
ဂီတပိုင်းမှာ လူငယ်အဆိုတော်တွေ အမြောက်အမြားပေါ်ပေါက်လာတာနဲ့ ပတ်သက်ပြီး “အခုခေတ်မှာ အသစ်တွေ များလာတဲ့အပြင် ကိုယ်ပိုင်ဖန်တီးတဲ့ လူငယ်တွေပါ များလာတဲ့အတွက် အားရတယ်။ အရင်တုန်းကဆိုရင် ကျွန်တော်တို့နိုင်ငံမှာ ပြန်ဆိုတေးတွေနဲ့ Cover Song တွေပဲရှိတော့ သိပ်တော့ အဆင်မပြေဘူး။ အခုတော့ လူငယ်တွေ အများကြီး ရှိလာတယ်။ သူတို့က ကိုယ်ပိုင် Music တွေဖန်တီးတယ်။ ကိုယ်တိုင်ရေးတယ်။ ကိုယ်တိုင်ဆိုတယ်။ ကိုယ်တိုင်တီးကြတယ်။ အဲ့ဒါတွေကို ကျွန်တော်ပိုအားရတယ်။ Quality တွေတက်လာမယ်။ နားထောင်စရာ အများကြီး ဖြစ်လာမယ်။ အခု Music မှာ ပေါ့ပ်ရှိမယ်။ ရော့ခ်ရှိမယ်။ ဟစ်ဟော့ပ်၊ EDM ရှိမယ်။ နည်းနည်းပဲ ဖြစ်နေတယ်။ Reggae တို့ Jazz တို့ ကျွန်တော်က မျိုးစုံ ရှိစေချင်တယ်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ၂၀၁၁ ကထွက်ခဲ့တဲ့ ကျွန်တော်အခွေရဲ့ Music Video (MTV) ကို The Sun Music Production ကနေ ဖြန့်ချိပြီးသွားပြီ။ အဲဒီခွေလေးကိုလည်း အားပေးကြပါဦး” လို့ ရေမွန်က ပြောပြခဲ့ပါတယ်။
ဂီတနဲ့ ပတ်သက်ပြီး နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ရှိတဲ့အကြောင်းကိုလည်း ရေမွန်က “နယ်သာလန်နိုင်ငံမှာ ကျွန်တော် ဂီတနဲ့ပတ်သက်တဲ့ ကျောင်းသွားတက်ဖို့ရှိတယ်။ ၉လပိုင်းလောက် ကျွန်တော်သွားဖြစ်မယ်။ Audio Engineering၊ Music Theory နဲ့ပတ်သက်တာတွေ ကျွန်တော်သွားသင်ဖြစ်မယ်။ ကျွန်တော် တစ်နှစ်လောက်ပဲ ကြာမှာပါ။ ပြန်လာရင် Music နဲ့ပတ်သက်ပြီး ကျွန်တော် အကောင်းဆုံး ဖန်တီးသွားဦးမှာပါ” လို့လည်း ပြောပြခဲ့ပါတယ်။
ခိုင်ဝါဝင်း