Heineken Beer
Heineken Beer

လွန်ခဲ့ဆယ်နှစ်ကျော်ကအတိုင်း အသစ်တစ်ယောက်လို ကြိုးစားနေပါတယ် သရုပ်ဆောင် ခရစ္စတီးနား

လွန်ခဲ့ဆယ်နှစ်ကျော်ကအတိုင်း အသစ်တစ်ယောက်လို ကြိုးစားနေပါတယ် သရုပ်ဆောင် ခရစ္စတီးနား
December 18, 2018 Asian Fame

မော်ဒယ် တစ်ဦးဖြစ်သလို သရုပ်ဆောင် တစ်ဦးလည်ဖြစ်တဲ့ ခရစ္စတီနား ကတော့ ပရိသတ်ရဲ့ချစ်ခင်မူကိုရရှိထားသူပါ။ သူမကတော့ ပရိသတ်နဲ့ နှစ်အနည်းငယ်ကြာဝေးကွားခဲ့ပြီး လက်ရှိမှာ အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ မကြာသေးမီကလည်း ဒါရိုက်တာ သားညီရိုက်ကူးတဲ့ 25% ရုပ်ရှင်ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ရုပ်ရှင်လောကရဲ့ အပြောင်းအလဲတစ်ချို့နဲ့ အသစ်တစ်ယောက်လို့ ဆက်ကြိုးစားသွားမယ်လို့ပြောလာတဲ့ သရုပ်ဆောင်  ခရစ္စတီးနားက…

“အစ်မကတော့ အနုပညာကိုချစ်တဲ့သူတစ်ယောက်ဖြစ်တဲ့ အတွက် အနုပညာနဲပတ်သတ်လာရင် ဘယ်လိုအခက်အခဲဘဲကြုံကြုံ အခက်အခဲလိုတော့ မမှတ်ယူပါဘူး။ အစ်အရင် လွန်ခဲ့တဲ့ဆယ်နှစ်လောက်က အသစ်တစ်ယောက်လို ကြိုးစားခဲ့တဲ့အတိုင်း ဘဲ ကြိုးစားနေပါတယ်။ ရုပ်ရှင်လောကကတော့ သူ့အခြေနေနဲ့သူပြောင်းလဲနေတာပါဘဲ။ အရင်တုန်းက အစ်မတို့ စတုန်းကဆိုရင် ဗီဒီယိုကားတွေအများကြီးရိုက်ရတယ်။ ခုဆိုရင် ဗီဒီယိုလောကက ပျောက်သလိုလိုဖြစ်သွားတယ်။ ဗီဒီယိုဈေးကွက်က မရှိတော့ဘူး။ အဲ့ဒီလိုအခြေနေမျိုးတွေမှာ အနုပညာရှင်တွေနဲ့ ပရိသတ်တွေက နည်နးည်းလေး အလှမ်းကွားနေသလိုဖြစ်နေတာပေါ့။ ရုပ်ရှင်ကားကြီးတွေအနေနဲ့ ကတော့ အရေအသွေးကောင်းတဲ့ ကားကြီးတွေအများကြီးရိုက်လာကြပါတယ်။ တစ်ကားထက်တစ်ကားလည်း အပြိုင်အဆိုင်ကောင်းလာကြတယ်။” လို့ပြောပြခဲ့ပါတယ်။

သူမကတော့ Show ပွဲတွေလည် မကြာခဏဆိုသလို သီဆိုဖျော်ဖြေနေသူပါ။ ကိုယ်ပိုင်သီချင်းတွေရော လုပ်သွားဖို့ရှိလား လို့မေးမြန်းခဲ့ရာ…

“အစ်မ သီချင်းတွေလုပ်ထားတာရှိပါတယ်။ နောက်ထပ်လုပ်ဖို့လည် စီစဉ်ထားတာရှိပါတယ်။ ကိုယ်တိုင်အားမရသေးတဲ့အတွက် ပရိသတ်တွေကို မပေးဖြစ်သေးပါဘူး။” လို့ပြောပြခဲ့ပါတယ်။

လက်ရှိသူမရဲ့ ဘ၀ရပ်တည်မူမှာ စားပေဖတ်ရူးလေ့လာခြင်းက ခွန်းအားတစ်ခုဖြစ်ကြောင်းကိုလည်း …

“စိတ်ခွန်အားဖြစ်စေတဲ့ အရာကတော့ စာထဲမှာအသိပညာရှာဆိုတဲ့အတိုင်းပေါ့။ အမ တစ်ခုခု စိတ်ညစ်လာပြီစိတ်ရူုပ်စရာတွေရှိလာရင် ဆိုရင် စာဖတ်တယ်။ ဗဟုသုတရစေမယ့်စာတွေ၊ အသိပညာရမယ့် စားတွေ စိတ်ကိုအေးချမ်းစေတဲ့စားတွေကို အမြဲတမ်းရှာဖတ်ပါတယ်။ ” လို့လည်းပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*