
ပါဝင်ယှဉ်ပြိုင်သူ စုစုပေါင်း ၉၃ ဦး ရှိခဲ့ပြီး ထိုအထဲမှ ပထမဆု ငွေကျပ် ၁ဝ သိန်း၊ ဒုတိယဆုငွေကျပ် ၅ သိန်း၊ တတိယဆုငွေကျပ် ၃ သိန်းအသီးသီးကို ရွေးချယ်ခဲ့ပါတယ်။ ပထမဆုကို ကိုကျော်မြင့်ထွန်း၊ ဒုတိယဆုကို မထားထားဝေ၊ တတိယဆုကို Saung Aisha တို့မှ ဆွတ်ခူးရရှိခဲ့ပါတယ်။ ဆုရရှိသည့်ထဲမှ အကောင်းဆုံးဖြစ်တဲ့ ကိုကျော်မြင့်ထွန်းရဲ့ Storyboard ကို ဇန်နဝါရီလ ၁၁ ရက်နေ့ သောကြာနေ့တွင် မဟာဗန္ဓုလ ပန်းခြံရှေ့ရှိ ကားရပ်နားစခန်းတွင် Talent Competition (သရုပ်ဆောင်ပြိုင်ပွဲ) ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပါတယ်။
သရုပ်ဆောင် ဝါသနာပါသူ မည်သူမဆို ပါဝင်ယှဉ် ပြိုင်နိုင်မှာဖြစ်ပြီး Woods’ မှလည်း ထိုက်ထိုက်တန်တန် ဆုချီးမြှင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ပါဝင်ယှဉ် ပြိုင်လိုသူများအနေဖြင့် အသေးစိတ် အချက်အလက်များကို Woods’ Facebook တွင် ဝင်ရောက်ကြည့်ရှု မေးမြန်းနိုင်မည်ဖြစ်ပြီး ကမ္ဘာကျော် ချောင်းဆိုးပျောက်ဆေး Woods’ မှ Woods’ Facebook တွင် Love & Care Storyboard ပြိုင်ပွဲ၏ Winner ဆုရှင်များနှင့် ဇန်နဝါရီလ ၁၁ ရက်နေ့၊ သောကြာနေ့တွင် မဟာဗန္ဓုလမ်း ပန်းခြံတွင် ညနေ ၅ နာရီမှစတင်၍ ကျင်းပပြုလုပ်မည့် သရုပ်ဆောင်ပြိုင်ပွဲအား မီဒီယာများမှတဆင့် အသိပေးအပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။