Heineken Beer
Heineken Beer

သရုပ်ဆောင်ပိုင်းကို ဆက်လက် ကြိုးစားသွားမယ့် အဆိုတော် အမွန်း

သရုပ်ဆောင်ပိုင်းကို ဆက်လက် ကြိုးစားသွားမယ့် အဆိုတော် အမွန်း
February 14, 2019 Asian Fame

ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ရရှိထားတဲ့အဆိုတော် အမွန်းကတော့ မကြာသေးမီက ကျင်းပပြုလုပ်ခဲ့တဲ့ ဂျပန် – မြန်မာ ချစ်ကြည်ရေးပွဲတော်မှာ ပါဝင်ဖျော်ဖြေခဲ့ပါတယ်။ ဂျပန်-မြန်မာ ချစ်ကြည်ရေးပွဲတော်မှာ ပါဝင်ဖျော်ဖြေမှုနဲ့ပတ်သက်ပြီး . . .

”အမွန်း ဂျပန်မြန်မာချစ်ကြည်ရေးပွဲတော်မှာ ဆက်တိုက်ဖျော်ဖြေလာတာ အခုဆိုရင် လေး နှစ်လောက် ရှိပါပြီ။ နှစ်တိုင်းဖျော်ဖြေရတော့ အစဉ်အလာတစ်ခုလိုဖြစ်နေပါပြီ။ ဒီနှစ်မှာလည်း ပါဝင် ဖျော်ဖြေရတဲ့အတွက် အမွန်းရင်ခုန်ပါတယ်။ ဒီပွဲအတွက် အမွန်းကိုယ်တိုင်ပါဝင်ရေးစပ်ထားတဲ့ အတူ မျှော်မှန်းတဲ့အနာဂတ် သီချင်းကိုအဝင်း (မိုရီဆာကီဝင်း) နဲ့အတူဖျော်ဖြေခဲ့ပါတယ်။ မြန်မာနဲ့ ဂျပန် နှစ်နိုင်ငံရဲ့ မျှော်မှန်းတဲ့အနာဂတ်နဲ့ ဆိုင်တဲ့ သီချင်းရေးဖို့ပြောလာပါတယ်။ အဲဒီ တော့ အဝင်းနဲ့ အမွန်းနဲ့ ပေါင်းပြီးတော့ သူကလည်း ဂျပန်လိုတွေထည့် ကိုယ်ကလည်း မြန်မာလို ဘာသာ ပြန်ပြီးတော့ ထည့်တာပေါ့။ ပြီးတော့ ကိုယ့်ရဲ့ Idea နဲ့ အနာဂတ်အကြောင်းကို မီးမောင်း ထိုးပြတာတွေ အဝင်းကတော့ သံစဉ်ကို အဓိကရေးလိုက်တယ်။ အဲဒီလို နှစ်ယောက်ပေါင်းပြီး ရေး ခဲ့တာတွေလည်း အမှတ်တရပါဘဲ။ ပရိသတ်ကလည်း အရမ်းအားပေးတဲ့ပွဲ တစ်ပွဲပါ။ ဒီနှစ်မှာလည်း အမှတ်တရဖြစ်မှာပါ” လို့ ပြောပြခဲ့ပါတယ်။

သူကတော့ ဒါရိုက်တာ အာကာရိုက်ကူးတဲ့ ‘ဒုဌဝတီ ကိုလွန်၍’ ရုပ်ရှင်ဇာတ်ကားမှာလည်း သရုပ်ဆောင်တစ်ဦးအဖြစ် ပါဝင် သရုပ် ဆောင်ထားပါသေးတယ်။ ဒီနှစ်အကယ်ဒမီပွဲရဲ့ ခံစားမှုကို လည်း ဆက်လက်မေးမြန်းခဲ့ရာ . . .

”ဒီနှစ်မှာ အမွန်းအကယ်ဒမီပွဲတက်မှာပါ။ အမွန်းတွက် ပထမ ဆုံးတက်ဖြစ်တာပါ။ ရင်ခုန်တာကတော့ အမွန်းရင်ခုန်ပါတယ်။ ဇာတ် ကားတိုင်းကိုအားပေးဖို့၊ အနုပညာမောင်နှမတွေ အားလုံးကိုအားပေးဖို့ ရှိနေမှာပါ။ အမွန်းကို ပရိသတ်တွေက အရင်သီချင်းရေးတာ သီချင်းဆို တာနဲ့အားပေးကြတယ်။ အခု ရုပ်ရှင်ကားထွက်လာတော့လည်း ပရိသတ်တွေက ချစ်ဖို့ကောင်းတယ်။ အမွန်းကိုအရမ်းအားပေးကြပါတယ်။ တချို့ပရိသတ် တွေကတော့ သူတို့မျှော်မှန်းထားသလို သရုပ်ဆောင်နိုင်တယ်လို့ပြောကြတယ်။ တချို့ကတော့ ဒီလိုသရုပ်ဆောင်နိုင်မယ်လို့မျှော်မှန်မထားဘူး။ ဒါပေမဲ့ တကယ် ရုပ်ရှင်ကားထွက်လာတဲ့အချိန်မှာ သူတို့ကြိုက်ကြတယ်။ ဆက်ပြီး သရုပ်ဆောင် လုပ်ဖို့ပြောကြတယ်။ အဲဒီလိုမျိုးတွေရှိတဲ့အတွက် ဆက်ရိုက်သွားမယ်။ ရုပ်ရှင်ကား တွေကိုလည်း အကောင်းဆုံးကြိုးစား သွားပါမယ်။ နောက်ထပ်လည်း ရုပ်ရှင်ကားတွေ ဆက်ရိုက်သွားပါမယ်” လို့လည်း ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*