သာသနာပြန့်ပွားဖို့အတွက် တစ်ထောင့်တစ်နေရာက ပါဝင်ခဲ့တဲ့စမိုင်းလ်တို့ ဇနီးမောင်နှံ

သာသနာပြန့်ပွားဖို့အတွက် တစ်ထောင့်တစ်နေရာက ပါဝင်ခဲ့တဲ့စမိုင်းလ်တို့ ဇနီးမောင်နှံ
February 7, 2019 Asian Fame
သာသနာပြန့်ပွားဖို့အတွက် တစ်ထောင့်တစ်နေရာက ပါဝင်ခဲ့တဲ့စမိုင်းလ်တို့ ဇနီးမောင်နှံ

ကျေးဇူးတော်ရှင် သစ်တံခါး ဆရာတော်ဘုရားကြီးရဲ့ သက်တော် ၄၈ နှစ်ပြည့် ဝိဇာတ မွေးနေ့မင်္ဂလာပွဲကို ဇန်နဝါရီလ ၃ဝ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဆရာတော်ဘုရာရဲ့ မွေးနေ့မင်္ဂလာမှာ ကိုးကွယ်တဲ့ဒကာဒကာမ အလှူအတန်းများ ပြုလုပ်ပေးခဲ့ ကြပြီး ကိုပြည့်မောင်နဲ့ သရုပ်ဆောင်စမိုင်းလ်တို့ မိသားစုက သစ်တံခါးဆရာတော်ဘုရားကြီးရဲ့ မွေးနေ့အလှူမှာ Nokia ဖုန်းအလုံး ၁ဝဝ ကို မဲဖောက်လှူဒါန်းပေးခဲ့ပါတယ်။ ဖုန်းအလုံး ၁ဝဝ မဲဖောက်လှူဒါန်းပေးခဲ့တာနဲ့ပတ်သက်ပြီး စမိုင်းလ်က…

”အစ်မတို့ ဘုန်းဘုန်း မွေးနေ့မရောက်ခင်တုန်းက ဘုန်းဘုန်းမွေးနေ့မှာ ဘာလှူရမလဲလို့ဆိုတော့ အစ်မတို့ကလည်း Telecom ကုမ္ပဏီလုပ် တော့ ဘုန်းဘုန်းက ဖုန်း ၁ဝ လုံးလောက် လှူလိုက်ပါလားတဲ့။ အဲဒါနဲ့ နောက်တော့ အစ်မတို့ လင်မယားနှစ်ယောက်က လှူရ တာအား မရဘူး။ အဲဒါနဲ့ အစ်ကိုက အလုံး ၁ဝဝ လောက်လှူမယ်ဆိုပြီးတော့ အလုံး ၁ဝဝ လှူဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒီမှာ ၄၈ လုံးက ဘုန်းကြီးတွေ သိမ်ဆွမ်းလောင်းတဲ့အချိန်မှာ လှူလိုက်တာပေါ့နော်။ ကျန်တဲ့ ၅၂ လုံး ကိုတော့ ဒီကိုလာတဲ့သူတွေကို ကံစမ်းမဲဖောက်ပေးမယ်လို့ ပြောတယ်။ ဒီလိုမျိုး လှူရတဲ့အတွက် ပီတိဖြစ်တယ်။ မနှစ်တုန်းကလည်း ဘုန်းဘုန်း မွေးနေ့အတွက် အစ်မတို့လင်မယား နှစ်ယောက်စလုံး အရက် သေစာ မသောက်ဘူးဆိုပြီး တစ်နှစ်လှူခဲ့တာလေ။ အခုတစ် နှစ်ပြည့်ပြီဆိုတော့ ဝမ်းသာမိတယ်။ ပြီးသွားလို့ရှိရင် ဒါ ဘုန်း ဘုန်းက သူ့အတွက် ကိုယ်ကျိုးဆိုပြီး တစ်ခုမှမရှိဘူး။ ဒီဟာတွေ အကုန်လုံးကလည်း သာသနာပျံ့ပွားဖို့အတွက်ပဲ လုပ်နေတာဖြစ် တဲ့အတွက် အစ်မတို့ကလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ရ တဲ့အတွက် ကုသိုလ်ပီတိဖြစ်မိပါတယ်”လို့ ပြောပါတယ်။

 

စမိုင်းလ် ရဲ့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ကို ဒီလိုမျိုး အလှူပေးလုပ်ရတဲ့ ပီတိလေးကို မေးကြည့်တဲ့အခါမှာတော့ ”ကျွန်တော်တို့ အရမ်း ပီတိဖြစ်မိတယ်။ ဘုန်း ဘုန်းကြီးရဲ့ သက်တော် ၄၈ နှစ်ပြည့်မွေးနေ့မှာ လှူဒါန်းရတဲ့အတွက်ပေါ့ နော်။ ဘုန်းဘုန်းကြီး နောက်ကလည်း အမြဲအလှူအတန်းတွေလုပ်ဖို့ အသင့်ရှိပါတယ်” လို့ ပြောပါတယ်။

သဲစုလှိုင် ၊

ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*