ကျွန်တော်ရေးခဲ့သောစာအုပ်များ(၁၇)

ကျွန်တော်ရေးခဲ့သောစာအုပ်များ(၁၇)
January 16, 2019 Asian Fame

ကျွန်တော်ရေးခဲ့သောစာအုပ်များ တွင် မြန်မာဘာသာစကား အကြောင်း သီးသန့်စာအုပ်များ၊ မြန် မာစာပေအကြောင်း သီးသန့်စာအုပ် များ ပါဝင်သကဲ့သို့ ဘာသာစကား အကြောင်းရောစာပေအကြောင်းပါ နှစ်မျိုးစလုံး စုဆောင်းထားသော စာအုပ်များလည်း ပါဝင်ပါသည်။ ၂ဝ၁၃ ခုနှစ်တွင် ထွက်သောစာ အုပ်နှစ်အုပ်ကို မှတ်မှတ်ရရ ရှိပါ သည်။ တစ်အုပ်က ဘာသာနှင့်စာ ပေ စာပေနှင့်ဘာသာ ဖြစ်သည်။ နောက်တစ်ပုဒ်က ဘာသာစာပေ အသွေးအရောင်အဆင်အကွက်ဖြစ် သည်။ ကျွန်တော်ရေးခဲ့သော ဆောင်းပါးများ၊ သုတေသနစာတမ်း များကို စုစည်းထားသော စာအုပ် များဖြစ်ပါသည်။

ထိုစာအုပ်များတွင် ပါဝင်သော ဆောင်းပါးများ စာတမ်းများကို ရေး သားရာ၌ အခိုင်အမာထားရှိသော သဘောထားတစ်ခုရှိပါသည်။ ထို သဘောထားမှာ ဘာသာစကားနှင့် စာပေသည် တစ်ခုနှင့်တစ်ခု မသက် ဆိုင်သော သီးခြားနယ်ပယ်များမ ဟုတ်၊ တစ်ခုနှင့်တစ်ခုအပြန်အလှန် အထောက်အပံ့ပြုနေသော နယ် ပယ်များဖြစ်သည်ဟူသော သဘော ထားဖြစ်သည်။ အရင်းခံကျကျဖော် ပြရလျှင် စာပေတစ်အုပ်ဖြစ်လာ အောင် ဘာသာစကားဖြင့် ရေးသား ရမြဲဖြစ်သည်။ ဘာသာစကားကို အကြောင်းပြု၍ စာပေပေါ်ထွန်းလာ ရခြင်းဖြစ်သည်။ စာပေအဖြစ် ဖန် တီးရေးဖွဲ့သော ဘာသာစကားသည် လည်း အစွမ်းအာနိသင်ထက်မြက် သော စာပေအရာမြောက်အောင် ထိ ရောက်စွာအသုံးပြုထားသော ဘာ သာစကားဖြစ်သည့်အတွက် စာပေ ကို အကြောင်းပြု၍ ဘာသာစကား ဖွံ့ဖြိုးလာရသလို ဘာသာစကားကို အကြောင်းပြု၍ စာပေလည်း ဖွံ့ဖြိုး လာရသည်။ ဘာသာစကားနှင့်စာပေ ကို ဆက်စပ်လေ့လာရာတွင် ထိုသ ဘောထားကို မျက်ခြည်မပြတ် နှလုံး သွင်း၍ လေ့လာရန် လိုအပ်ပါသည်။

ခေတ်အဆက်ဆက် ဘာသာ စကားကို ထိရောက်ထက်မြက်အောင် ဖန်တီးကြသည့်အစဉ်အလာနှင့်ပတ် သက်၍ ဣဋ္ဌာရမ္မဏာနှင့် ရယ်ဗလွန် ကြယ်တံခွန်ခေါင်းစဉ်ဖြင့် အတွေး တစ်ခုကို တင်ပြခဲ့ပါသည်။ ဘာသာ စကားနိုင်နင်းသော ဂီတစာဆိုများ သည် ဘာသာစကားကို အဓိပ္ပာယ် လည်း ထိမိအောင် နှစ်သက်ဖွယ် လည်း ကောင်းအောင် နဘေထပ် ကာရန်ယူ၍ ဖွဲ့ရာ၌ ဆရာကြီးဦးပြုံး ချိုက ‘ဇေယျတုသဗ္ဗမင်္ဂလံ’ ယိုးဒယား သီချင်းတွင် ‘စိတ်မှာကြံသမျှ ဣဋ္ဌာ ရမ္မဏဘောဂသမ္ပန္နံ’ဟူ၍ ‘စိတ်မှာ ကြံသမျှ’ဟူသော မြန်မာစကားနှင့် ‘ဣဋ္ဌာရမ္မဏ’ဟူသော ပါဠိစကားကို ထူးထူးခြားခြား ဆက်စပ်ကာ နဘေ ထပ်ကာရန်ယူပြီး ရေးဖွဲ့ခဲ့သည်။ ယနေ့စတီရီယိုသီချင်းခေတ်တွင် စတီရီယိုတေးပြုစာဆိုတစ်ဦးက ‘ကြယ်တံခွန်၊ ရယ်ဗလွန်ဝက်ဂွန်’ဟူ ၍ မြန်မာစကားလုံးနှင့် အင်္ဂလိပ်စ ကားလုံးကို ရှားရှားပါးပါး နဘေထပ် ရေးဖွဲ့ထားပုံမှာ ထူးခြားဆန်းသစ် သည်။ ဘာသာစကား၏ အာနိသင် ကို ထိရောက်ထက်မြက်စွာ အသုံးပြု ခြင်းဖြစ်သည်။ ထိုသဘောကို ဆွေး နွေးခဲ့ခြင်းဖြစ်ပါသည်။

မြန်မာအမျိုးသမီးများ၏ ဝတ် စားဆင်ယင်မှုနှင့်ပတ်သက်၍ ဝေဖန် ပြောဆိုမှုများကို အာရုံစိုက်မိရာက အဝတ်ဖြင့် ဖုံးကွယ်၍ ပြအပ်သော အလှ ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ် ပုဒ်ရေးခဲ့ပါသည်။ ထိုဆောင်းပါး တွင် ဝတ်စားဆင်ယင်မှု၊ အလှဖော်ပြ မှုနှင့်ပတ်သက်၍ ဂျပန်ပညာရှင်တစ် ဦး၏ စာတမ်းတစ်စောင်တွင် နှိုင်း ယှဉ်ဖော်ပြချက်တစ်ခုကို သဘောကျ သည့်အတွက် ကိုးကားဖော်ပြခဲ့ဖူးပါ သည်။ ထိုနှိုင်းယှဉ်ချက်မှာ ‘အနောက် တိုင်းသူ အမျိုးသမီးများ၏ ဓလေ့ သည် အဝတ်အောက်က အသားစိုင် ကို လှစ်ဖော်ကာ ခပ်ရိုင်းရိုင်း ခပ် ကြမ်းကြမ်း အလှပြသောဓလေ့ဖြစ် သည်။ အရှေ့တိုင်းသူ အမျိုးသမီးများ ၏ ဓလေ့မှာမူ အသားစိုင်ကို အဝတ် ဖြင့် ဖုံးကွယ်ကာ အလှပေါ်လွင် အောင် ယဉ်ယဉ်ကျေးကျေး သိမ်သိမ် မွေ့မွေ့ ပြသောဓလေ့ဖြစ်သည်’ဟူ၍ ဖြစ်ပါသည်။ ၂ဝဝ၅ ခုနှစ် မြန်မာ အမျိုးသမီးများနေ့အတွက် စာတမ်း တစ်စောင်ပြုစုပေးရန် တာဝန်ကျသ ဖြင့် ကျွန်တော်က ‘မြတ်နိုးဖွယ်ရာ မြန်မာအမျိုးသမီးတို့၏ ထုံးဓလေ့နှင့် အစဉ်အလာများ’စာတမ်းပြုစုရာတွင် ထိုအချက်ကို ထည့်သွင်းခဲ့ခြင်းဖြစ်ပါ သည်။ ကျွန်တော့်ကိုးကားချက်ကို သတိမူမိပြီး မကြာခဏကိုးကားကြ သည်ကို တွေ့ရပါသည်။ ‘ဘာသာ နှင့် စာပေ စာပေနှင့်ဘာသာ’ကို ကံ့ ကော်ဝတ်ရည်စာပေက ထုတ်ခဲ့ခြင်း ဖြစ်ပါသည်။

‘ဘာသာစာပေအသွေးအရောင် အဆင်အကွက်’စာအုပ်မှာ ရာပြည့် စာအုပ်တိုက်က ထုတ်သော စာအုပ် ဖြစ်သည်။ ဘာသာစကားကဏ္ဍတွင် မြန်မာဘာသာစကားကို သုတေသန ပြုခဲ့သောပညာရှင်များ အင်္ဂလိပ်ဘာ သာဖြင့် ရေးခဲ့သော ဆောင်းပါးစာ တမ်းများကို တတ်စွမ်းသမျှ မြန်မာ ဘာသာပြန်ခဲ့ပါသည်။ ဆရာကြီး ဦး ဖေမောင်တင်က ‘နိုင်ငံကူးလက်မှတ် ထဲက သဒ္ဒဗေဒ’ခေါင်းစဉ်ဖြင့် မြန်မာ နိုင်ငံ သုတေသနဂျာနယ်တွင် စိတ် ဝင်စားဖွယ်ဆောင်းပါးတစ်ပုဒ်ရေးခဲ့ သည်။ ဆရာကြီးသည် ဘိုးတော်ဘု ရားလက်ထက် ၁၇၈၃ ခုတွင် ပေါ် တူဂီလူမျိုးတစ်ဦးအား မြန်မာနိုင်ငံက ထုတ်ပေးသော နိုင်ငံကူးလက်မှတ် မှာ အင်္ဂလိပ်လို ရေးထားသည်။ လူ နာမည်၊ မြို့၊ ရွာနာမည်၊ ရာထူးနာ မည်များ၏ စာလုံးပေါင်းပုံနှင့် အသံ ထွက်ကို အခြေပြု၍ ၁၈ ရာစုတွင် မြန်မာစကားသံအချို့ စက်ပြောင်းလဲ လာပုံကို သာဓကများဖြင့် ဆွေးနွေး ထားပါသည်။ မြန်မာဘာသာစကား လေ့လာမှုတွင် အရေးပါသော ထုတ် ဖော်ချက်တစ်ခုဖြစ်သည်။ ‘မြန်မာ ဘာသာစကားတွင် အပြောဟန်နှင့် အရေးဟန်တို့ကွဲပြားလာမှုကို သမိုင်း ဘာသာဗေဒအမြင်ဖြင့် လေ့လာ ခြင်း’ စာတမ်းမှာမူ ကျွန်တော်သုတေ သနပြုထားသော စာတမ်းဖြစ်ပါ သည်။ မြန်မာဘာသာစကားနှင့် ဝါစင်္ဂဆောင်းပါးတွင်မူ ဝါစင်္ဂရှစ်ပါး အယူအဆကစ၍ ဝါစင်္ဂအရေအ တွက်နှင့်ပတ်သက်သည့် ပညာရှင် များ၏ အယူအဆများကို လေ့လာ တင်ပြထားပါသည်။

ထို့အတူ ‘မြန်မာဘာသာစကား နှင့် မြန်မာစာပေကို ပေါင်းကူးလေ့ လာခြင်း စာတမ်းတွင် မြန်မာဘာ သာစကားနှင့် မြန်မာစာပေဆက်နွှယ် မှု၊ မြန်မာဘာသာစကားက မြန်မာ စာပေဖွံ့ဖြိုးမှုကို အထောက်အကူပြု ပုံ၊ မြန်မာစာပေက မြန်မာဘာသာ စကားဖွံ့ဖြိုးမှုကို အထောက်အကူပြု ပုံ၊ မြန်မာဘာသာစကားနှင့် မြန်မာ စာပေကို ပေါင်းကူးလေ့လာရန် လို အပ်ပုံဟူ၍ ကဏ္ဍများခွဲပြီး ဆွေးနွေး ခဲ့ပါသည်။ တောင်ငူရာဇဝင်နှင့် စာ ပေအမြင် စာတမ်းမှာ ရှားပါးသော ရာဇဝင်ကျမ်းတစ်ကျမ်းဖြစ်သော ရှင် Óဏသည်းခံကြီး၏ တောင်ငူရာဇ ဝင်ကို စာပေအမြင်ဖြင့် လေ့လာ သောစာတမ်းဖြစ်သည်။ ကေတုမတီ တောင်ငူနှစ် ၅ဝဝ ပြည့်အခမ်းအနား တွင် တင်သွင်းဖတ်ကြားခဲ့ပါသည်။ ‘ဆရာကြီးဒေါက်တာလှဘေ မြန်မာ ကဗျာစာတမ်း’မှာမူ ဆရာကြီး၏ ဟောပြောချက်ဖြစ်သော Burmese Poetry စာတမ်းကို မြန်မာစာဖတ် ပရိသတ်အတွက် မြန်မာဘာသာပြန် ၍ တင်ပြသော ဆောင်းပါးဖြစ်ပါ သည်။

‘လေးလေးပင်ပင်’ဟုဆိုရမည့် သုတေသနစာတမ်းများပါဝင်သလို ‘ကျွန်တော်ဖတ်ခဲ့သောစာများအ ကြောင်း’ ခေါင်းစဉ်ဖြင့် ကျွန်တော် ၏ စာဖတ်အတွေ့အကြုံကို ပေါ့ပေါ့ ပါးပါးရေးထားသော ဆောင်းပါးများ လည်း ပါဝင်ပါသည်။ ထိုစဉ်က ‘တူ ဒေး’မဂ္ဂဇင်းတွင် လစဉ်ရေးသော ဆောင်းပါးများဖြစ်သည်။ ‘ရှုမဝနှင့် တွေ့ဆုံပြီးနောက်’ဆောင်းပါးတွင် ကျွန်တော်၏ စာဖတ်ဝါသနာထက် သန်နိုးကြားလာရသည့် ငယ်စဉ်က အတွေ့အကြုံကလေးကို တင်ပြထား ခြင်းဖြစ်သည်။ ထိုစဉ်က ကျွန်တော့် အသက်မှာ ၉ နှစ်သားအရွယ်မျှသာ ရှိပါသေးသည်။ အမေနှင့်အတူ ဘုန်း တော်ကြီးကျောင်းသို့ ဆွမ်းသွားလှူ စဉ် ဦးပဉ္ဇင်းတစ်ပါး၏ စားပွဲပေါ်မှာ တွေ့ရသော ‘ရှုမဝရုပ်စုံမဂ္ဂဇင်း’ဆို သည့်စာအုပ်ကလေးကို လှန်ကြည့်ရာ မှ ‘ကုသ၏ မုန့်လုံးပြဇာတ်’ ကို လက် က မချနိုင်ဘဲ အစအဆုံးဖတ်ခဲ့ရသည့် အရသာကစ၍ စာဖတ်ဝါသနာစွဲမြဲ လာခဲ့ပုံကို အမှတ်တရရေးသားခြင်း ဖြစ်သည်။ ထို့နောက် ရှုမဝ၊ သွေး သောက်စသည့်မဂ္ဂဇင်းများမှ သည်း ထိပ်ရင်ဖိုဝတ္တုများရော ဟာသဝတများပါ စွဲခဲ့ပုံ၊ ထိုမှ လုံးချင်းဝတ္တုများ ဖတ်လာပုံ၊ သုတစာပေကိုလည်း အ လှည့်အပြောင်းဖတ်ခဲ့ပုံ ‘စာအုပ် အငှားဆိုင်’များ ထွန်းကားသော ခေတ်မှာ စာအုပ်ငှားဖတ်ခဲ့ပုံ၊ အင်္ဂ လိပ်စာဖတ်သည့် အတွေ့အကြုံ စသည်တို့ကို ရေးသားခဲ့ပါသည်။ သီး သီးသန့်သန့်ဖတ်ရသည့်စာအုပ်များ တွင် ‘တစ်ထောင့်တစ်ည’ပုံပြင်မှ ‘ဗုဒ္ဓ ၏ စကြဝဠာတရား’အထိ အလွန် အရေးကောင်းသော ဆရာကြီးသခင် ဘသောင်း၏ စာများအကြောင်း၊ ဆရာဇေယျ၊ ဆရာဇော်ဂျီ၊ ဆရာမင်း သုဝဏ်တို့၏ ဆောင်းပါးပေါင်းချုပ် များက အသင့်ခူးပြီး ခပ်ပြီး ဟင်းလျာ များကဲ့သို့ သိစရာ မှတ်စရာစဉ်းစား ဆင်ခြင်ဆရာများကို ‘အသင့်’ ပေး ပုံများ၊ ဦးသိန်းဖေမြင့်၏ ‘တစ်ခု သော ငွေရတုသဘင်’ကစ၍ ဆရာ ၏ ဘဝကို ဖော်ဆောင်သော ဝတ္တု ပ္ပတ္တိစာအုပ်များ၊ ‘မြတ်ထန်’ကလောင် အမည်ဖြင့် ထင်ရှားလာသော စာ ရေးကောင်းသော ဗိုလ်မှူးကြီးဟောင်း တင်မောင်၏ ‘ဂျပန်ခေတ်စစ်ပညာ သည်တစ်ဦး’ ‘တိုင်းပြည်ကနုနု မုန် တိုင်းက ထန်ထန်’၊ ‘မုန်တိုင်းအလွန်’ စသည့် ဘဝမှတ်တမ်းစာအုပ်များ အကြောင်းကို ငယ်စဉ်က ဖတ်ခဲ့ သည့် အမှတ်သညာကို အခြေပြု၍ ပြန်စဉ်းစားပြီး ပေါ့ပေါ့ပါးပါးပြောပြ ခဲ့ပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*