Heineken Beer
Heineken Beer

ခရီးသွားရင် ပေါင်းသင်းဆက်ဆံရေးက တအားအရေးကြီးတယ် ဟန်တီ

ခရီးသွားရင် ပေါင်းသင်းဆက်ဆံရေးက တအားအရေးကြီးတယ် ဟန်တီ
December 18, 2018 Asian Fame

တရုတ်နိုင်ငံ sanya မြို့မှာ ကျင်းပတဲ့ ၆၈ကြိမ်မြောက် Miss World 2018 ပြိုင်ပွဲမှာသွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဟန်တီက Beauty with a purpose project Top 25၊ Head to Head Challenge Top 11 winner ရရှိခဲ့ပြီး Top 40 ထဲဝင်ခဲ့သူဖြစ်ပါတယ်။ Miss World ပြိုင်ပွဲကြီးက ဟန်တီကိုယ်တိုင်လဲ တကယ်ကို သွားပြိုင်ချင်တဲ့ ပြိုင်ပွဲကြီးဖြစ်တဲ့အတွက် ဘ၀မှာ ဘယ်လိုမှမေ့လို့မရတဲ့ မှတ်တိုင်တစ်ခုလဲဖြစ်ခဲ့ပါတယ်။ အလှမယ် ဟန်တီက Miss Supranational 2014 ပြိုင်ပွဲကို ပိုလန်နိုင်ငံမှာ အသက် ၁၇နှစ်အရွယ်က သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး Top 10 ၀င်ခဲ့သလို Miss Supranational Asia & Oceania crown၊ Miss Internet ဆုတွေလဲ ရရှိခဲ့သူဖြစ်တာကြောင့် အခု Miss World 2018 ပြိုင်ပွဲမှာ ဆုတွေ ရရှိဖို့အတွက် ပရိသတ်တွေက မျှော်လင့်ထားကြပါတယ်။ ဒါပေမဲ့လဲ Top 40 နဲ့သာ ကျေနပ်ခဲ့ရတဲ့အပေါ်မှာ ဟန်တီက…

“ကံကြောင့်လဲ ပါတယ်။ ဟန်တီ့အတွက် ပြိုင်ပွဲတစ်ခုနဲ့တစ်ခုမတူဘူး။ Supranational ဆိုရင် Miss World ထက်ပြိုင်ပွဲ သေးတယ်။ ပြိုင်တဲ့နိုင်ငံပေါင်းလဲ နည်းတယ်။ Supranational မှာဆိုရင် ဟန်တီတို့ပြိုင်တုန်းက ၇၁ယောက်ရှိတယ်။ ဒီတခေါက် Miss World ပြိုင်တော့ ၁၁၈ယောက်ရှိတယ်။ ပြိုင်တဲ့လူတွေ ကွာခြားမှုရှိတယ်။  Miss World က အဆင့်ဆင့်ရွေးချယ်ပြီးမှ ပြိုင်ရတဲ့ပြိုင်ပွဲဖြစ်တယ်။ ပြိုင်ပွဲနှစ်ခုရဲ့ပုံစံက သိပ်မတူဘူး။ ခက်ခဲမှုလဲမတူဘူး။ Miss World မှာ challenge ပေါင်းများစွာရှိတယ်။ challenge တခုချင်းဆီကို တော်တော်လေးကျော်ဖြတ်ပြီး သူတို့ရဲ့ topic မှာ ပါဖို့ တအားခက်ခဲတယ်။ ဒီပြိုင်ပွဲက အလှအပ တစ်ခုတည်းနဲ့ပြီးတဲ့ပွဲ မဟုတ်ဘူး။ ကိုယ်ဘယ်လောက်လှလှ ဘယ်လောက်မိတ်ကပ်ပြင်ပြင် သူတို့စာရင်းထဲသိပ်မထည့်ဘူး။ အဓိက ကိုယ့်ရဲ့ လုပ်နိုင်ရည်စွမ်း၊ ကိုယ့်ရဲ့သွက်လက်မှု၊ စိတ်အနေအထားကို အဓိကပြတဲ့ပြိုင်ပွဲဖြစ်တဲ့အတွက် သေချာပြင်ဆင်ပြီး ကြိုးစားပြခဲ့ရတယ်။” လို့ပြောပါတယ်။ ဟန်တီက ခရီးသွားရတာကြိုက်သူဖြစ်ပြီး နိုင်ငံတော်တော်များများကိုလည်း အလှမယ်တစ်ဦးအနေနဲ့ရော အလည်အပတ်အနေနဲ့ရော သွားရောက်နေသူဖြစ်ပါတယ်။ ရခဲ့တဲ့ ခရီးသွားအတွေ့အကြုံတွေနဲ့ပတ်သက်ပြီး ဟန်တီက… “အဓိက ကိုယ်ကိုယ်ကိုယ် independent ဖြစ်ရမယ်။ ဟန်တီတို့မြန်မာမိန်းကလေးတွေတော်တော်များများက မိသားစုနဲ့ တအားclose ဖြစ်တယ်။ တခုခုခရီးသွားရင် ကိုယ့်ကိုယ်ကိုယ် မလုပ်တတ်တဲ့အရာတွေရှိတယ်။ ပြီးတော့ လူတစ်ယောက်ကို ကိုယ်ကစပြီးစကားပြောရမှာ ခက်ခဲကြတယ်။ ဟန်တီ့အတွက်ကတော့ ငယ်ငယ်လေးကတည်းက အင်္ဂလိပ်ကျောင်းတက်လာတာဆိုတော့ အဆင်ပြေတယ်။ ခရီးသွားရင် ပေါင်းသင်းဆက်ဆံရေးက တအားအရေးကြီးတယ်။ ခရီးသွားတဲ့အခါ ပိုပြီးတော့လွတ်လွတ်လပ်လပ်ဖြစ်စေချင်တယ်။ ကိုယ်လုပ်လိုက်တာမှန်သမျှ၊ ကိုယ့်ဆုံးဖြတ်ချက်တွေအကုန်လုံးပေါ့။ ဘယ်အရာပဲလုပ်လုပ် ဒီအကျီဝတ်မလား၊ ဒီလိုပုံစံနေမလား။ ဒီလိုစကားပြောတဲ့ပုံစံတွေက ပြင်ဆင်မှုတွေလိုတယ်။ သူများကို ဘယ်တော့မှမမေးပါနဲ့။ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်ချနိုင်ပြီဆိုရင် ခရီးသွားတဲ့သူတွေအကုန်လုံးအတွက် အဆင်ပြေပါတယ်။”လို့ပြောပါတယ်။  ခရီးတွေအများကြီးထပ်သွားချင်သေးတယ်ဆိုတဲ့ဟန်တီက….

“နိုင်ငံပေါင်း ၁၁၈နိုင်ငံနဲ့ အကုန်ခင်ခဲ့တာဆိုတော့ သူတို့နိုင်ငံတွေကိုသွားချင်တယ်။ အခုသွားခဲ့တဲ့ နိုင်ငံတွေထဲမှာ အကြိုက်ဆုံးကတော့ တရုတ်နိုင်ငံ sanya မြို့ပေါ့။  ဘာလို့ကြိုက်တာလဲ ဆိုတော့ ဟန်တီသာ ကိုယ်ဘာသာကိုယ်သွားခွင့်ရမယ်ဆိုရင် သွားဖြစ်မယ့် နိုင်ငံမဟုတ်ဘူးဆိုတာ ကျိန်းသေတယ်။ တခါမှမကြားဖူးဘူး။ ကိုယ်ကိုယ်တိုင်လဲ ခုမှပထမဦးဆုံး ရောက်ဖူးတာ။ သူတို့ရဲ့နိုင်ငံက တရုတ်နိုင်ငံလို့ပြောပေမယ့် သူတို့ခေါ်တာ Asia ရဲ့ Hawaii တဲ့။ တအားသဘောကျတယ်။ အဲဒီလိုနိုင်ငံတွေ ထပ်ပြီးသွားချင်ပါတယ်။” လို့ပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ- အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*