လေထန်ကုန်းသို့ နဂါးလည်ပြန်…

လေထန်ကုန်းသို့ နဂါးလည်ပြန်…
February 15, 2019 Asian Fame
လေထန်ကုန်းသို့ နဂါးလည်ပြန်…

၂၀ ရာစုနှစ်ရဲ့ နောက်ဆုံးဆယ်စု နှစ်ကာလ နှစ်စုလောက်မှာ မြန်မာစာပေလောကရဲ့ အထင်ကရ အဖြစ်ဆုံး ‘စာပေစုရပ်’တစ်ခုကတော့ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၃ လမ်းအပေါ်ဘလောက်ရဲ့ အနော်ရထာလမ်းမအနီးမှာရှိတဲ့ လမ်းဘေး လေဟာပြင်လက်ဘက် ရည်ဆိုင် ‘လေထန်ကုန်း’ ပါပဲဗျား။ မူလပထမတော့၊ တိုက်တန်းလျား ၂ ခုကြားက ၁ဝ နီးပါးကျယ်၊ ပေ ၂ဝ နီးပါးရှည်တဲ့လမ်းကြားကျဉ်းကျဉ်း ကလေးထဲမှာ ‘မျိုးသိမ်း’ နဲ့ ‘အငယ် လေး’ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်က မြေစိုက်ရွှေ့ပြောင်း လက်ဘက်ရည် ဆိုင်ကလေးဖွင့်လိုက်တာပဲ။ အဲသည် လမ်းထဲမှာ စာအုပ်စာပေနဲ့ပတ်သက် တဲ့ ပုဂ္ဂလိက လုပ်ငန်းစုံရှိနေကြတော့ လက်ဘက်ရည်ဆိုင်ကိုလာတဲ့ လူ အများစုက စာအုပ်စာပေလုပ်ငန်းနဲ့ ဆက်နွယ်နေတဲ့ စာပေလောကသား တွေပေါ့။ စာသမားတချို့က အာ ပေါင် အာရင်းသန်ကြ၊ ငြင်းကြ ခုန် ကြတော့ လေမုန်တိုင်းထနေတာပေါ့ လေ။ အဲသည်အနေအထားကို အစွဲ ပြုပြီး စာရေးဆရာ ‘မင်းလူ’တို့ အုပ်စု က အမည်မဲ့လမ်းဘေးကပ်ပါး လက် ဘက်ရည်ဆိုင်ကလေးကို ‘လေထန် ကုန်း’ လို့ ကင်ပွန်းတပ်ခဲ့တာလို့တော့ အဆိုရှိတယ်။

‘လေထန်ကုန်း’ဝေါဟာရကို တီ ထွင်သူက အင်္ဂလိပ်စာရေးဆရာမ’ အီမလီဘရွန်တီ’ရဲ့ ဂန္တဝင်လက်ရာ Wuthering Heights ကို မြန်မာ ပြန်ခဲ့တဲ့ ‘ကျော်လှိုင်ဦး’ (ဆရာမင်း ကျော်)ဖြစ်ပါတယ်။ အီမလီဘရွန်တီ လည်း ဘာမှမတတ်နိုင်ရှာဘူး။ အင် မတန်ကဗျာဆန်တဲ့ ဝတ္တုနာမည်ဟာ မြန်မာတွေ လက်ထဲလည်းရောက်က ရော၊ လက်ဘက်ရည်ဆိုင်နာမည်ဖြစ် သွားတော့တာပဲ။ ပြောစရာတော့ရှိ သဗျ။ ကမ္ဘာ့စာပေလောကမှာ ‘လေ ထန်ကုန်း’စာအုပ်ဟာ ဂနÄဝင်မြောက် နာမည်ကြီးတယ်။ (ဂနÄဝင်မြောက် လွန်းလို့ မြန်မာစာရေးဆရာအချို့ ဦးနှောက်ဖောက်စားခဲ့ကြတာပဗျာ။) မြန်မာစာပေလောကမှာတော့ ‘လေ ထန်ကုန်း’လက်ဘက်ရည်ဆိုင်ဟာ ၂ဝ ရာစုကုန်ကာနီးမှာ အကျော်တ ကာ့အကျော်ဇေယျပေါ့။

‘လေထန်ကုန်း’ဟာ နာမည်ကြီး သလောက်ဆိုင် အပြင်အဆင်က တော့ ‘ဘဝ’ ဆန်လှပါရဲ့ ဆိုင်ရှင်က မှန်ဘီရိုအပုကလေး တစ်ခုနောက်မှာ ခွေးခြေတစ်လုံးနဲ့ထိုင်တယ်။ သူက ရှပ်အင်္ကျီဝတ်တာနည်းတယ်။ သူ့ ကိုယ်ပေါ်မှာ စွပ်ကျယ်လက်စက ဖြူ ဖြူသန့်သန့်နဲ့ ပုဆိုးအကောင်းစား ခပ်လတ်လတ်ရှိနေမယ်။ သို့သော် နှစ်ကျပ်သား ရွှေဆွဲကြိုးတဝင်းဝင်း လက်ပတ်နာရီအကောင်းစား တစ် လက်လက်နဲ့ဗျ။ သူက ဘောဇိနော သူ့မှာ ဆန်နီစူပါဆလွန်းကားဖြူတစ် စီးရှိတယ်။ နေ့တော့လည်း ၃၃ လမ်း ထဲက ပထမထပ် တိုက်ခန်းမှာနေတာ။

ဆိုင်ရှင်ကိုမျိုးသိမ်းဟာ ‘ကာလံ၊ ဒေသံ၊ ဧဂံ္ဂ၊ ဓနံ”ကို ကောင်းကောင်း ကျွမ်းတယ်။ သူ့ဆိုင်ဟာ မြန်မာတစ် ပြည်လုံးရဲ့ စာပေဆက်ဆံရေးဗဟို ချက်ဆိုတာ သူနားလည်တယ်။ စာ ရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်း ဆရာ၊ ထုတ်ဝေသူတွေကို သူက တ လေးတစားဆက်ဆံတယ်။ ကြူးနှစ် ဆိုတဲ့ ဘိုင်ကောင်ဆိုရင် သူ့ဆိုင်မှာ လက်ဘက်ရည်အြေ<ွကးသောက်တဲ့ အပြင် ပိုက်ဆံပါ ခဏခဏချေးတတ် တဲ့ကောင်ပ။

၁၉၉ဝ ပြည့်လောက် သွားလေ သူကဗျာဆရာ ‘မောင်စိမ်းနီ’ (ကြူး နှစ်ဆိုတဲ့ကောင်က ခင်မင်ရင်းနှီးဟန် နဲ့ အရီးစိမ်းလို့ခေါ်သဗျ၊ ခေတ်ပေါ် ကဗျာဆရာ လူငယ်တချို့ကတော့ ချစ်စနိုးနဲ့ ဘဲစိမ်းကြီး တဲ့။) လက်ဖျား ငွေသီးတဲ့အချိန် ‘ပိတောက်ပွင့်သစ်’ မဂ္ဂဇင်းစတင်ထုတ်ဝေစဉ်ကာလက ဆို၊ လေထန်ကုန်းဟာ ‘ရတနာပုံ’ ဆိုက်တဲ့ကိန်းဝင်တာပဲ။ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ၊ ပန်းချီ ဒီဇိုင်းဆရာမှန်သမျှဟာ လေထန်ကုန်း မှာ ‘လက်ဘက်ရည်တစ်ခွက်၊ မုန့် တစ်ခု’အလကားသောက်ခွင့်စားခွင့်ရှိတယ်။ အဲသဟာအတွက် ဆိုင်ရှင် က ‘တိုကင်’ တစ်ပြား မှတ်ထားတယ်။ ညနေဆိုင်သိမ်းကာနီးကျရင် သူဌေး ထုတ်ဝေသူ၊ အယ်ဒီတာ၊ ကဗျာဆရာ မောင်စိမ်းနီက တိုကင်ပြားအားလုံး အတွက် ကျသင့်ငွေကို ရှင်းပေးတယ်။

ကြူးနှစ်ကတော့ လက်ဘက် ရည်နဲ့မုန့်ကို တစ်ခါမှ မစားဘူးဗျ။ သူမှမကြိုက်တာကို။ သူက စာမူရေး ပြီး မောင်စိမ်းနီလက်ထဲသွားထည့် တာ။ ”ဟော့သမှာ ဝတÄုစာမူ၊ ကက်ရှ် ဒေါင်း cash down က ရှင်းပေးပါ၊ လက်ငင်းငွေချေပါ”ဆိုပြီး တောင်းဆို တာကိုး။ အဲသည်တုန်းက ဝတÄုတို တစ်ပုဒ်အတွက် စာမူခကျပ် ၃ဝဝ ရပါတယ်။

”ဒါ …စရံပေါ့ကွာ၊ မဂ္ဂဇင်း ထွက်တော့ သုံးရာထပ်ပေးဦးမှာပေါ့” လို့ မောင်စိမ်းနီက အားပေးတယ်။ ဒါကြောင့် အဲသည်ခေတ်တုန်းက ကြူးနှစ်ဟာ ဝတÄုတိုတစ်ပုဒ်ကို စာမူ ခကျပ်ငွေ ၆ဝဝ ရသမို့ ချန်ပီယံလို့ တောင် ဆိုနိုင်တယ်။

”လေထန်ကုန်း”ဟာ ရန်ကုန် စာပေလောကရဲ့ သမိုင်းမှာ မော် ကွန်းဝင်မှတ်တိုင်ဖြစ်ရတာက သည် လိုဗျ။ လေထန်ကုန်းဆိုင်ရှင် ဇနီး မောင်နှံဟာ စာပေလောကသားတွေ ကို တရင်းတနှီး ဆက်ဆံတယ်။ မဂ္ဂ ဇင်းတစ်ခုခုကို စာမူပို့မလား။ လေ ထန်ကုန်းမှာ ထားခဲ့လို့ရတယ်။ လေ ထန်ကုန်းကို အဲသည်မဂ္ဂဇင်းက အယ်ဒီတာပဲဖြစ်ဖြစ်၊ လက်တိုလက် တောင်းခိုင်းတဲ့ ”အရက်ဝယ်၊ ကြက် ဖမ်းပန်းကန်ဆေး၊ ခွေးရိုက်”ပဲ ဖြစ် ဖြစ်လာတဲ့အခါ စာမူကို ပေးလိုက် ရုံပဲ။ စာရေးဆရာ၊ ကဗျာဆရာကို မဂ္ဂဇင်းတိုက်က လက်ဆောင်မဂ္ဂဇင်း နဲ့ စာမူငွေပေးမယ်ဆိုရင်လည်း လေ ထန်ကုန်းမှာ အပ်ထားခဲ့ရုံပဲ။ အ ပျောက်အရှ၊ အစုတ်အပြဲလုံးဝမရှိ ဘူး။ အလွန်စိတ်ချရတယ်။

ကြူးနှစ်အတွက်ကတော့ လေ ထန်ကုန်းဆိုင်ရှင် ကိုမျိုးသိမ်းဟာ ‘အသေးစားချေးငွေဌာန’ ကလေးပဲဗျ။

”ဒီကနေ့ စာမူခမရဘူးဗျာ။ ငွေ ငါးရာလောက် ချေးလိုက်ပါဦး”လို့ ကြူးနှစ်က တောင်းဆိုရင် ဆိုင်ရှင်ကို မျိုးသိမ်းက ပြုံးရွှင်ချိုသာစွာနဲ့ …

”လုပ်ပေးရမှာပေါ့ ဆရာကြူး ရယ် ..လုပ်ပေးရမှာပေါ့”ဆိုပြီး ငွေ ထုတ်ပေးတာပဲ။ ကြူးနှစ်ဆိုတဲ့ကောင် က မူးသာမူးတတ်တာ။ ”မင်းမှာ သစ္စာ၊ လူမှာကတိ”ဆိုတဲ့စကားကို တသဝေမတိမ်း။ စွဲမြဲစွာလိုက်နာ တတ်သဗျ။ ချေးငွေကို တစ်ပတ် အတွင်း အကျေပြန်ဆပ်တာပဲ။ လေ ထန်ကုန်းကနေ ပိုက်ဆံချေးပြီး ပြန် မဆပ်တဲ့ စာပေသမားအမည်ခံပေါက် လွှတ်ပဲစားတချို့လည်း ရှိလေရဲ့။

လေထန်ကုန်းဆိုင်ရှင် ကိုမျိုး သိမ်းရဲ့ဘဝမှာ စိတ်ညစ်ရဆုံးနေ့တစ် နေ့ရှိခဲ့တယ်ဗျ။

ဟို …ဂြိုဟ်ကောင်ကြူးနှစ် နှောက်တဲ့နေ့ပေါ့။ ကြူးနှစ်က မှော် ဘီကနေလာတာ၊ မှော်ဘီကတည်းက သောက်လာသဗျာ။ ရန်ကုန်ရောက် တော့လည်း နွားငတ်ရေကျတယ် မော့သေးဗျား။ နေ့လယ်ပိုင်း လေ ထန်ကုန်းကို ရောက်တော့ ဒေါင်ချာ စိုင်း၊ သိုင်းကွက်နင်းနေပြီကော။ သေ ရည်ရဲ့ သဘာဝဓမ္မ၊ ဓာတ်ပြုပြင်ပြောင်း လဲခြင်းဖြစ်စဉ် အကျိုးသက်ရောက်မှု ဓာတုစွမ်းအား (ခွင့်လွှတ်ပါနော်။) တန်ခိုးအာနိသင်အရ၊ ပါးစပ်ကနေ ဗိုက်ထဲ ဗိုက်ကနေ ဦးနှောက်ဆီ ရောက်သွားရင် မူးတော့ ရူးတော့တာ ပါပဲ။ ပေါက်တော့ ဂေါက်တော့တာပါ ပဲ။ အဲသည် ဒီဂရီက ကျော်သွားရင် မရပ်နိုင်၊ မထိုင်နိုင်တော့ဘဲ၊ အရုပ် ကျိုးပြတ်လဲတော့တာပါပဲ။

ကြူးနှစ်ကိုရိုးကားရား လဲကျနေ တဲ့ နေရာကလည်း တကယ့်နေရာ ကောင်းနော်။ လေးထန်ကုန်းဆိုင်ရှေ့ တည့်တည့် ၃၃ လမ်းရဲ့ ကတ္တရာ လမ်းပေါ်မှာဗျ။ လူတွေ ရှောင်တိမ်း သွားကြရတယ်။ ကားတွေ ဟွန်းတ တီတီနဲ့ ရှေ့တိုးလို့ မရတော့ဘူး။ သည်မှာတင် လေထန်ကုန်းဆိုင်ရှင် က သူ့ဆိုင်က စားပွဲထိုးကောင်လေး တွေကို အချက်ပေးနှိုးဆော်ရပြီ။

”ဟေ့ ..ဂျမားတို့ မော်စီတို့၊ လမ်းပေါ်မှာ ဇရက် (ဆက်ရက်) မင်း စည်းစိမ်ယူနေတဲ့ ဆရာကြီးကြူးနှစ် ကို ဝိုင်းထူပြီးကား ကြိတ်မခံရအောင် ဟိုဘက်တိုက်ရှေ့က အုတ်ခုံမှာ သွား ချထားလိုက်။ ငါ့ဆိုင်ရှေ့ ကားကြိတ် ခံရရင် ငါ့ဆိုင်မှာ မကျွတ်မလွတ်ဘဲ စွဲနေမှဖြင့် …”

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*