သရုပ်ဆောင် ကြူကြူသင်း ပြောပြတဲ့ ဟာသသမားတအားပီသတဲ့ လူတစ်ယောက်အကြောင်း

သရုပ်ဆောင် ကြူကြူသင်း ပြောပြတဲ့ ဟာသသမားတအားပီသတဲ့ လူတစ်ယောက်အကြောင်း
January 29, 2019 Asian Fame
သရုပ်ဆောင် ကြူကြူသင်း ပြောပြတဲ့ ဟာသသမားတအားပီသတဲ့ လူတစ်ယောက်အကြောင်း

ဟာသသရုပ်ဆောင် ဦးကင်းကောင်ကတော့ ရုတ်တရက်ကွယ် လွန်သွားပြီဖြစ်တဲ့အတွက် ချစ်ခင်အားပေး တဲ့ ပရိသတ်တွေနဲ့ အနုပညာအသိုင်းဝိုင်းက လူတွေလည်း ဝမ်းနည်းပူဆွေးမှုတွေ ရှိနေပါတယ်။ ဦးကင်းကောင်းနဲ့ အနုပညာမောင်နှမတွေဖြစ်ကြတဲ့ သရုပ်ဆောင် ကြူကြူ သင်းကလည်း စိတ်မကောင်းဖြစ်နေကြောင်းကို . . .

”အစ်မရဲ့ ဆရာသမား တစ်ယောက်လိုပါဘဲ။ သူတို့ကြောင့်လည်း အစ်မဟာသကို ပီပီပြင်ပြင်လေး ပြောတတ် ဆိုတတ်လာတာပါ။ ခုလိုကိုယ်ရဲ့ ဆရာသမားတစ်ယောက် လူ့လောကက အစောကြီး ထွက်သွားတဲ့အတွက် အရမ်းကို ခံစားရပါတယ်”လို့ ပြောပြခဲ့ပါတယ်။

ဦးကင်းကောင်နဲ့ ပတ်သက်ပြီး အမှတ်တရတွေကိုလည်း သရုပ်ဆောင် ကြူကြူသင်းက ခုလိုပြောပြခဲ့ပါတယ်။

”ဦးကင်းက ဟာသသမား အရမ်းပီသတယ်။ ဘာလို့လဲဆိုတော့ လူတိုင်းကို ရယ်စရာပြောတတ်တယ်။ သူ့ကိုယ် သူလည်း ပျော်အောင်နေတယ်။ ဘယ်သူကိုမှဒုက္ခမပေးဘူး။ စိတ်လည်း မဆိုးတတ်ဘူး။ ပျော်ပျော်ဘဲနေတယ်။ အစ်မတို့ အနုပညာ လောကထဲက လူကောင်းတစ်ယောက် ပညာရှင်တစ်ယောက် ထွက်သွားတာပေါ့။ သူက စိတ်ထားကောင်းတဲ့ အကိုတစ်ယောက်ဖြစ်တဲ့အတွက် သူကောင်းရာမွန်ရာ ရောက်မှာပါ” လို့ ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*