၂ဝ၁၉ အတွက် ထူးအောင် ရဲ့ အစီအစဉ်

၂ဝ၁၉ အတွက် ထူးအောင် ရဲ့ အစီအစဉ်
January 21, 2019 Asian Fame
၂ဝ၁၉ အတွက် ထူးအောင် ရဲ့ အစီအစဉ်

ဇာတ်ကားတွေတော်တော်များများရိုက်ကူးဖြစ်လာပြီဖြစ်တဲ့ ထူးအောင်က ၂ဝ၁၉မှာတော့ အနုပညာ အလုပ်တွေ တော်တော်များများ ပို လုပ်ဖြစ် မယ်လို့ပြောလာပါတယ်။ မကြာခင် ရိုက်ကူး တော့မယ် ဇာတ် ကားများ သူပါဝင် သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်နဲ့ ပတ်သက်ပြီးလည်း သူကအခုလို ပြောပြလာတာက . . .

”မြန်မာနိုင်ငံမှာဆိုရင် ချမ်းသာ တဲ့စာရင်းထဲမှာ ပါဝင်တဲ့ သူဌေးကြီး ရဲ့သား နည်းပညာနဲ့ပတ်သက် တဲ့အဖွဲ့အ စည်းတွေ၊ ဟက်ကာ တွေဆက်ဆံရတဲ့အကြောင်း တွေပါမယ်။ ဇာတ်လမ်းလေး ကတော့တော် တော်ဆန်းတယ်။ တစ်လပိုင်းမှာ စရိုက်မှာဖြစ်တဲ့ အတွက် ကြိုတင်ပြင်ဆင်မှုတွေ အနေနဲ့ အဝတ်အစားနဲ့ ပတ်သက်တာတွေ၊ ဒီဇာတ်လမ်းမှာ ဇာတ်ကောင် စရိုက်ကို ဘယ်လို စီးမျော ရမယ်ဆိုတာကို အခု ကတည်းကကြိုတင် လေ့လာဖြစ်နေတယ်” လို့ ပြောပါတယ်။

ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူး ဖြစ်နေတဲ့ ထူးအောင်က ပရိသတ်တွေရဲ့ အားပေးမှုတွေ ကြောင့်အနုပညာ အလုပ်တွေလုပ်ရတာ ပိုပြီူး အားရှိ လာတယ်လို့ပြောပါတယ်။

”ကျွန်တော်ရဲ့ ပထမဦးဆုံး ဇာတ်လမ်းတွဲက ပုဂံမြို့သူ၊ ဒုတိယ ဇာတ်လမ်းတွဲက အကြင်နာမြစ်ဖျား၊ အခုဒီတတိယမြောက်ဇာတ် လမ်းတွဲက ပျောက်ဆုံးနေသော အမှန်တရား ပြီးတော့ ကျွန်တော်ပါဝင် သရုပ်ဆောင်ထားတဲ့ ‘ကိုယ်စောင့် နတ်’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလည်း ထွက်ပြီ။ အနုပညာလှုပ်ရှားမှုတွေက ပရိသတ်တွေနဲ့ မစိမ်းဘဲနဲ့ ကျွန်တော်ကို ပရိသတ်တွေ အမြဲတမ်းတွေ့ မြင်နေရတယ်။ အားပေးနေတဲ့ ပရိသတ်ကြီးတွေရှိတဲ့အတွက် အနုပညာ အလုပ်တွေ လုပ်ရတာ အရမ်းကို အားရှိတယ်။ ကျွန်တော်ကို အားပေးတာဖြစ်ဖြစ်၊ အခြား ဘယ်အနုပညာရှင်ကို အားပေးတာ ဖြစ်ဖြစ် အနုပညာရှင်တွေကိုယ်တိုင် အမြဲတမ်းအားဖြစ် တယ်။ အခက်အခဲလေးတွေ စိတ်ညစ်စရာလေး တွေပြဿနာလေးတွေ အများကြီးကြုံလာတိုင်း ပရိသတ်တွေရဲ့ အားပေးတဲ့ အားအင်တွေက ဘာနဲ့မှမလဲနိုင်ပါဘူး။ အဲဒီအားအင်တွေနဲ့ ရှေ့ဆက်နေတာပါ။ ၂ဝ၁၈ မှာ ကျွန်တော် အလုပ်တွေ အများကြီးလုပ်ခဲ့တယ်။ အားမရ တဲ့ အပိုင်းတွေလည်း ရှိတယ်။ ၂ဝ၁၉ ကို ဒီထက်ပိုပြီး ကောင်းတဲ့အရာတွေနဲ့ ဖြတ် သန်းမယ်”လို့ ထူးအောင်ကပြောပါတယ်။

ခိုင်ဝါဝင်း
ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*