင်တာလုပ်ပေါ့။ မတတ်နိုင်ဘူးလေ။ သမီးကို ဒီ အလုပ်ကို မလုပ်စေချင်တာ မဟုတ် ဘူး။ ကျွန်တော်တို့လည်း ဒီအလုပ် နဲ့ဘဲ သက်မွေးဝမ်းကျောင်း ပြုလာ တာဘဲလေ။ ဒီအလုပ်က ပင်ပန်း တယ်။ ဒီဒဏ်ကို ခံနိုင်မယ်မထင် ဘူး။ ဘာလို့လဲဆိုတော့ တကယ်တမ်း ပိုက်ဆံ ယူပြီး ရိုက်တော့မယ်ဆို ရင် ခိုင်းစရာရှိတဲ့သူကလည်း ခိုင်း မှာဘဲ။ အဲဒါကြောင့်ပါ” လို့လည်း ပြောပြခဲ့ ပါတယ်။

ဇော်ဝင်းအောင်၊
ဓာတ်ပုံ -အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*