Heineken Beer
Heineken Beer

အလင်းဦး…

အလင်းဦး…
February 14, 2019 Asian Fame

အချစ်ရေ
ဂျာမန်ပြည်သူတွေကတော့
ဘာလင်တံတိုင်းကို
ဖြိုဖျက်ပစ်ခဲ့ပြီ
အချစ်ရေ
ငါတို့လည်း
ဥမင်လှိုင်ခေါင်းထဲက
အလင်းတစ်စကို မြင်နေရပြီ
အချစ်ရေ
တိုက်ပွဲက မဆုံးသေးဘူး
လူတွေက
အမှောင်ကို မုန်းတီးနေတာကြာပြီ
အနက်ရောင် ခန်းစည်းတွေကို
လူတွေက ဆွဲဆုပ်ပစ်တော့မယ်
အချစ်ရေ
မင်းနဲ့ငါ အလင်းဦးကို
ဖူးတွေ့ချင်လှပြီ

မောင်ကြူးရင့်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*