ချစ်​သူ G Fatt က သရုပ်​ဆောင်​အလုပ်​ကို ပြန်​လုပ်​ဖို့ တိုက်တွန်းနေတယ်​ဆိုတဲ့ နန်းဆုရတီစိုး

ချစ်​သူ G Fatt က သရုပ်​ဆောင်​အလုပ်​ကို ပြန်​လုပ်​ဖို့ တိုက်တွန်းနေတယ်​ဆိုတဲ့ နန်းဆုရတီစိုး
January 23, 2019 Asian Fame
ချစ်​သူ G Fatt က သရုပ်​ဆောင်​အလုပ်​ကို ပြန်​လုပ်​ဖို့ တိုက်တွန်းနေတယ်​ဆိုတဲ့ နန်းဆုရတီစိုး

နန်းဆုရတီစိုးလို့ ပြောလိုက်​တာနဲ့ G Fatt ကို ပြေးမြင်​ကြသလို၊ G Fatt လို့ ပြောလိုက်​တာနဲ့ နန်းဆုရတီစိုးကိုပြေးမြင်​မိကြပြီး အနုပညာလောကထဲမှာ လိုက်​ဖက်​ညီလွန်းလှတဲ့ စုံတွဲတစ်​တွဲဖြစ်​ကာ ပရိသတ်​တွေရဲ့ ချစ်​ခင်​အားပေးမှုကိုပါ ရရှိထားတဲ့ အတွဲတစ်​တွဲလည်း ဖြစ်​ပါတယ်​။ ၂ဝ၁၈ ထဲမှာ G Fatt က သူလုပ်​ချင်​တာတွေ အကုန်​လုံး လုပ်​ခွင့်​ရတဲ့အတွက်​ သူ့အတွက်​ ဂုဏ်​ယူမိတယ်​ဆိုတာကို နန်း ဆုရတီစိုးက ”သူကိုယ့် မျက်​စိရှေ့မှာတင်​ ဆုတွေ တစ်​ဆုပြီး တစ်​ဆုရနေတာ ဒီနှစ်​ထဲမှာ သူတော်​တော်​ ကံကောင်းတယ်​။ ဝမ်းသာတယ်။ သူ့အတွက်​ ဂုဏ်​ယူတယ်။ သူသည်​ အလုပ်​တွေအများကြီး လုပ်ထားတယ်​။ ဒီနှစ်​ထဲမှာ သူလုပ်​ချင်​တဲ့ One Man Show လည်း လုပ်​ဖြစ်​သွားတယ်​။ သူဖြစ်​ချင်​တာတွေ အကုန်​လုံး ဖြစ်​လာတယ်​၊ ဖြစ်​သွားတဲ့အတွက်​ သူ့အတွက်​ ဂုဏ်​ယူသလို သူ့ကို ပိုပြီးလည်း အားပေးဖြစ်​တယ်​။ သူ ကကိုယ့်​အတွက်​ ရေးပေးထားတဲ့ သီချင်းကလေး၊ ကိုယ့် ကိုယ်​Surprise လုပ်​ပေးထားတဲ့ သီချင်းနဲ့ Shwe FM မှာ ဆုရတဲ့အတွက်​လည်း နှစ်​ယောက်​ စလုံးအတွက်​ ပိုပြီးအမှတ်​တရဖြစ်​တယ်​”လို့ ပြောပြခဲ့ပါတယ်။ နှစ်​ယောက်​ပူးပေါင်းပြီး သီချင်းတွေဖန်​တီးဖြစ်​ဖို့ရှိသေးတယ်​ဆိုတာကိုလည်း ”နန်းဆု တို့ နှစ်​ယောက်​တွဲသီချင်းလုပ်​ဖို့ အစီအစဉ်​ရှိပါတယ်​။ နှစ်​ယောက်​ပေါင်းပြီး လုပ်​မှာ ဖြစ်​တဲ့အတွက်​ ပိုပြီးတော့ ဂရုစိုက်​ရမယ်​။ ပိုပြီးတော့ အချိန်​ပေးရမယ်​။ နှစ်​ယောက်​လုံးစိတ်​တိုင်းကျ၊ အားရဖို့လည်း လိုပါတယ်​။ အကြောင်းအရာ၊ အသွား အလာကအစ အကောင်းဆုံးကြိုးစားပြီး ဖန်​တီးကြမှာဖြစ်​တဲ့အတွက်​ နည်းနည်းလေး ကြာနေတယ်​။ သူမအားတာနဲ့ ကိုယ်​မအားတာနဲ့။ လုပ်​တော့ လုပ်​ပါ့မယ်။ ထွက်​လာဖို့လည်း ရှိပါတယ်​”လို့ နန်းဆုရတီစိုးက ပြောပြခဲ့ပါတယ်​။ ချစ်​သူ G Fatt က သရုပ်​ဆောင်​အလုပ်​ကို ပြန်​လုပ်​ဖို့ တိုက်​တွန်းနေတယ်​ဆိုတာကို နန်းဆုရတီစိုးက ”အခုက ပွင့်လင်းရာသီဆိုတော့ ရှိုးပွဲတွေများတယ်​။ နှစ်​ယောက်​ပေါင်းပြီးတော့လည်း ပွဲတွေက ခေါ်ကြတော့ ခရီးတွေက ထွက်​ဖြစ်​တယ်​။ အဆိုဘက်​ကို ပိုလုပ်​ဖြစ်​နေတယ်။ အနုပညာအလုပ်​နဲ့ပတ်​သက်​ပြီး နန်းဆု ကို ”သူကလည်း ရုပ်​ရှင်​ပြန်​ရိုက်​ဖို့ အားပေးတယ်​။ သူက သရုပ်​ဆောင်​ဘက်​ကိုလည်း လုပ်​စေချင်​နေတယ်​။ ပရိသတ်​တွေကလည်း ပြန်ရိုက်​စေချင်​ကြတယ်​။ ကိုယ့်ဘက်​က အဆင်​သင့်​ မဖြစ်​သေးတာကြောင့်​ မရိုက်​ဖြစ်​သေးတာပါ”လို့ ပြောပြခဲ့ပါတယ်​။ ပျော်​ပျော်​နေတတ်​တဲ့သူဖြစ်​တာကြောင့်​ အရွယ်​တင်​နုပျို နေတာထင်​ပါတယ်​ဆိုတာကိုလည်း ”အဓိကက စိတ်​နဲ့ ရုပ်​နဲ့ စပ်​ဆက်​နေတာဆိုတော့ စိတ်​ကိုရှင်းရှင်းနဲ့ ပျော်​ပျော်​ရွှင်​ရွှင်​ပဲထားတယ်​။ နန်းဆုက ပျော်​ပျော်​နေတယ်​။ သူငယ်​ချင်းတွေ၊ အပေါင်းအသင်းတွေနဲ့တွေ့ရင်​လည်း ကိုယ်​ကပဲ ရယ်စရာတွေပြောတယ်​။ ကိုယ့်​ကြောင့်​သူတို့တွေ ပျော်​ရတယ်​။ သူများကိုလည်း ကိုယ်​စိတ်​ချမ်းသာ အောင်​ထားတဲ့အတွက်​ သူများတွေကလည်း ကိုယ့်​ကိုယ်​ စိတ်​ချမ်းသာအောင်​ထား တယ်​။ အဖေအမေကရော၊ မိတ်​ဆွေသူငယ်​ချင်းတွေရော၊ ချစ်​သူကရော ကိုယ့်​ကိုယ်​စိတ်​ချမ်း သာအောင်​ထားကြတယ်​။ ပြီးတော့ ပရိသတ်​ကလည်း ကိုယ့်​ကိုယ်​စိတ်​ချမ်းသာစေ မယ့်​အကြောင်းအရာလေးတွေပဲ ပြောတဲ့အတွက်​ ပရိသတ်​ကြောင့်​လည်း စိတ်​ချမ်းသာရ တယ်​။ အဲဒါကြောင့်​မို့ နုနေတာဖြစ်​မှာပါလို့ နန်းဆုရတီစိုးက ပြောပြခဲ့ပါတယ်​။

ခိုင်ဝါဝင်း၊
ဓာတ်ပုံ – ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*