
”အမေက သူ့သားကိုချီးမွမ်းရင် သူပျော်နေသလိုမျိုး ကျွန်တော့်ကို ချစ်ခင်တယ်ဆိုရင် ကျွန်တော်ပျော်တာပေါ့။ အဲဒီလိုမျိုးပါပဲ။ အရမ်းကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော့် ကိုယ်စောင့်နတ်ဆိုပြီးဖြစ်တည်မှုအတွက် အရာရာတိုင်းပေါ့။ ပြိုင်ပွဲဝင်သွားတဲ့သူတွေကအစ၊ Cover တွေဆိုပေးတဲ့သူတွေ အစအဆုံး အကုန်လုံးကို ကျွန်တော်ကျေးဇူးတင်ပါတယ်။ အမြဲတမ်းလည်း ကျွန်တော် ပြောချင်နေတဲ့စကားပါ။ အဲဒီကျေးဇူးတင်တယ်ဆိုတာ။ မကြားဖြစ်သေးတဲ့သူတွေလည်း ထပ်ကြားအောင်ပြော ဖြစ်တာပါ”လို့ ဖိုးပြည့်က ပြောပါတယ်။ ဂီတလှုပ်ရှားမှုအနေနဲ့ကတော့ ဖိုးပြည့်က သူ့ရဲ့ ဒုတိယတစ်ကိုယ်တော်အခွေအတွက်စီစဉ်နေပြီး အတွဲခွေလည်း ထွက်လာဖို့ရှိကြောင်း ပြောပါတယ်။ ကိုယ်စောင့်နတ်သီချင်းကိုကော ဇာတ်ဝင်တေးတွေအဖြစ် ဝယ်သုံးကြတာရှိသေးလားလို့မေးတော့” သုံးကြတယ်ဗျ။ ဗီဒီယိုလည်း နှစ်ကားလား မသိဘူး။ ဝယ်ထားတယ်။ အကုန်လုံးရိုက်ပြီးပြီ။ မထွက်သေးဘူး။ ဘာလုပ်နေလဲတော့မသိသေးဘူး။ ပြီးတော့ ကျွန်တော်တို့ ကိုခန့်ကြီး ပေါ့။ ကိုခန့်စည်သူလည်း တစ်ကားဝယ်ထားတယ်။ သူတစ်ကားရိုက်နေတယ်။ မခင်စန္ဒာမြင့်တို့က ဇာတ်လမ်းတွဲမှာ ထည့်သုံးဖို့ဆိုလား မသိဘူး။ အဲဒါလည်း ဝယ်ထားတယ်”လို့ ဖိုးပြည့်က ပြောပြခဲ့ပါတယ်။
မျိုးမောင်၊ ဓာတ်ပုံ-အောင်ဇော်မင်း