ပန်းချီကားထဲက ငါထွက်လာခဲ့တယ် သို့မဟုတ် ဆရာပါရဂူရာပြည့်အကြို

ပန်းချီကားထဲက ငါထွက်လာခဲ့တယ် သို့မဟုတ် ဆရာပါရဂူရာပြည့်အကြို
February 14, 2019 Asian Fame
ပန်းချီကားထဲက ငါထွက်လာခဲ့တယ် သို့မဟုတ် ဆရာပါရဂူရာပြည့်အကြို

(၁)
ကျွန်တော် မကျန်းမမာဖြစ်ပြီး၊ အိပ်ယာထဲ ငြိမ်သက်နေရစဉ်၊ ညီ ငယ်ဖြစ်သူ ကဗျာဆရာသာဇော်က အွန်လိုင်းပေါ်မှာ ဗီဒီယိုပြကွက်လေး တစ်ခုတင်လာပါတယ်။ အဲဒါ ကျွန် တော်ပါဖောမင့်ပြခဲ့တဲ့ ပြကွက်က လေးပါ။

အဲဒီပွဲလေးကို သရက်ကုန်းထန်း ရိပ်ညိုမှာ ပြုလုပ်တဲ့ပွဲဖြစ်ပြီး၊ အထူး ဧည့်သည်အဖြစ် ဆရာကြီးပါရဂူကို ပြသရတဲ့ပွဲပါ။ ဆရာကြီးက ပါဖော မင့်လုပ်တာ ကြည့်လိုတယ်ဆိုလို့ စီ စဉ်ခဲ့တာမှတ်မိတယ်။ အဲဒီပွဲမှာ ဆရာကြီးက ရှေ့ဆုံးက ထိုင်ပြီးကြည့် ပါတယ်။ ခံစားပါတယ်။ ပြီးတဲ့အခါ ဆရာကြီးကိုယ်တိုင်လက်ခုပ်တီးအား ပေးတာကို ဗီဒီယိုခွေလေးထဲ တွေ့ရ တယ်။

ဆရာပါရဂူကို ခံစားမှုပေးနိုင် ခဲ့တဲ့ အဲဒီနေ့ကလေးဆီ ကျွန်တော့် စိတ်ပြန်ရောက်ပါတယ် …

(၂)
ကျွန်တော်ဟာ ပါဖောမင့်လုပ် မယ်ဆိုရင် ကြိုတင်ပြီး ပြင်ပြင်ဆင် ဆင်တွေ ဘာတွေလုပ်လေ့လုပ်ထ သိပ်မရှိပါဘူး။

ရှိတာ၊ တွေ့တာနဲ့ ကောက်လုပ် လေ့ရှိပါတယ်။ လုပ်တဲ့နေရာပြမယ့် နေရာက ပန်းချီဆရာခြံဆိုတော့ ပန်း ချီနဲ့ပတ်သက်တဲ့ ပစ္စည်းတွေပဲ ရှိပါ တယ်။ သုံးလို့ဖြစ်မယ့် ပစ္စည်း ခြံထဲ ရှာကြည့်တဲ့အခါ သစ်ပင်တစ်ပင်မှာ ချိတ်ထားတဲ့ ငှက်လှောင်အိမ်လေး တစ်လုံး ရှိပါတယ်။ အဲဒါဖြုတ်ယူ တယ်။ သုံးမယ်ပေါ့။ နောက်ပန်းချီ ရေးဆွဲတဲ့အခါ သုံးတဲ့ ဒေါက် (ပန်း ချီစတင်း) တစ်ခုယူ။ အဲအပေါ် ဂျပ် အဖြူတစ်ချပ်ကပ်။ အဖြူပိတ်ပန်းချီ ကားပေါ့။ အဲဒီဂျပ်ဖြူပေါ် ကျွန်တော့် မျက်နှာ အရွယ်အပေါက်ဖောက်ပါ တယ်။ အဲဒီအပေါက်ကို ကျွန်တော် မျက်နှာအစစ်နဲ့ပိတ်လိုက်တော့ ကျွန် တော့်ပုံဖြစ်သွားတယ်။ ဆံပင်တွေကို တော့ ဂျပ်ဖြူပေါ်ကို ပန်းချီဆရာ ရာ ဟုလာလို ရေးခိုင်းလိုက်တယ်။ ဖြန့် ခိုင်းလိုက်တယ်။ ကျွန်တော့် ဆံပင်ပုံ။ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွေးကတော့ အပေါက်ထဲက အော်ရဂျင်နယ်။ ကျွန်တော်မို့ အဲဒီအပေါက်နား မျက် နှာကပ်လိုက်ရင် ကျွန်တော့်ပုံတူပန်း ချီကားလိုလို ပုံတူပန်းပုရုပ်လိုလို အ သက်ဝင်သွားတယ်။

အဲဒီပုံတူရှေ့မှာ ငှက်လှောင် အိမ်လေး ချိတ်ထားတယ်။ ချိတ်ပြီး ကိုယ်တိုင်ချိုးထားတဲ့ ‘စက္ကူငှက်’တစ် ကောင်၊ လှောင်အိမ်ထဲထည့်ထား လိုက်တယ်။ ပြီးတော့ ငှက်လှောင်အိမ် ကို လှောင်အိမ်နဲ့ မမျှတဲ့ သော့အ ကြီးကြီးနဲ့ ခတ်လိုက်တယ်။

ပြီးတော့ ဆက်လှုပ်ရှားတယ်။

မျက်နှာကို ပန်းချီကားအပေါက် ထဲ ထည့်လိုက်တယ်။ အပေါက်ထဲ မျက်နှာဟာ ဆေးလိပ်သောက်တယ်။ အရက်သောက်တယ်။ လက်ထဲမှာ တော့ ငှက်ကြီးတောင်ဓားတစ်လက် နဲ့။ (ဓားကိုင်ထားတာ လူမမြင်အောင် …)

ပွဲက စတင်နေပြီဆိုတော့ ပရိ သတ်က ငြိမ်နေတယ်။ ဘာဖြစ်မလဲ ပေါ့။ ကျွန်တော်မျက်နှာထည့် အပေါက်ထဲ၊ ငှက်ကြီးတောင်ဓားဖျား လေးသွင်းပြီး အပေါက်ကို ချဲ့စ ချဲ့ တယ်။ အပေါက်ထဲဓားဝင်သွားတော့ ပန်းချီကားကို ဓားနဲ့ခွဲချလိုက်တယ်။ ဒီတော့ ပန်းချီကားက လူတစ်ကိုယ် ဝင်စာအပေါက်ဖြစ်သွားတယ်။ အဲဒီ အခြေအနေမှာ လူတွေ မမျှော်လင့် တာ ကျွန်တော်လုပ်ချလိုက်တယ်။

အဲဒါကတော့ ပန်းချီကားထဲက အပြင်ကို ခုန်ထွက်လိုက်တာပါပဲ။ ပန်းချီကားထဲကလူ၊ ပန်းချီကားအပြင် ကို ထွက်လာတဲ့သဘောပါ။ ပန်းချီ ကားထဲ ထွက်လာတဲ့လူက အပြင် ရောက်တာနဲ့ ငှက်လှောင်အိမ်ဆီ တန်းသွားတော့တာပဲ။ ငှက်လှောင် အိမ်ရောက်တာနဲ့ လှောင်အိမ်ထား တဲ့ သော့ကို ရိုက်ဖြုတ်ပြီး သော့ကို အဝေးရောက်အောင် လွှင့်ပစ်လိုက် တော့တာပဲ။

ကျွန်တော်ပြတဲ့ ပါဖောမင့်ပြ ကွက်က ပြီးသွားပါပြီ၊ ဆရာပါရဂူက ရှေ့ဆုံးကနေ လက်ခုပ်တဖြောင်း ဖြောင်းနဲ့ ကျွန်တော်ကျေနပ်ပါတယ်။

ကျွန်တော်အခု ညီလေးမောင် သာဇော်ရိုက်ထားတဲ့မှတ်တမ်းကား လေး ပြန်ကြည့်နေချိန်ဟာ ကျွန်တော် မကျန်းမာတဲ့အချိန်ဖြစ်နေပါတယ်။ မှတ်Óဏ်ကလည်း မွဲနေတဲ့အချိန်။ ငှက်အိမ်ကသော့ကို ကျွန်တော်ဘာ ကြောင့်ဖြုတ်ပြီး လွှင့်ပစ်လိုက်သလဲ ကို ကျွန်တော်မတွေးတတ်ဘူး။

အေးဗျာ။ ‘ဒေါ်စု’လည်း နေ အိမ်အကျယ်ချုပ်မခံခဲ့ရတာလည်း မဟုတ်ဘူး ။ ။

ကိုငြိမ်း (မန္တလေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*