Valentine’s Day က အချစ်ရှိတဲ့ သူတိုင်းနဲ့သက်ဆိုင်ပါတယ်အိချောပို

Valentine’s Day က အချစ်ရှိတဲ့ သူတိုင်းနဲ့သက်ဆိုင်ပါတယ်အိချောပို
February 13, 2019 Asian Fame
Valentine’s Day က အချစ်ရှိတဲ့ သူတိုင်းနဲ့သက်ဆိုင်ပါတယ်အိချောပို


ဒီနှစ် Valentine’s Day မှာတော့ ပုဂံမှာ ကြော်ငြာ ရိုက်ကူးရင်းနဲ့ ဖြတ်သန်းဖြစ်ပါမယ်လို့ သရုပ်ဆောင် မင်း သမီးလေး အိချောပိုက ဆိုပါတယ်။ ချစ်သူများနေ့အတွက် အိချောပိုရဲ့ အမှတ်တရစကားက …

”အားလုံးကတော့ အချစ်ရှိကြ တာပဲလေ။ လူတိုင်း ပေါ့။ ၅၂၈ ရော၊ ၁၅ဝဝ ရော အားလုံး အားလုံးက အ ချစ်ရှိကြတယ်ဆိုတော့ Valentine’s Day က အားလုံး နဲ့ သက်ဆိုင်ပါတယ်” လို့ ပြောပါတယ်။ အိချောပိုနဲ့ အားသစ် ရိုက်ကူးထားတဲ့ ‘ဝမ်းဝမ်းလေး’ ရုပ်ရှင် ဇာတ်ကားကြီးကတော့ ရုံတင်တော့မှာ ဖြစ်ပါတယ်။ ဒါရိုက်တာ အောင်ဗပါဝါ ရိုက်ထားတဲ့ ရုပ်ရှင် ဇာတ်ကားမှာ ဒိုင်ယာလော့ခ်တွေကို ကျက်ရတာ အမှတ်တရပါပဲလို့ သူက ဆိုပါတယ်။ အားသစ် နဲ့ကျတော့ မနဲ့မောင် ဇာတ်ဖြစ်နေမလားလို့ မေး တော့ …

”အားသစ်နဲ့ကျတော့ ဗီဒီယို ကားလေး တွေရိုက်ဖူးတယ်။ အားသစ် အဖေကလည်း သမီး ဒီဇာတ်လေးတော့ ရိုက်ဖို့ရှိတယ်။ ဦး ရန်လေး (ရန်အောင်)၊ တီမို့ (မို့မို့မြင့်အောင်) တို့နဲ့ ရောပေါ့။ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ မိသားစု ဇာတ်လေး ပေါ့နော်။ ဟာသ အပျော်လေး ရိုက်ချင်တယ်တဲ့။ အဲဒါ ကြောင့် အိချောရိုက်ဖြစ်တာပါ။ အဓိကကတော့ မနဲ့ မောင်ဇာတ်လမ်း ဆိုတာထက် ဟာသ Plot လေးတွေနဲ့ မိသားစုမြိုင်မြိုင်ဆိုင်ဆိုင် ရိုက်ထားတဲ့ ဇာတ် လေးပေါ့လေ” လို့ ပြောပါတယ်။ အားသစ်နဲ့ အိချော ပိုတို့ ထပ်မံ သရုပ်ဆောင်ထားတဲ့ ‘ချစ်ခြင်း ကို မခွဲပါ နဲ့’ ရုပ်ရှင်ဇာတ်ကားကြီးကလည်း ရုံတင်ဖို့ ထပ်ရှိသေး တယ်။ အဲဒီဇာတ်ကားကိုတော့ အိချောပိုက … ”အိ ချောတို့က အဓိက မဟုတ်ပါဘူး။ ပါဝင်တဲ့ အက်တာ အကြီးတွေလည်းရှိတယ်။ မိသားစု ကွဲကွာနေတဲ့ ဇာတ် မျိုးပေါ့။ အိချောတို့က အဲဒီက သားသမီးတွေ ပုံစံမျိုးပါ” လို့ ပြော ပြခဲ့ပါတယ်။

မျိုးမောင်၊

ဓာတ်ပုံ – မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*