Heineken Beer
Heineken Beer

My Idol အင်္ဂလိပ် စကားစွမ်းရည် ပြိုင်ပွဲပခုက္ကူမြို့၌ ကျင်းပရာ ကျောင်းသား မောင်မယ်လေးများ တက်ကြွစွာ ပါဝင်ယှဉ်ပြိုင်

My Idol အင်္ဂလိပ် စကားစွမ်းရည် ပြိုင်ပွဲပခုက္ကူမြို့၌ ကျင်းပရာ ကျောင်းသား မောင်မယ်လေးများ တက်ကြွစွာ ပါဝင်ယှဉ်ပြိုင်
December 19, 2018 Asian Fame

ပခုက္ကူမြို့ခရိုင် ပြန်ဆက်ရုံးတွင် ဒေါက်တာသိန်းသန်းစိမ်း x ဒေါ်ခင်မြမြ (စာရေးဆရာမစိမ်းမြမြ)တို့၏ပံ့ပိုးမှုဖြင့် ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၉း၃ဝ နာရီအချိန် ကျင်းပပြုလုပ်ရာ အ.ထ.က ကျောင်းများ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ သီလရှင်စာသင်ကျောင်းများမှ ကျောင်းသားမောင်မယ် ၂၆ ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။ မိုင်အိုင်ဒေါ ပြိုင်ပွဲသည် ပခုက္ကူ ဘုတ်ကလပ်နှင့် ပခုက္ကူပြန် ဆက်အဖွဲ့တို့မှ ပူးပေါင်းကျင်းပကြောင်း သိရသည်။ ဒီပြိုင်ပွဲရဲ့ ရည်ရွယ်ချက်က နောင်တစ်ခေတ်ရဲ့ ခေါင်းဆောင်ကောင်းတွေဖြစ်လာမယ့် မျိုးဆက်သစ်ကလေးတွေကို အင်္ဂလိပ်စာနဲ့စကားစွမ်းရည် ပိုမို အားကောင်းလာအောင် လုပ်ပေးတာပါ။ နောက်လထဲမှာအလွတ်တန်းဖိတ်ခေါ် ပြိုင်ပွဲပြုလုပ်သွားမှာပါဟု စာရေးဆရာမစိမ်းမြမြက ပြောသည်။ ပ၊ ဒု၊ တ နှင့်အထူးဆုများကို မရှင်းသန့်ဖြူစင်ပထမ၊ မောင်ကျော်စွာဖြိုး ဒုတိယ၊ မချိုဇန်ပြည့်စုံဟိန်း တတိယ၊ မောင်စည်သူမင်း အထူးဆု၊ မမြ မျိုးမြတ်ဆွေ အထူးဆုတို့ရရှိသွားပြီးဆုများကိုစာရေးဆရာမ ပခုက္ကူဘုတ်ကလပ် ဥက္ကဌ စိမ်းမြမြ၊ ခရိုင်ပြန်ဆက်ဦးစီးမှူး ဦးဇော်ဌေးအောင်၊ ဦးလှဝင်းအောင် (စာရေးဆရာကျော် ဝင်းဟိန်း) ဒေါက်တာခင်ဆွေဝင်းတို့က ဆုများထိုက်တန်စွာ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မောင်နန်းဝေ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*