အနုပညာကို လုပ်နေရတဲ့အချိန် အမြဲတမ်း ပျော်နေမိတယ် ဟိန်းဝေယံ

အနုပညာကို လုပ်နေရတဲ့အချိန် အမြဲတမ်း ပျော်နေမိတယ် ဟိန်းဝေယံ
January 16, 2019 Asian Fame

သရုပ်ဆောင် ဟိန်းဝေယံက အနုပညာ အလုပ်တွေ၊ ဇာတ်လမ်း ရိုက်ကူးမှုတွေနဲ့ အဆက်အသွယ် ပြတ်နေသလိုဖြစ်နေပြီး ဒီ ၂ဝ၁၉ ခုနှစ်ထဲမှာတော့ ‘ရင်ခွင်ရှင်းတမ်း’ ဇာတ်လမ်းတွဲနဲ့အတူ ပရိသတ်ကို သူ့ရဲ့ အနုပညာ အလုပ်တွေချပြတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဗီဒီယို ဈေးကွက် မရှိတော့ပေမယ့် အွန် လိုင်းကနေ ဗီဒီယိုဇာတ် ကားတွေ ဝယ်ယူကြည့်ရှုမှုတွေလည်း ရှိနေကြ တဲ့အပေါ် ဟိန်းဝေယံက . . .

”အခုဟာ ပြောရမယ်ဆိုရင် နည်းနည်းစုံတယ်။ ကျွန်တော်သိသ လောက်ပေါ။ အွန်လိုင်းကနေပြီး တော့လည်း ပြနေတာရှိတယ်။ Channel လိုင်းတွေကလည်း ပြနေတာတွေရှိတယ်။ ပြီးတော့ ရုပ်ရှင်ဇာတ်ကားကြီး၊ ဗီဒီယိုတို့၊ ဇာတ်လမ်းတွဲတို့ ရှိတဲ့အခါကျတော့ တစ်လိုင်းစီသွားမယ်လို့ထင်တယ်။ အွန်လိုင်းက နေပြီးတော့ ပြဖို့အတွက် ကျွန်တော် တို့ကို ပြောထားတာတွေရှိတယ်။ ဗီဒီ ယိုဈေးကွက် ယိုင်သွားပေမယ့် လိုင်းတွေ ပိုစုံလာတဲ့အတွက် ကောင်းတယ် လို့ပဲ ပြောရမှာပေါ့။ အနုပညာရှင် တွေအနေနဲ့လည်း အရင်ကထက် စာရင် လုပ်ရမယ့်လိုင်းတွေ ပိုစုံသွား တယ်လို့ ကျွန်တော်မြင်မိပါတယ်”လို့ ပြောပါတယ်။

ဗီဒီယိုကို အကယ်ဒမီပေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် ဟိန်းဝေယံက . . .
”အဲဒါကတော့ ကျွန်တော်က ဒီအနုပညာအလုပ်ကို ကျွန်တော်ချစ် တယ်။ ဒီအနုပညာအလုပ်ကို ချစ်တဲ့အတွက်ကြောင့် ဒီအလုပ်လေးကို ကျွန်တော်လုပ်နေရလို့ရှိရင် လုပ်ရ တာကို ပျော်တဲ့အတွက် ကျွန်တော်လုပ်ဖြစ်တာ။ ဒါပေမဲ့ ဗီဒီယိုပေါ်မှာ အကယ်ဒမီပေးမယ်လို့တော့ ကြား တယ်။ ဒါပေမဲ့ အတည် ဟုတ်လား၊ မဟုတ်လား ကျွန်တော်မသိသေးဘူး။ ဒါပေမဲ့ အကယ်ဒမီပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ကျွန်တော့်အတွက်တော့ ဒီအပေါ်မှာ တွန်းအားတစ်ခု မဖြစ်ပါဘူး။ ဒါပေမဲ့ ဗီဒီယိုကိုပါ အကယ်ဒမီ ပေးမယ် ဆိုရင်တော့ ပြင်ဆင်မှုတွေ အများကြီး၊ စီစဉ်မှုတွေ အများကြီးလုပ်ရမယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗီဒီယို က ရုပ်ရှင်ထက် နည်းနည်းများမယ့် သဘောရှိတယ်။ လူကြီးတွေလည်း ဒီထက်အလုပ်အများကြီး ပိုရှုပ်သွား မယ်လို့ ထင်ပါတယ်”လို့ ဆိုပါတယ်။

သဲစုလှိုင်
ဓာတ်ပုံ-မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*