Heineken Beer
Heineken Beer

တစ်ယောက်တည်း မနေစေချင်တဲ့သူတွေများရင် အများရဲ့ သဘောအရ အိမ်ထောင်​ပြုဖြစ်မယ် လုလုအောင်

တစ်ယောက်တည်း မနေစေချင်တဲ့သူတွေများရင် အများရဲ့ သဘောအရ အိမ်ထောင်​ပြုဖြစ်မယ် လုလုအောင်
January 30, 2019 Asian Fame

Facebbook မှာ ဓာတ်ပုံတွေ၊ စာတွေတင်ကာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို လွှမ်းမိုးသိမ်းပိုက် နိုင်သူကတော့ မော်ဒယ်လ် လုလုအောင်ပါ။ လတ်တလောမှာ အနုပညာ လှုပ်ရှားမှု အနေနဲ့ပွဲတွေ တက် ဖြစ်တယ်။ ကြော်ငြာတွေ ရိုက်ဖြစ်တယ်လို့လည်း သိရပါတယ်။ Facebbook မှာ ဓာတ်ပုံနဲ့ စာလေးတွေ တင်ဖြစ်နေတဲ့ အကြောင်းကိုလည်း လုလုအောင်က ”Facebbook ကျတော့ လူတိုင်းက အပူကိုယ်စီနဲ့ မွန်းကျပ်နေတဲ့ အချိန်မှာ ကိုယ်တင်လိုက်တဲ့ စာလေးတစ်ကြောင်းက ရယ်မောစေမယ်ဆိုရင် အစ်မပျော်တယ်။ အဲဒါကြောင့်မို့ လျှောက်ရေးတာပါ (ရယ်လျက်)။ အစ်မတင်တာတွေကို ကြိုက်တဲ့သူလည်း ရှိတယ်။ မကြိုက်တဲ့ သူလည်း ရှိတယ်။ အကြိုက် အမျိုးမျိုးပေါ့နော်။ ဝေဖန်တာကတော့ အမြဲတမ်း ရှိနေမှာဆိုတော့ သူတို့ရဲ့ အမြင်တွေကိုလည်း ကိုယ်က ပညာယူတယ်။ အဲဒါကို နောက်တစ်ခါပြန် ပြုပြင်တယ်” လို့လည်း ပြောပြပါတယ်။

”ကိုယ့်ဘေးနားမှာရှိတဲ့ မိတ်ကပ်ဆရာ၊ ဒီဇိုင်နာတွေကအစ ကချင်တိုင်းရင်းသား လူမျိုးတွေဆိုတော့ ဗမာစကားသိပ် မပြောဖြစ်ဘူး။ ကချင်စကားပဲ ပြောဖြစ်တာများတယ်။ ကိုယ့်တိုင်းရင်းသား ဘာသာ စကားကိုပဲ အမြဲတမ်းလိုလို ပြောဖြစ်တယ်”လို့လည်း ဗမာစကား သိပ်မပီတဲ့အကြောင်းကို လုလုအောင်က ပြောပြခဲ့ပါသေးတယ်။ သမီးဖြစ်သူနဲ့ ပတ်သက်ပြီးတော့လည်း လုလုအောင်က ”သမီးကိုတော့ ပုံမှန်သင်တန်းတွေပို့တယ်။ သူ့ကျောင်းကိစ္စလေးတွေ လုပ်တယ်။ သူကြည့်ချင်တဲ့ ကာတွန်းကားတွေ ဆိုရင် အမေကလည်း ကာတွန်းကားကြိုက်တော့ အတူတူ သွားကြည့်ကြတယ်။ သမီးကို ပညာရေးမှာ အရမ်းထူးချွန် စေချင်တယ်။ သမီးနဲ့က အိမ်မှာ အတူတူ တီဗီကြည့်တယ်။ ဟင်းချက်စားတယ်။ သူကတော့ မော်ဒယ်လ်ဖြစ်မှာ မဟုတ်ဘူး။ ယောက်ျားလေး စတိုင်ပဲဝတ်တယ်။ အခုထက် ထိအလှအပလည်းမကြိုက်ဘူး” လို့လည်း ပြောပြခဲ့ပါသေးတယ်။ Single Mom အဖြစ်ပဲ ရပ်တည် ဖြစ်မှာလားဆိုတာကိုလည်း ”တစ်ယောက်တည်း မနေစေချင်တဲ့ သူများရင်တော့ အများရဲ့ သဘောပေါ့။ အခုထိတော့ တစ်ယောက်တည်းပါပဲ။ ကိုယ့်ရဲ့ အားနည်းချက်ကိုလည်း ချစ်ပေးတဲ့သူမျိုး။ ကိုယ့်ရဲ့အားနည်းချက် ဆိုတာက ကိုယ်က အပျိုမလေး မဟုတ်ဘူး။ ကလေးအမေလည်း ဖြစ်တယ်။ တကယ်လို့ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ဖြစ်ရင် ကိုယ့်ကိုယ် မြတ်နိုးတန်ဖိုးထားတဲ့ သူကိုရွေးချယ် ဖြစ်မယ်”လို့လည်း လုလုအောင်က ပြောပြခဲ့ပါသေးတယ် ။

ခိုင်ဝါဝင်း၊ ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*