အိမ်လေးတစ်စင်းပြေးနေတယ်…

အိမ်လေးတစ်စင်းပြေးနေတယ်…
December 12, 2018 Popular

ဒီနေ့ကစပြီး နောက်လပိုင်းအနည်းငယ်ဆိုရင် ကျွန်တော့်အသက် ၇၅ နှစ်ပြည့်တော့မယ်။ လူ့သက်တမ်း မှာ အနှစ် ၇ဝ ကျော်ရင် သက်တမ်း ရင့်ပြီး အသက်ရှည်တယ်လို့ ပြောကြ မြဲ။

ကျွန်တော်က မွေးနေ့တစ်ခု ရောက်တိုင်း အခြားသူတွေက ကောင်းမှုကုသိုလ်တွေ လုပ်ကြသလို ကျွန်တော် ကောင်းမှုကုသိုလ်မလုပ် ဖြစ်၊ မလုပ်နိုင်ခဲ့ပေမယ့် အများအား ဖြင့်တော့ ကျွန်တော်ဟာ အခုဆို မွေးနေ့မှာ ‘အကုသိုလ်’အလုပ် မလုပ်ဖြစ်အောင် အမြဲထိန်းသိမ်းခဲ့ ပါတယ်။ ဒီတစ်နေ့အဖို့ အကုသိုလ် အလုပ် ကြိုးစားရှောင်တာဟာ ကျွန် တော်ကောင်းမှုအလုပ်ပါပဲ။ အဲဒီအ တွေးမျိုး တွေးမိတဲ့အချိန်ကစပြီး မွေးနေ့ရောက်တိုင်း အကုသိုလ် ရှောင်တဲ့အလုပ်ကိုသာ ကျွန်တော် ရွေးချယ်ပါတယ်။

ကျွန်တော်နားလည်ခံစားထား သလို ပြောပါမည်။ ကျွန်တော့်ရဲ့ အကုသိုလ်ရှောင်တဲ့နည်းကတော့ အခြားမဟုတ်။ စိတ်ကိုဖြူအောင် လျှော်ဖွတ်တဲ့ နည်းပါပဲ။ ကျွန်တော့် မွေးနေ့တိုင်း မွေးနေ့တိုင်းမှာ စိတ်ကို လျှော်ဖွတ်ပါတယ်။ အထူးသဖြင့် သက်ကြီးပိုင်းရောက်တဲ့အခါတိုင်း ဥပမာ အသက် ၆ဝ၊ ၆၅၊ ၇ဝ နှစ် စသဖြင့် နှစ်စဉ်နီးပါး လျှော်ဖွတ်ခဲ့ တာချည်းဖြစ်ပါတယ်။

ကျွန်တော်တွေးတာက ကလေး ဘဝက ဖြူစင်တယ်။ အဲဒါထက်ပိုပြီး အဖော်မဲ့ကလေးငယ်တစ်ယောက် ကစားနေတာက ပိုပြီး အဖြူစင်ဆုံးလို့ ကျွန်တော်နားလည်ထားတယ်။ ဒီလို တွေးမိတာကလည်း ကျွန်တော်ကိုယ် တိုင် ကလေးသူငယ်ဘဝက အဖော်မဲ့ လွန်းတာကြောင့် ဒီလိုတွေးမိခြင်း ဖြစ်ပါတယ်။

မှန်ပါတယ်။ ကျွန်တော်ဖြတ် သန်းခဲ့တဲ့ မွေးနေ့တွေမှာ မွေးနေ့ ရောက်တိုင်း ကျွန်တော် ကလေးဘဝ က ကစားခဲ့ပုံတွေ ပြန်ပြန်စဉ်းစား လာခဲ့တာ အခု အသက် ၇၅ နှစ် ပြည့်ဆိုတော့ ကျွန်တော်ငယ်ငယ်က ကစားခဲ့တာတွေလည်း အတော်များ ရှာပြီပေါ့။ ကျွန်တော်ငယ်ငယ်က ကျွန်တော့်အဖေ ဖန်ကြယ်သီး လုပ် ငန်းလုပ်တယ်။ ဖန်ကြယ်သီးလုပ်ငန်း ဆိုတာ ခုခေတ်မှာ မရှိတော့ပါဘူး။ မိန်းမအင်္ကျီတွေမှာ အလှဆင်တဲ့ ကြယ်သီးပါ။ အဲဒီတုန်းက နှိပ်သီးဆို တာ မပေါ်သေးဘူးထင်ပါတယ်။ ဖန်ကိုအရည်ကျိုပြီး ပုံလောင်းပါ တယ်။ ဖန်ကြယ်သီးမှာ ကြေးကွင်း လေးတွေ တပ်ပေးရပါတယ်။ မိန်း မအင်္ကျီတစ်ထည်ဆိုရင် ကြယ်သီး ၄၊ ၅၊ ၆ လုံးတပ်ရတယ်။

ပြီးတော့ ဖန်ကြယ်သီးတွေကို ဘုရားကြီးမြောက်စောင်းတန်းက အလှကုန်ရောင်းတဲ့ဆိုင်တွေမှာ တင် တယ်။ ဖန်ကြယ်သီးလေးတွေက မှန် ဘီဒိုထဲမှာ မီးရောင်တဖျပ်ဖျပ်ဆို အလွန်တောက်ပကြတယ်။ အိမ်မှာက ဖားဖိုလည်းရှိတယ်။ ကုန် ကြမ်းတွေဖြစ်တဲ့ ဖန်တိုဖန်စတွေ လည်း အလွန်ပေါတယ်။ အဲ ဖန် ကြယ်သီးတွေ ခေတ်မရှိတော့တဲ့အ ချိန်ကျတော့ အဖေ့လုပ်ငန်းသုံး ပစ္စည်းတွေက ကျွန်တော့်အတွက် ကစားစရာတွေ ဖြစ်ကုန်တော့တာ ပေါ့။ ဖန်စရောင်စုံကလေးတွေ ကျွန် တော့်ရဲ့ ငှက်ရောင်စုံတွေ ဖြစ်ကုန် ရော။ ပြီးတော့ ကျွန်တော့်အိမ်ခြံ ဝင်းအတွင်းမှာ အဖေစိုက်တဲ့ သစ် ပင်ပန်းပင်ဟူသမျှလည်း ကျွန်တော့် ကစားစရာ ဖြစ်ခဲ့တာပဲ။ ပြောခဲ့တဲ့ အတိုင်း မွေးနေ့တိုင်း မွေးနေ့တိုင်း ကစားခဲ့တာဆိုတော့ အသက် ၇၅ နှစ်မှာ ဘာကစားရမှန်းမသိ ခက်နေ တယ်။ စဉ်းစားပြီး ကစားခဲ့တာတွေ လည်း စုံလှပြီ။
ဒီလိုနဲ့ ကလေးဘဝက ကစားခဲ့ တာတွေ တွေးလို့မရဘူး ဖြစ်နေချိန် မှာပဲ ကံကောင်းချင်တော့ ဦးမောင် ကြီးမြင်းလှည်းကို ကျွန်တော်သတိရမိ တယ်။

ဦးမောင်ကြီးမြင်းလှည်းဆိုတာ ကျွန်တော့်အဖေ အငှားမောင်းတဲ့ မြင်းလှည်းပါ။ ဦးမောင်ကြီးဆိုတာ မြင်းလှည်းပန်းပဲဆရာကြီးပါ။ သူက မြင်းလှည်းတွေကိုယ်တိုင်လုပ်ပြီး လှည်းမြင်းငှားစားပါတယ်။ မြင်းက တော့ကိုယ်မြင်းကိုယ်ပေါ့။ အဖေက မြင်းနှစ်ကောင်ရှိတယ်။ မြင်းလှည်း မရှိဘူး။ ညနေမြင်းလှည်းသိမ်းချိန်၊ လှည်းကို ပန်းပဲဖိုမှာထားခဲ့ပြီး မြင်း ချည်းဆွဲ ပြန်လာရတယ်။ မြင်းလှည်း အိမ်မပေးဘူး။ ဒါပေမဲ့ ရှေးလူတွေက ကတိသစ္စာ ရှိကြတယ်။ ကျွန်တော့် အဖေဆို ဦးမောင်ကြီးလှည်း သုံးလ လောက်မောင်းအပြီး ဦးမောင်ကြီးက အဖေ့ကို မြင်းလှည်းအပိုင်ပေးလိုက် တယ်။ တစ်ခါတည်း ၄၊ ၅ လငှားပြီး ရင် ငှားသူကို ပေးလိုက်တာမျိုးပါပဲ။ သဘောကတော့ သူ့ဘာသာ ‘မြင်း လှည်းလုပ်ရောင်း’ တဲ့သဘောမျိုး လုပ်ပါတယ်။ ကုသိုလ်ကြီးမားတဲ့ သမ္မာအာဇီဝပေါ့။

ခါတိုင်း မြင်းဆွဲပြန်လာတဲ့အဖေ မြင်းရထားနဲ့အတူ အိမ်ပြန်လာတော့ ကျွန်တော်အရမ်းပျော်သွားတယ်။ မိသားစုတစ်စုလုံးကို ပျော်ရွှင်သွား ကြတာ။ အဖေနဲ့အမေက ဦးမောင် ကြီး ကျန်းမာသက်ရှည်ဖို့ ဆုတောင်း ရင်း ပျော်ကြတယ်။

ကျွန်တော်က ‘ကစားစရာမြင်း လှည်းလေး’ရတယ်။

ကိုငြိမ်း (မန္တလေး)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*