Special Effect Award ပေးမယ်ဆိုတော့ဝမ်းသာမိတယ်ဟန်နာယူရီ

Special Effect Award ပေးမယ်ဆိုတော့ဝမ်းသာမိတယ်ဟန်နာယူရီ
January 16, 2019 Asian Fame

Special Effect Awardပေးမယ်ဆိုတော့ဝမ်းသာမိတယ်ဟန်နာယူရီအနုပညာရှင်တွေအတွက် ထူးချွန်ဆုတွေ ချီးမြှင့်တဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲလည်း ရောက်ရှိဖို့ အချိန်နီးလာပြီ ဖြစ်ပါ တယ်။ ထူးချွန်တဲ့ အနုပညာရှင်တွေအတွက် နှစ်စဉ်နှစ်တိုင်း ကျင်းပနေ တဲ့ အကယ်ဒမီပေးပွဲကို မတ်လထဲမှာ ကျင်းပမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီ ၂ဝ၁၉ ခုနှစ်မှာ တော့ အနုပညာရှင်တွေအတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန် ဆု တစ်ပွဲတည်းသာမဟုတ်ဘဲ မြန်မာနိုင်ငံ သတင်းစာ ဆရာအ သင်း ကလည်းအနုပညာရှင်တွေအတွက် Star Award ဆိုတဲ့ ထူးချွန်ဆုပေး ပွဲကိုလည်း ၂ဝ၁၉ ခုနှစ် ဧပြီလထဲမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ Star Award ထဲမှာ Special Award ဆိုပြီး ချီးမြှင့်မယ့် ဆုတစ်ဆု လည်း ပါဝင် နေပါတယ်။ Special Effect Award အတွက် Special Effect မိတ်ကပ် ပညာရှင် ဟန်နာယူရီကို မေးကြည့်တဲ့အခါမှာတော့ ဟန်နာယူရီက…

”ဒီလိုမျိုး Special Effect Award ပေးမယ်ဆိုတော့ ဝမ်းသာတယ်။ ညီမတို့ဆိုတာလည်း နောက်ကွယ်က လူတွေလိုပါပဲ။ အနုပညာ ရှင်တွေကို နောက်ကွယ်ကနေ ပြင်ဆင်ပေးနေရတဲ့သူတစ်ယောက်ဆို တော့ သိပ်ပြီးလည်း မမျှော်လင့်ခဲ့ဘူး။ အရင်က စိတ်ကူးလေးတွေ ရှိခဲ့တာက နိုင်ငံခြားမှာဆိုရင် Artists အကုန်လုံးကို ဆုပေးတာလေ။ ညီမတို့ နိုင်ငံကအကယ်ဒမီက မင်းသား၊ မင်းသမီးတွေလောက်ပဲ အများဆုံးပေးတာဆိုတော့ မျှော်လင့်မိတယ်။ အခုလိုမျိုးလေး ကြားလာတော့ တအားပျော်မိပါတယ်”လို့ ပြောပါ တယ်။

၂ဝ၁၈ ခုနှစ် ဝိညာဉ်စိမ်း ရုပ်ရှင်ဇာတ်ကားမှာ Artists မိတ်ကပ်အဖြစ် လိမ်းပေးခဲ့တုန်းက အမှတ်တရတွေက ဘာတွေဖြစ်မလဲ မေးကြည့်တဲ့အခါမှာတော့ ဟန်နာ ယူရီက…

”ဒီ ဝိညာဉ်စိမ်းရုပ်ရှင်ဇာတ်ကား က ညီမအတွက် ပထမဦးဆုံး ပရိသတ် ကို ချပြခွင့်ရတဲ့ အနုပညာတစ်ခုပါ။ အဲဒီအတွက် အမှတ်တရ တွေကတော့ အများကြီးပဲ။ နာမည် ကြီး ရုပ်ရှင်သရုပ်ဆောင်တွေကို မိတ်ကပ်လိမ်းခြယ်တဲ့ အခါမှာ အမှားအယွင်း ဖြစ်မှာစိုးလို့ အများ ကြီး ပြင်ဆင်လေ့လာခဲ့တာတွေ လည်း ရှိတယ်။ ဘာပဲပြောပြော ကိုယ်တတ်တဲ့ ပညာလေးကနေ အခု လို လုပ်ပြခွင့်ရတဲ့အတွက် ပျော်ပါ တယ်”လို့ ပြောပါတယ်။

သဲစုလှိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*