
“ပရဟိတ အကြောင်းပြောရင် အစ်မတအားအားပါတယ်။ အလှူရှင်တွေကို ပြောပြရင်လည်း မျက်ရည်ထွက်တယ်။ အဲ့ဒီလို ပရဟိတ အကြောင်း ပြောရင်ကို စိတ်ကမရဘူး။ လုပ်ရင်းနဲ့ သူတို့တွေရဲ့ ပီတိတွေကို မြင်ပြီး ထပ်ထပ်လုပ်ပေးချင်တဲ့ စိတ်စေတနာတွေ ပြောင်းလဲလာတယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။ ခိုင်နှင်းဝေက ပရဟိတ အလုပ်တွေကို လုပ်ရင်းနဲ့ အဖွဲ့အစည်းတွေက ချီးမြှင့်တဲ့ ဆု ၄ ဆုလည်း ရရှိထားသူပါ။ ပရဟိတ အလုပ်တွေနဲ့ ပြည်သူတွေကို ပေးဆပ်ရင်း သူ့ရဲ့ဘဝကို ကုန်ဆုံးသွားဖို့လည်း ဆုံးဖြတ်ထားပါတယ်။ နောက်ပိုင်းမှာလဲ မြေကွက် တစ်ကွက်ဝယ်ပြီး ဂေဟာတည်ထောင်သွားဖို့လည်း စိတ်ကူးနေပါတယ်။
ခိုင်ဝေလွင်