Heineken Beer
Heineken Beer

ရန်ကုန်မှာ စီစဉ်တဲ့ပွဲတွေမှာ လုံခြုံရေးပိုင်းကို CCTV တွေနဲ့စောင့်ကြည့်တာမျိုးတွေ ဖြစ်လာပါတယ်ပွဲစီစဉ်သူကိုဇေယျာ

ရန်ကုန်မှာ စီစဉ်တဲ့ပွဲတွေမှာ လုံခြုံရေးပိုင်းကို CCTV တွေနဲ့စောင့်ကြည့်တာမျိုးတွေ ဖြစ်လာပါတယ်ပွဲစီစဉ်သူကိုဇေယျာ
December 11, 2018 Asian Fame

မြန်မာတစ်နိုင်ငံလုံးမှာ ဇာတ်ပွဲ၊ ဘုရားပွဲတွေကိုစီစဉ်နေတဲ့ ဇာတ်ပွဲ စီစဉ်သူတွေအနေနဲ့ ပွဲတစ်ပွဲအဆင် ပြေချောမွေ့စွာ ပြီးဆုံးနိုင်ရေးအ တွက်ကို အမြဲလုပ်ဆောင်ရပါတယ်။ အခန့်မသင့်ဘဲ နယ်ခံပရိသတ်တွေနဲ့ ကတောက် ကဆတ်ဖြစ်ပွားခဲ့သည်ရှိသော် အရင်ဆုံးဖြေရှင်းရတာကတော့ ပွဲစီစဉ်သူတွေ ပါပဲ။ ဒါကြောင့်လည်း သူတို့တွေအနေနဲ့ ပွဲတစ်ပွဲ စီစဉ်တဲ့အခါမှာလည်း လုံခြုံရေး ပိုင်းကို အဓိကထားပြီး စီစဉ်လေ့ရှိကြပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ ကိုဇေယျာက –

”ရန်ကုန်မှာကျတော့ ရန်ကုန်မှာရှိတဲ့လူတွေလောက်ပဲ လာကြည့်ကြတာ များတယ်။ နယ်မှာကျတော့ နယ်အစုံကနေ လာကြည့်ကြတာများတယ်။ အဲဒီ တော့ လုံခြုံရေးနဲ့ ပရိသတ်နဲ့က မမျှဘူးဖြစ်နေတယ်။ ဥပမာ ရွှေဘိုပွဲတို့ တောင်ပြုးံပွဲတို့ဆိုရင် ပရိသတ်က သိန်းချီပြီးရှိတယ်။ နယ်မှာ လုံခြုံရေးအင်အား က နည်းနေတဲ့အခါကျတော့ ဘယ်လိုမှ အဆင်မပြေဘူးဖြစ်နေတယ်။ ရန်ကုန် မှာကျတော့ အဓိကရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက ကြီးကြပ်ပြီး သူတို့ သေချာ ဦးဆောင်ပြီး ပွဲပြီးတဲ့အထိ စောင့်ပေးတယ်။ အခုဆိုရင်ရန်ကုန်ပွဲတွေမှာဆိုရင် ပွဲခွင်ထဲမှာကို ခခအလ တွေတပ်ပြီးတော့ ဆောင်ရွက်တဲ့အဆင့်တွေထိ ဖြစ်လာပါ ပြီ” လို့ ပြောပြပါတယ်။

ပွဲမှာပြဿနာတစ်ခုခုဖြစ်လာတဲ့အခါ အရင်ဆုံးဖြေရှင်းရတာကတော့ ပွဲစီစဉ်သူတွေပဲဖြစ်တာကြောင့် တာဝန်ယူဖြေရှင်းပေးရပါတယ်လို့ သူကဆက် ပြောပြပါတယ်။

”ကျွန်တော်တို့က တာဝန်ခံထားရတာလေ။ ကျွန်တော်က တာဝန်ခံတဲ့ပွဲဆို ရင် ကျွန်တော့်နာမည်နဲ့ ပွဲမိန့်တပ်ရတာလေ။ ပွဲမိန့်ကျရင်လည်း ကျွန်တော့် နာမည်နဲ့ ပွဲမိန့်ကျလာတာ။ ပွဲမိန့်ချပေးရင် စည်းကမ်းချက်တွေအများကြီး ပါတယ်။ အရက် သေစာမရောင်းရတာတို့၊ လောင်းကစားမလုပ်ရတာတို့ ပရိသတ်တွေနဲ့ ပြဿနာတက်ရင် ဌာနဆိုင်ရာကို အချိန်မီ အကြောင်းအကြား ရမှာတို့ အဲဒါမျိုးတွေ အများကြီးရှိတယ်။ အဲဒါတွေကို ကျွန်တော်တို့ကန်ထရိုက် တွေက အစအဆုံးတာဝန်ယူ ပေးရတာပေါ့။ ဇာတ်ပွဲဆိုရင်လည်း မိုးမလင်း မချင်းကို ကျွန်တော်တို့မှာ တာဝန်ရှိနေပါတယ်” လို့ ပွဲနဲ့ပတ်သက်လို့ ပွဲစီစဉ် သူတစ်ယောက်အနေနဲ့ တာဝန်ယူရမှုအပိုင်းနဲ့ ပတ်သက်လို့ ကိုဇေယျာကရှင်းပြ ပါတယ်။ ပွဲတစ်ပွဲစီစဉ်ပြီဆိုတာနဲ့ လုံခြုံပိုင်းဆိုင်ရာ အဓိကထားစီစဉ်ရပြီး သက် ဆိုင်ရာဌာနတွေကိုလည်း အဆင့်ဆင့်သွားရကြောင်း သူဆက်ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*