Heineken Beer
Heineken Beer

လွန်ဆန်နိုင်မလားအချစ် စုံတွဲသီချင်းတွေ သီဆိုဖြစ်ပုံကို ပြန်ပြောပြတဲ့ အဆိုတော် ဘိုဖြူ

လွန်ဆန်နိုင်မလားအချစ် စုံတွဲသီချင်းတွေ သီဆိုဖြစ်ပုံကို ပြန်ပြောပြတဲ့ အဆိုတော် ဘိုဖြူ
January 23, 2019 Asian Fame

အဆိုတော် ဘိုဖြူနဲ့ မီမီဝင်းဖေ တို့နှစ်ယောက်ရဲ့ “လွန်ဆန်နိုင်ရဲ့လား” တေးစီးရီးခွေကတော့ မကြာသေးခင်က ထွက်ရှိခဲ့ပြီဖြစ်ပါတယ်။ အဆိုတော်မီမီဝင်းဖေနဲ့ အရင်ကတည်းက သီချင်းတွေ တွဲလုပ်ချင်ခဲ့တဲ့ အကြောင်းကိုလည်း သရုပ်ဆောင် ဘိုဖြူက ခုလိုပြောပြခဲ့ပါတယ်။

“အဆိုတော် မီမီဝင်းဖေ ဆိုတာကတော့ ကျွန်တော် ငယ်ငယ်လေးကတည်းက တွဲဆိုချင်ခဲ့တဲ့ အဆိုတော် တစ်ယောက်ပါ။ ငယ်ငယ်လေးကတည်းက သူစတိတ်ရိုးတွေလည်း ကြည့်ဖြစ်တယ်။ အဆိုတော် မဖြစ်ခင်ကတည်းက မီမီဝင်းဖေနဲ့ ဆိုချင်တယ်။ အဆိုတော်ဖြစ်ပြီးသွားတဲ့ခါကျရင်လည်း ဆိုချင်ခဲ့တယ်။ ဘာလို့လဲဆိုတော့သူက တကယ်ကို အနုပညာ သမိုင်းကောင်းတဲ့ အဆိုတော်တစ်ယောက်လည်း ဖြစ်တယ်။ အခုက စိတ်ကူးကို တကယ်လက်တွေ့ အကောင်းအထည် ဖော်လိုက်ရတာပေါ့နော်။ ပီတိကတော့ ဘာနဲ့မှလဲလို့ မရပါဘူး။ မမီ ဆီကလည်း အတွ့အကြုံကောင်းတွ ရခဲ့ပါတယ်။” လို့ပြောပြခဲ့ပါတယ်။

ဒီခွေမှာတော့ တေးရေးဆရာကြီးများ ဖြစ်တဲ့ စိုင်းခမ်းလိတ်၊ စိုင်ခမ်းသီ၊ စိုင်းတေးနော် တို့ရဲ့သီချင်းများကို ပြန်လည် သီဆိုထားခြင်းလည်း ဖြစ်ပါတယ်။ သီချင်းတစ်ပုဒ်ချင်းစီတိုင်းမှာ တာဝန်ကြီးတယ်လို့ပြောလာတဲ့ အဆိုတော် ဘိုဖြူ က . .

“ပြန်ဆိုးတေးတွေ ဆိုရတာ ပိုပြီးတာဝန်ကြီးတာပေါ့။ ပြန်ဆိုတးမှ မဟုတ်ပါဘူး။ သီချင်းတစ်ပုဒ်ဆိုလိုက်ရင် တာဝန်ကြီးပါတယ်။ သီချင်းတစ်ပုဒ်ကို ပေါ့ပျက်ပျက်ဆိုလိုက်ရင် ပေါ့ပျက်ပျက်ဖြစ်မှာဘဲလေ။ သီချင်းတစ်ပုဒ်ဆိုလိုက်ရင် သီချင်းတစ်ပုဒ်အတွက် တာဝန်ကြီးသလို စာတစ်ပုဒ်ရေးလိုက်ရင်လည်း စာတစ်ပုဒ်မှာ တာဝန်ကြီးတယ်။ ပန်းချီတစ်ချပ်ဆွဲရင် ပန်းချီတစ်ချပ်မှာလည်း တာဝန်ကြီးတယ်။ အနုပညာ ပစ္စည်းတိုင်းက တာဝန်ကြီးပါတယ်။” လို့ပြောပြခဲ့ပါတယ်။

ပြောင်းလဲလာတဲ့ ဂီတလောက နဲ့ပတ်သတ်ပြီးလည်း ဆက်လက်မေးမြန်းခဲ့ ရာ ..

“လက်ရှိ ဂီလောက ကတော့ မကောင်းတော့ဘူးပေါ့။ အကိုတို့ခေတ်တုန်းကဆိုရင် ကိုယ်ကြိုက်တဲ့ ပရိုဂျူဆာနဲ့ လုပ်လို့ရတယ်။ အခုခေတ်က ပရိုဂျူဆာကို လိုက်ရှာရတဲ့ခေတ်ဖြစ်သွားပြီ။ အဲ့ဒီနှစ်ခုဘဲ ယှဉ်လိုက်ရင် ခေတ်က ကွာသွားပါတယ်။ ပရိုတာဆိုတာ ခွေတစ်ခွေထွက်အတွက် အရမ်းအရေးကြီးတယ်။ သူတို့မရှိရင် ကျွန်တော်တို့ရပ်တည်လို့ မရပါဘူး။ ဒါကအကို တို့အတွက် အားနည်းချက်တွေ စိတ်မကောင်းစရာတွေပါ။” လို့ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*