Heineken Beer
Heineken Beer

သူတို့ပြောတဲ့ ဟာသသရုပ်ဆောင်ကင်းကောင်အကြောင်း

သူတို့ပြောတဲ့ ဟာသသရုပ်ဆောင်ကင်းကောင်အကြောင်း
January 29, 2019 Asian Fame

ငှက်ပျောကြော်

သူက စိတ်ကောင်းရှိတဲ့သူပါ။ ကောင်းရာမွန်ရာပဲ ရောက်မှာပါ။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ကျွန်တော့်ကို သူအတင်းလိုက်နမ်းနေတာ..။ အတင်းကြီးကို ငါမင်းကို နမ်းပါရစေ နမ်းပါရစေဆိုပြီး ဖြစ်နေတာ။ အဲဒီတုန်းက နမ်းတုန်းက ပုံမှန်ပဲနမ်းတယ်လို့ ထင်တာ။ သူက အခုက နှုတ်ဆက်သလိုဖြစ်နေခဲ့တာလေ။ သူနဲ့ ကျွန်တော်နဲ့က အတူတူ ဇာတ်ကားရိုက်ရမှာပါ။ သူက ၂ဝ ရက်နေ့က ဇာတ်ကားရိုက်ဖို့ ထွက်သွားတယ်။ ၂၂ ရက်နေ့ကြတော့ ကွယ်လွန်သွားတယ်။

အရိုင်း

ဦးတို့က သရဲလေးကောင်အဖွဲ့ ပေါ့။ အခုဆိုရင် သရဲလေးကောင်ရဲ့ အဖွဲ့သားတွေထဲမှာ သေတဲ့လူတွေ လည်း တော်တော်များသွားပြီ။ ကုသိုလ်လည်း ဆုံးသွားပြီ။ အခုကင်း ကောင်ပေါ့။ ကင်းကောင်ကောင်း ရာမွန်ရာ ဘုံဘဝမှာ ဆက်ပြီးတော့ နေနိုင်ပါစေ။

စိန်သီး

အစ်ကိုလည်း အစ်ကို ဆရာ လည်း ဆရာပါပဲ။ ကျွန်တော်တို့ အတွက် ရှေ့ကနေ ဦးဆောင်ဦးရွက်ပြုခဲ့တဲ့ လူတစ်ယောက်ပါပဲ။ သူကသူ တော်ကောင်းပါ။ သူဘယ်သူ့ကိုမှ မယုတ်မာခဲ့ဘူး။ စင်ပေါ်မှာလည်း ပြက်လုံးပြက်ရင် သူများကို နင်းတာ တွေပြုတာတွေ တစ်ခုမှ မရှိခဲ့ဘူး။ ပရိသတ်က သူ့ကိုချစ်တယ်။ ချစ်တဲ့ အပေါ်မှာ ခံစားပြီးတော့ ပရိသတ်ကို သူပေးဆပ်တယ်။ သူကောင်းရာဘုံ ဘဝမှာ ရှိနေမှာပါ။

ဝိုင်းချစ်

သိပ်နှမြောတယ်။ ဘာကြောင့် နှမြောလဲဆိုတော့ ကျွန်တော်အင်မ တန်ကြိုက်တဲ့ အနုပညာရှင်ပါ။ သူ့ ရဲ့အိုက်တင်တွေက သူများအိုက်တင် တွေနဲ့မတူဘူး။ ပြည်သူတွေအတွက် တစ်အားတန်ဖိုးရှိတဲ့ အနုပညာရှင် ပါ။

မေတ္တာမြင့်မြတ်ဟိန်း

ဦးကင်းက ကျွန်တော့်အိမ်နား မှာနေတာဆိုတော့ သူ့အိမ်ကိုအမြဲ သွားဖြစ်တယ်။ သူအေးအေး ဆေးဆေး သမားပဲဗျ။ သူကအိမ်မှာခုံလေးတွေ ရိုက် တယ်၊ ပရိဘောဂပစ္စည်းတွေ လုပ်ရတာသူက သိပ်ဝါသ နာပါတာ။ ဦးကင်းကောင်နဲ့ နောက်ဆုံးဆုံဖြစ်တာကတော့ သာမိုမီတာဇာတ်လမ်း တွဲမှာပါ။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*